Htoo Thu Aung - Bagan

Htoo Thu Aung - Bagan Ancient City Bagan, Myanmar.

ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံဆောင်းပါးလေး First Comment မှာပါ ⬇️ကြိုက်နှစ်သက်တယ်ဆိုရင် Comment က ပုံလေးကို နှိပ်ပြီ...
06/01/2024

ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံဆောင်းပါးလေး
First Comment မှာပါ ⬇️
ကြိုက်နှစ်သက်တယ်ဆိုရင်

Comment က ပုံလေးကို နှိပ်ပြီး Like please......

ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံဆောင်းပါးလေးပါ Final list ထဲပါပါတယ်ဖတ်ရူပြီး ကြိုက်နှစ်သက်တယ်ဆိုရင်ပုံလေးနှိပ်ပြီး Lik...
05/01/2024

ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံဆောင်းပါးလေးပါ
Final list ထဲပါပါတယ်
ဖတ်ရူပြီး ကြိုက်နှစ်သက်တယ်ဆိုရင်
ပုံလေးနှိပ်ပြီး Like ပေးလို့ရပါတယ် ခင်ဗျာ

“Mixagripနဲ့အတူမေ့မရနိုင်တဲ့အမှတ်တရတွေဆီသို့”

တကယ်တော့ ဒီအကြောင်းကို မရေးဖြစ်တော့ဘူးလို့ပဲ သဘောရခဲ့တယ်၊ ကျွန်တော့်ဘဝရဲ့ အစားထိုးမရတဲ့ ကျွန်တော်ချစ်ရသော ညီငယ်ကြောင့်ပါ၊ ဒီစာရေးနေချိန်မှာ ညီငယ့်ဘဝက အေးချမ်းသွားပါပြီ။

ကျွန်တော်က မြင့်မိုရ်ရေ အပြင်သွားရအောင်လို့ ပြောလိုက်ရင် အဖော်အဖြစ် တက်ညီလက်ညီ အမြဲအဆင်သင့်ဖြစ်နေတဲ့ ညီငယ်ရယ်ပါ။ ကျွန်တော်က ဝါသနာအရ ရူခင်း (Landscape photography) ဓာတ်ပုံရိုက်ပါတယ်၊ ကျွန်တော် ဓာတ်ပုံထွက်ရိုက်တိုင်း အမြဲပါတဲ့ ညီငယ်ပါ။ သူရဲ့ဝါသနာကိုက ဒီဇိုင်နာ၊ ပန်းချီဆွဲ၊ သီချင်းဆိုတာ၊ သရုပ်ဆောင်တာစတဲ့ အနုပညာပိုးပါသူလေး၊ ဒီတော့ ဓာတ်ပိုးပါသူကျွန်တော်နဲ့ မော်ဒယ်ညီငယ်နဲ့ အံကိုက်- ကျွန်တော်က ချယ်ရီပွင့်ချိန် မြင့်မိုရ်ရေ ဒီနေ့ ချယ်ရီသွားရိုက်ရအောင်ပြောလိုက်တာနဲ့ သူ့ဖာသာသူ လိုက်ဖက်မယ့်ပုံစံ ဝတ်ပြီးသား၊ မြင့်မိုရ်ရေ ရေတံခွန် သွားကြည့်ရအောင်ဆိုလိုက်တာနဲ့ အဆင်သင့်၊ ပန်းခင်းတွေဆီသွားရအောင်ဟေ့ဆိုလည်း လိုတယ်မရှိ။
တစ်ခါတော့ ကျွန်တော်တို့ တောင်ပေါ်မြို့လေး မေမြို့မှာ မိုးတွင်းမိုးရွာပြီးစ ပိတ်ချင်းမြောင်ဖက်က မီးစက်ကြီးရေတံခွန်ကိုသွား ဓာတ်ပုံရိုက်မယ်ပေါ့၊ ရေတံခွန်အသွား အဆင်းလမ်းက မိနစ် (၃၀) လောက် လမ်းလျှောက်ဆင်းရ၊ အပြန်ဆိုရင် (၄၅) မိနစ်လောက် ပြန်တက်ရတာ။ ရေတံခွန်က မိုးရွာထားတော့ ရေကများ ရေတံခွန်ကကျတဲ့ ရေအရှိန်ကပြင်းတော့ ရေအမှုန်နဲ့ ရေတံခွန်နားကပ်မရ၊ ဒါပေမယ့် ကျွန်တော် ရောက်လက်စနဲ့ လက်မလျော့ချင်၊ ရသလောက် ရေတံခွန်နားကပ်ပြီး ဓာတ်ပုံရိုက်ဖို့ကြိုးစား၊ ရေကိုဖြတ်ကူးတော့ ရေကခါးအထိရောက် ကျောပိုးထားတဲ့ ကင်မရာအိတ်ကရေစိုလို့မရတော့ ပုခုံးပေါ်တင်၊ ကျန်လက်တစ်ဖက်က ကင်မရာဒေါက် (Tripod) ကိုမထားရင်း ကျောက်တုံးပေါ်ရအောင်တက် ကျောက်တုံးပေါ်ရောက်ချိန်မှာတော့ ကျွန်တော့်ဆီ ကူးလာဖို့ မြင့်မိုရ်က ပြင်ဆင်နေပြီ - ကျွန်တော်က ခဏ ခဏနေဦး မြင့်မိုရ်ရေ မလာနဲ့ဦး အန္တရာယ်များတယ် ပြောနေတုန်း၊ ကျွန်တော်တို့နဲ့ အတူတူပါလာတဲ့ အိမ်က အာဝုလေး (ခွေးလေး) က ရေထဲကူးပါလေရော၊ ရေစီးက သန်နေတော့ အာဝုလေးရေစီးနဲ့မျော ကျွန်တော်က ရေလယ်ကျောက်တုံးပေါ်ရောက်နေတော့ သူတို့နဲ့ နည်းနည်းလှမ်းနေပြီ၊ ဒီတော့ မြင့်မိုရ်က အာဝုလေးကို အတင်းလိုက်ဆယ်ချိန်၊ကျွန်တော်က ကျောက်တုံးပေါ်ကနေ ကမ်းဖက်ကိုပြန်ကူး ပြန်ကူးတဲ့အချိန် သဲကဆွဲတော့ ဖိနပ်ကကျွတ်ပြီး ရေထဲမျောသွားပါလေရော၊ ဒါပေမယ့် ရေစီးနဲ့အန္တရာယ်များတော့ ဖိနပ်ကို လိုက်မဆယ်တော့ပဲ ကမ်းရောက်အောင်ပဲကူးခဲ့ရ။ ကံကောင်းတာက အာဝုလေးကို မြင့်မိုရ်က ဆယ်လို့ရသွားတာပါ။ အပြန်မှာတော့ သုံးဦးသား ရေရွှဲစိုလို့ရယ် ကျွန်တော်က ခြေဗလာနဲ့ ရေတံခွန်အတက် ကျောက်ကြမ်းလမ်းကိုအံတုရင်း အိမ်ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သုံးပွင့်ဆိုင် စွန့်စွန့်စားစား လှုပ်လှုပ်ရှားရှား ဖြစ်သွားရတဲ့ မီးစက်ကြီး ရေတံခွန်ခရီးကတော့ အမြဲအမှတ်ရနေမယ့် တကယ့်ဖြစ်ရပ်လေးပါ။
နောက် သုံးလအကြာမှာတော့ ကိုဗစ်ဆိုတဲ့ ရောဂါဆိုးကြမ္မာရဲ့ ရိုက်ခဲ့မှုကြောင့် ညီငယ် မြင့်မိုရ်ဟာ လူ့လောကကို အပြီးနုတ်ဆက် ထွက်ခွာသွားပါတယ်။

ကြုံဆုံခဲ့ရာ ဒီဘဝမှာ
မမေ့နိုင်စရာ ဖြစ်ရပ်ပါ
တားခွင့်မပိုင် ပြောခွင့်မရ
ရက်စက်ခွဲခွာ နုတ်မဆက်ပဲ
စောလျှင်စွာပင် ထွက်ခွာသွားခဲ့
ကျန်ခဲ့သူက ပိုနာကျင်ဟု
ပြောမထွက်ပါ -
သွားလေသူက
တရားအရိပ်
ခိုလှုံရောက်လို့
ငြိမ်းချမ်းပါစေ
ညီငယ်ရေ ....

ကျွန်တော်ကတော့ အမှတ်တရဖြစ်ရပ်ရှိခဲ့တဲ့ မီးစက်ကြီးရေတံခွန်ကို နောက်ထပ်သွားဖို့ အခွင့်ရှိခဲ့ပေမယ့် အခုထိ ..... မရောက်တော့ပါဘူး၊ တိုက်ဆိုင်လာရင် သတိရတယ်ဆိုတာထက်ပိုတဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်များစွာဖြင့် ....
အေးချမ်းပါစေ ညီငယ် မြင့်မိုရ်ရေ ......

ထူးသူအောင်

ဲ့အတူမေ့မရနိုင်တဲ့အမှတ်တရတွေဆီသို့


https://www.facebook.com/permalink.php?story_fbid=3218243421817902&id=100008968276595

မက်မန်းသီးလို့ ဆိုလိုက်တာနဲ့လူတိုင်းသိကြပေမယ့်မက်မန်းပွင့် မက်မန်းပင်ကို သေချာမမြင်ဖူးကြတာများပါတယ်အခုချိန် တောင်ပေါ်မြိ...
12/02/2023

မက်မန်းသီးလို့ ဆိုလိုက်တာနဲ့လူတိုင်းသိကြပေမယ့်
မက်မန်းပွင့်
မက်မန်းပင်ကို သေချာမမြင်ဖူးကြတာများပါတယ်
အခုချိန် တောင်ပေါ်မြို့လေး
မေမြို့မှာ ဖူးပွင့်နေတဲ့
မက်မန်းပွင့်လေးတွေပါ

(ချယ်ရီဖြူဆိုပြီးလည်း မငြင်းပါနဲ့ဦး မက်မန်းပွင့်ပါ)

မေမြို့က ကျွန်းတိုင်ရွာကလေးက မက်မန်းပွင့်ချိန် အရမ်းလှပါတယ် မက်မန်းသီး အများဆုံးထွက်တဲ့ရွာအဖြစ်လည်း နာမည်ကြီးပါတယ်။
တောင်စောင်းတွေ တောင်ခြေတွေမှာ ဖွေးဖွေးလှုပ် လှနေတဲ့ မက်မန်းပင်တွေပါ။
2023@HTA

#မက်မန်းပွင့်
#မက်မန်းပင်
#မေမြို့
#ပြင်ဦးလွင်

မေမြို့ရောက်ရင် မြင်ရမယ့်ပန်းလေးတွေဒီဇင်ဘာလမှာ အရမ်းလှနေတာပါ**** အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ****
31/12/2022

မေမြို့ရောက်ရင်
မြင်ရမယ့်ပန်းလေးတွေ
ဒီဇင်ဘာလမှာ
အရမ်းလှနေတာပါ

**** အားလုံးပဲ
မင်္ဂလာနှစ်သစ်ပါ ****

ပုဂံရောက်ရင် အမှတ်တရဓာတ်ပုံရိုက်ပါအခုချိန်တော့ စက္ကူပန်းလေးတွေပွင့်နေလို့စက္ကူပန်းလေးတွေရယ် ပုဂံဘုရားရယ် ပုံလေးတွေ တင်ပေ...
13/08/2022

ပုဂံရောက်ရင် အမှတ်တရ
ဓာတ်ပုံရိုက်ပါ

အခုချိန်တော့
စက္ကူပန်းလေးတွေပွင့်နေလို့
စက္ကူပန်းလေးတွေရယ် ပုဂံဘုရားရယ်
ပုံလေးတွေ တင်ပေးလိုက်ပါတယ်

(*** ရိုက်ဖူးသူတွေရှိရင်လည်း
မန့်ပေးခဲ့ပါဦး)

ထူးသူအောင်(ပုဂံ)
HTA@2022

အခုချိန် အသွားချင်ဆုံးနေရာဆိုရင် ......*** ပုဂံဘုရား ဖူးကြမယ် ***တောင်တန်းတွေမြေနီလမ်းနဲ့စိန်ပန်းပွင့်ဝေအညာမြေဝယ်ပုဂံဘုရ...
03/06/2022

အခုချိန်
အသွားချင်ဆုံးနေရာဆိုရင် ......

*** ပုဂံဘုရား ဖူးကြမယ် ***

တောင်တန်းတွေ
မြေနီလမ်းနဲ့
စိန်ပန်းပွင့်ဝေ
အညာမြေဝယ်
ပုဂံဘုရား ဖူးကြမယ် ......

"ထူးသူအောင်(ပုဂံ)"

ဒီအချိန်ဆိုအေးချမ်းတဲ့မြို့လေးမှာနှင်းတွေဝေမြူတွေဆိုင်းလို့ပေါ့တောင်ပေါ်မြို့လေးမှာ ဒီအချိန်ဆို ...လှချင်တိုင်းလှနေတာကချ...
19/01/2022

ဒီအချိန်ဆို

အေးချမ်းတဲ့မြို့လေးမှာ
နှင်းတွေဝေ
မြူတွေဆိုင်းလို့ပေါ့

တောင်ပေါ်မြို့လေးမှာ
ဒီအချိန်ဆို ...
လှချင်တိုင်းလှနေတာက
ချယ်ရီပန်းတွေပါ

အိမ်နဲ့ဝေးလို့
လွမ်းနေသူတွေကို
မေမြို့ချယ်ရီတွေက
ကြိုနေလေရဲ့

Htoo Thu Aung@2022

နှင်းတွေဝေနေတဲ့ .... ချစ်စရာ တောင်ပေါ်မြို့လေး ....မေမြို့(Nov, 2021) #အေးချမ်းပြီးSafeဖြစ်တဲ့တစ်နေ့
17/11/2021

နှင်းတွေဝေနေတဲ့ ....
ချစ်စရာ တောင်ပေါ်မြို့လေး ....
မေမြို့
(Nov, 2021)

#အေးချမ်းပြီးSafeဖြစ်တဲ့တစ်နေ့

မေမြို့ချယ်ရီပွင့်ချိန်ဆောင်း​ရောက်ရင်ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးဆိုတဲ့ချယ်ရီပွင့်တဲ့မြို့ဆောင်းဖန်ဆင်းတဲ့ချယ်ရီပွင့်...
18/09/2021

မေမြို့ချယ်ရီပွင့်ချိန်

ဆောင်း​ရောက်ရင်
ချယ်ရီတွေရယ်
ဧည့်ဝတ်မပျက်ပါဘူးဆိုတဲ့
ချယ်ရီပွင့်တဲ့မြို့

ဆောင်းဖန်ဆင်းတဲ့
ချယ်ရီပွင့်ချိန်
ဆောင်းနှင်းဝေချိန်
မေမြို့မှာရှိမှဖြစ်မယ်

ဒီတော့
ချယ်ရီပင်အောက်
ထပ်တစ်ခေါက်ရောက်ဖို့
မေမြို့သွားစို့

ထူးသူအောင်

Photo:Htoo Thu Aung

ဆောင်းရယ် နှင်းရယ် ပုဂံရယ်*** ဆောင်းကိုကြိုရင်း ပုဂံသွားမယ်ဆောင်းရာသီ နှင်းတွေဝေတဲ့အချိန် ပုဂံကိုရောက်ဖူးရင်ဆောင်းရယ် နှ...
14/09/2021

ဆောင်းရယ် နှင်းရယ် ပုဂံရယ်
*** ဆောင်းကိုကြိုရင်း ပုဂံသွားမယ်

ဆောင်းရာသီ
နှင်းတွေဝေတဲ့အချိန်
ပုဂံကိုရောက်ဖူးရင်
ဆောင်းရယ် နှင်းရယ် ပုဂံရယ်လို့
အမှတ်တရဖြစ်နေမှာပါ

အမြင့်တက်လို့ရတဲ့ ဘုရားတွေမှာ ဘုရားဖူးဧည့်သည်တွေဆိုတာမနက်စောစောနဲ့ ညနေတွေမှာ အလုအယက် နေရာယူခဲ့ရတဲ့ အချိန်တွေ၊
မနက်စောစော ကောက်ညှင်းပေါင်းရယ် ငါးကြော် ပုဇွန်ကြော်၊ ထမင်းဆီဆမ်းဆိုင်မှာ တိုးဝှေ့လို့ လဘက်ရည် ကော်ဖီနဲ့ ဖြတ်သန်းမယ့် မနက်တွေ၊
သူငယ်ချင်းတွေနဲ့ E-Bike တွေစီးပြီး လျှောက်လည် ဘုရားစုံဖူး၊
လောကနန္ဒာရောက်ရင် ငါးစာကြွေးရင်း နွားနို့ပူပူလေးသောက်လို့ ဧရာဝတီကိုမျှော်၊
အာနန္ဒာ၊ စူဠာမဏိ၊ ထီးလိုမင်းလိုဘုရားတို့ရောက်ရင် လှိုင်အတွင်းပတ်လမ်းပတ်ရင်း အံ့ဩမှင်သက်မိမှာအမှန်၊
အမြင့်မှာ သဗ္ဗေညု၊ ထုမှာ ဓမ္မရံဆိုတော့ ပြေးဖူးရသေး။ အံ့ဖွယ်အစုံစုံ ရွှေစည်းခုံဘုရားလည်း မကျန်။
ညနေမှာ အကြော်စုံစားပြီး အချိန်ရရင် မင်းနန်သူဖက် သွားစေချင်ပါတယ် အပြန်ဆို ဓမ္မရာဇကဘုရား ဖူးလို့ရမယ်လေ။
တစ်ရက်တည်းနဲ့တော့ ပုဂံကိုမလာစေချင်ဘူး ဘုရားစုံဖူးပြီး ပုပ္ပါးကိုလည်း လည်စေချင်လို့ပါ။

(***စာရှည်သွားလို့ပါ မြင်းကပါ၊ မနုဟာဘုရား၊ ပြသာဒ်ကြီးဘုရား၊ ဆင်ဖြူရှင်ကျောင်းတိုက်ကြီးတို့၊ ဧရာဝတီကမ်းနားက ကျောက်မျက်မှော်၊ စိုးမင်းကြီးကျောင်း၊ ညောင်ဦးဖက်ဆို ကုန်းတော်ကြီး၊ ငှက်ပစ်တောင်၊ သမီးဝှက်ဥမင်၊ ကျန်ခဲ့တာတွေအများကြီးပါ)

ထူးသူအောင်(ပုဂံ)

သားကြီးတို့ရေမြို့ပြနဲ့ဝေးရာကိုသွားမယ်Ambulance ဥဩသံတွေ တိတ်တဲ့တစ်နေ့O2 ဘယ်မှာရနိုင်မလဲ အပူတပြင်းရှာဖွေနေရတဲ့ကာလရပ်သွားတ...
13/08/2021

သားကြီးတို့ရေ
မြို့ပြနဲ့ဝေးရာကိုသွားမယ်

Ambulance ဥဩသံတွေ တိတ်တဲ့တစ်နေ့
O2 ဘယ်မှာရနိုင်မလဲ အပူတပြင်းရှာဖွေနေရတဲ့ကာလရပ်သွားတဲ့တစ်နေ့
ဆေးဆိုင်မှာတန်းစီဝယ်နေရတဲ့ဒုက္ခက ကင်းမယ့်တစ်နေ့
လိုင်းပေါ်မှာ Sad Reaction တွေ မပေးရမယ့်နေ့

အေးချမ်းသွားတဲ့တစ်နေ့
ကျန်းမာရေးကောင်းတဲ့တစ်နေ့
ငဗစ်လစ်တဲ့တစ်နေ့

ဘော်ဘော်တွေ လူစုံရင်
သားကြီးတို့ရေ
*** မေမြို့တက်မယ်
Photo:HTA
🥰🥰🥰

ပုဂံသွားမယ်အေးချမ်းတဲ့တစ်နေ့ ပုဂံသွားမယ် ....ဘယ်သူနဲ့သွားကြမလဲ ???*မိသားစုနဲ့သွားမယ်*သူငယ်ချင်းတွေနဲ့သွားမယ်*ချစ်သူနဲ့သွ...
06/08/2021

ပုဂံသွားမယ်

အေးချမ်းတဲ့တစ်နေ့
ပုဂံသွားမယ် ....
ဘယ်သူနဲ့သွားကြမလဲ ???
*မိသားစုနဲ့သွားမယ်
*သူငယ်ချင်းတွေနဲ့သွားမယ်
*ချစ်သူနဲ့သွားမယ်

မဟုတ်ဘူး တစ်ယောက်တည်းသွားမယ် 😂😂😂
(ပုဂံကို သတိရနေသူများအတွက်ပါ)
ထူးသူအောင်(ပုဂံ)
Photo=HTA

Address

Nandar Road, Pyin Oo Lwin
Maymyo
100201

Website

Alerts

Be the first to know and let us send you an email when Htoo Thu Aung - Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Thu Aung - Bagan:

Share

Category