𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘

  • Home
  • Myanmar
  • Myeik
  • 𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘

𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘, Photography Videography, Myeik.

Tarot reader
13/11/2024

Tarot reader

ကိုယ့်ကိုယ်ကိုလက်ခံခြင်း 𝐅𝐄𝐋𝐈𝐗 မှ 𝐓𝐇𝐄 𝐒𝐄𝐄𝐑 သို့

✡️ကျွန်တော်ဝါသနာပါတာက 𝕡𝕙𝕠𝕥𝕠𝕘𝕣𝕒𝕡𝕙𝕪 !ℂ𝕣𝕖𝕒𝕥𝕚𝕠𝕟 တွေဖန်တီးနေရတာကို ပျော်နေတာ၊အဖေ ကလဲ မြိတ်မြို့ရဲ့ ꜰɪʀꜱᴛ ɢᴇɴᴇʀᴀᴛɪᴏɴ ᴘʜᴏᴛᴏɢʀᴀᴘʜᴇʀ ဘဲ့ဆိုတော့ ကင်မရာဆိုတာ ဂျိုနဲ့လား မေးနေရတဲ့အချိန်မှာ ကင်မရာဖက်ပီးမွေးလာတယ်ပြောရမယ် (၂/၃တန်းလောက်ကတည်းကအကိုကြီးကိုဝယ်ပေးထားတဲ့ ကင်မရာကိုင်လျှောက်ရိုက်ကစားနေတာ)

✡️တဘက်မှာကလဲ အထုံပါရမီပါလာပီး ကိုယ်လက်မခံနိုင်လို့ ရှောင်လွဲလာတဲ့ အလုပ် ဝါသနာပါလားဆိုတော့ ပါတယ်၊ဒါပေမယ့် မလုပ်ချင်ဘူး၊ဘယ်အရွယ်ကတည်းကဆို ကာတွန်းစာအုပ်(ဘိုဘိုfav)တွေစဖတ်တတ်တဲ့၃/၄တန်းအရွယ် သူများတွေက ကားတွန်းစာအုပ်ဖတ်နေချိန် ကိုယ်က ဂဗ္ဘီရ စာအုပ်တွေဘဲ့ ရွေးဖတ်တာ။

✡️အဲဂဗ္ဘီရ စာအုပ်တွေကို ငှါးရမှာလဲရှက်၊ငှါးတဲ့ အဒေါ်ကြီးရဲ့ မျက်လုံးထဲ ခလေးကခလေးစာအုပ်မဖတ်ဘူး လူကြီးလားလို့အထင်ခံရမှာလဲကြောက်(စာအုပ်ဆိုင်က တစ်အိမ်ကျော်မှာဆိုတော့ အိမ်တိုင်မှာလဲစိုး)၊အဲအချိန်ကဆို တော်တော် တိုင်ပတ်ခဲ့တာ🥴😁
ကျွန်တော့်မှာ အဲလိုအထင်ခံရမှာဆိုးလို့ ဘာလုပ်ရလဲဆို စာအုပ်ဆိုင်မှာ အရှေ့ကငှါးသူတွေ စောင့်နေရင်း(အဲအချိန်က လူတွေမှာ အပျင်းပြေ/ဗဟုသုတက စာအုပ်ဘဲ့ရှိကြတာ)စာအုပ်ရွေးရင်း တစ်နေ့နည်းနည်းစီ ဖတ်ရတယ်။

✡️တစ်ခါတစ်လေ လုံးဝမနေနိုင်တော့ဘူးအိမ်မှာ ဖတ်ချင်တယ်ဆို အဲစာအုပ်ကို စာအုပ်စင်ထဲက ကိုယ့်မှတ်ထားတဲ့ စာအုပ်ပုံ အောက်ထဲ သူများငှါးဖြစ်မှာစိုးလို့ ဝှက်ထားခဲ့(အမှန် ဘယ်သူမှ ကြိုက်တဲ့ စာအုပ်တွေ မဟုတ်ပါဘူးအဟောင်းဟောင်းတွေထဲက နွမ်းနေတဲ့စာအုပ်တွေပါ)ဘိုဘို တို့လိုကာတွန်းစာအုပ်တွေအသစ်ထွက်မှာ စောင့်နေတဲ့အချိန် ဖတ်စရာမရှိ အပျင်းပြေယူသွားလိုက်မယ့် ရုပ်လေးနဲ့ ငှါးပြရတယ်😆
တစ်နေ့နည်းနည်းစီဖတ် အိမ်မှာလေ့ကျင့် ၊အိမ်ကလူတွေမြင်မှာလဲရှက်တော့ အပေါ်ထပ်မှာ ဘယ်သူမှမရှိတဲ့အချိန်မှ လေ့ကျင့်ရတာ၊အဲလို ဝါသနာမသေးဘူး🤣

✡️ဘယ်လောက်ထိ စိတ်ပါလဲဆို ဘဝတစ်လျှောက်လုံး ခိုးတာလုံးဝမလုပ်ဘူး ဆုံးဖြတ်ထားတဲ့ကျွန်တော် စာရွက် ၂ရွက် ဆုတ်ဖြဲယူဖူးတယ်၊အဲခေတ်တုန်းက အချို့လူတွေ မဂ္ဂဇင်း တွေငှါးပီး ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီးပုံတွေ ဖြဲထားခဲ့ကြတယ်လို့ ကြားရတော့ အဲဒါလဲ ခိုးတာနဲ့ အတူတူဘဲ့ပေါ့ဆိုပီး တော်တော် ရွံခဲ့တာ၊စာအုပ်အသစ်တွေပထမဦးဆုံးငှါးဖတ်ရရင်တောင် ပြန်အပ်ရင် အသစ်လိုဖြစ်နေအောင် စာရွက်လှန်တာကအစ သေချာလှန်ဖတ်ပေးတာ လူတွေစာအုပ်ကို ဘာလို့ ညစ်ပတ်အောင် ကိုင်ကြလဲမသိလို့ အရမ်းအားမလိုအားရဖြစ်ရတဲ့သူ၊
အဲတုန်းက မိတ္တူတွေ ဘာတွေရှိမှန်းလဲမသိ၊စာအုပ်ငှါးဆိုင်မှာ ပြန်ဝယ်ရမှန်းလဲမသိ၊စာအုပ်အဟောင်းပါဘဲ့အဲ၂ရွက် ဖြဲဖို့ကိုလဲ ၁လလောက် ဆုံးဖြတ်ခဲ့ရတယ်

✡️ဘာစာရွက်လေးလဲဆို စာမေးပွဲအောင်တဲ့ သော့ပုံကလေးရယ် ၊ အလယ်မှာ ကိုယ့်နေ့သားလေးရေးရတဲ့ အင်းကွက်လေးရယ်ဟာလေး။ အိမ်က ဓါတ်ပုံဆိုင်ဆိုတော့ ပြဲမှာစိုးလို့တောင် ပလတ်စတစ် အမာလေး သေချာလောင်းထားလိုက်သေးတယ်။ဗီဒိုထဲ သိမ်းထားတာ ကျွန်တော် ကော့လိပ်တက်ပီး ရန်ကုန်ရောက်မှဘဲ့ နယ်အိမ်မှာ ကျန်ခဲ့တယ်ထင်ပါတယ်(တော်တော် ကြီးကြီးထိ သိမ်းထားမိတာ)စာရေးရင်းနဲ့မှ စဉ်းစားမိတယ် အိမ်မှာ သွားရှာကြည့်ရမယ် တွေ့ရင်ပြန်တင်ပေးမယ်။ ဂဗ္ဘီရ နဲ့ပတ်သက်ရင် အဲလိုကို အထုံက

☸️တားရော့နဲ့စပီးထိတွေ့ဖူးတာကော့လိပ် ပထမနှစ်လောက်မှာ တားရော့ကဒ်လေးဝယ်ပီး ခေါင်းဦးအောက်
ထားအိပ်တာကစခဲ့တာပေါ့
🔮ဖန်လုံးလေးကျတော့ 2016 လောက်မှာ ဝယ်ပီးကျင့်ခဲ့တာ (ဟောဖို့လဲ ရည်ရွယ်ချက်မရှိပါဘူး ၊ဒီအတိုင်း ဝါသနာပါလို့ဘဲ့.အဲချိန်က ရန်ကုန်မှာ studio ဖွင့်ပီး model လောကနဲ့ စထိတွေ့နေတဲ့ချိန် ပြဒါးတစ်လမ်း သံတစ်လမ်းဘဲ့လေ)

✡️နက္ခတ် လက္ခဏာ ဗေဒင် သွားမေးရင်လဲ အဲဒါနဲ့ပတ်သက်ပီး ဆရာတစ်ဆူဖြစ်မှာကြီးဘဲ့ ဆရာကြီးတစ်ယောက်ဆို ၂၇နှစ်မှာ ဖြစ်ကိုဖြစ်မှာ အတိကျပြောတာ အဲအချိန်ကတည်းက လဲ လက်မခံခဲ့ဘူး ငါ က ဒါကို အထုံပါရင်ထောင် ငါမလုပ်ဘူး ငါကစီးပွါးရေးဘဲ့ လုပ်မယ့်ကောင်လို ကြုံးဝါးနေတယ့်ကောင်၊အဲအချိန်က ရန်ကုန်မှာ model လောကထဲ ဓါတ်ပုံ ရိုက်နေတယ် ဘိတ်မှာ အမေ ဖွင့်ပေးထားတဲ့ GYM ခန်းနဲ့ အမိုက်စား Man ဖက်ရှင်ဆိုင် ၊ကားတစ်စီးနဲ့ ရန်ကုန်သွား ဘိတ်လာ လျှောက်ကဲ သာယာနေတာ၊ ဘယ်ကလာ ဗေဒင်ဆရာ ငါ့ဘဝက ဗေဒင်ဆရာ နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း

✡️ကိုဗစ်ကိုစစ်မှာ လူတွေ စိတ်ပိုင်းဆိုင်ရာ တော်တော် ဒုက္ခရောက်နေတဲ့အချိန်(ကိုယ်တိုင်လဲရောက်ခဲ့) ဗေဒင်ဆရာ အလိမ်တွေကလဲ လိမ်စားနေတာ မြင်ရတဲ့အချိန် ငါကူညီမှ ရမယ် ကယ်ချင်တယ်ဆိုပီး ဗေဒငလောကထဲ ရောက်လာခဲ့တယ် အဲတုန်းက free ဟောပေးတယ် ၊အလကားဆို တန်ဖိုးမထားethics မရှိတဲ့ လူတွေများလာ စိတ်ပင်ပန်းပေးတော့ ပညာကြေးစယူဟောပေးတော့တယ်။နောက်ပိုင်း ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်အောင် ငါဘာမှမတတ်ဘဲ ငါ့ဟောချက်တွေကဘဲ့ မှန်နေတာလား ဒါမှ မဟုတ် ငါဟောချက်ဘဲ့ မှန်အောင် တစ်စုံတစ်ယောက်က လိုက်လုပ်ပေးနေတာလား(အဲကြောင့်ကောင်းတာဘဲ့ဟောပေးတယ်) ၊ ဒီကဒ်လေးတွေ က လူတစ်ယောက်ရဲ့ ဘဝ ကို ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာ မယုံတော့ ငါကိုယ်တိုင်ကဘဲ့ လူလိမ်ဖြစ်နေပီလား အဲဆို ငါကံတစ်ပါး ကျူးလွန်နေရပီလားဆိုပီး ကျွန်တော် နားပစ်ခဲ့တယ်

✡️ကျွန်တော် ဘာမှမတတ်ဘူး၊ဗေဒင်ဆိုတာ မယုံနဲ့ ကံက အလုပ် ကိုယ်လုပ်မှ ကိုယ်ဖြစ်တယ်ဆိုတဲ့ စကား ကို အမြဲပြောဖြစ်တယ်၊လာမေးကျလူတွေ တိုင်း နားရည်ဝနေကျ ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကို လက်မခံသေးတဲ့ 𝟐𝟏.𝟗.𝟐𝟎𝟐𝟒 ထိ ပြောနေကျလေးပေါ့ ၊ ဒီအလုပ် ဒီတာဝန်ကို လက်မခံသရွေ့ အိပ်မက်တွေနဲ့ တစ်မျိုး ၊ နိမိတ်တွေ နဲ့ ရော ပြင်ပ က ပဌာန်းဆက် တွေနဲ့ တမျိုး ၊ angel message တွေရော ဒီလောကထဲ ပြန်ဝင်အောင် ထောက်ပံ့ပေးကြတယ်၊ဘဝဆက်ဆက်က ဆရာသခင်တွေ အိပ်မက်ထဲ သင်ပေးတာတွေ အထိပေါ့။

✡️ဒီအလုပ်ကို လက်မခံသရွေ့ တစ်ခုပီးတစ်ခု ဆုံးရှုံးနေတာ သိပေမယ့် ကိုယ်တိုင်တောင် လက်မခံခဲ့ဘူး
အစကတော့ အခြားစီးပွါးရေးတွေ လုပ်ပီး အားတဲ့အချိန် နားတဲ့အချိန်မှ တားရော့ဟော ဖြစ်တယ်ပေါ့(တစ်ခါတစ်ခါဟောဖြစ်ဖို့ တစ်လနှစ်လလောက်ကို စောင့်ရတာ လာမေးနေကြလူတွေအသိ😁)

✡️အခုတော့ ကိုယ့်ကိုယ်ကို လက်ခံလိုက်ပါပီ
လူတွေ ကိုကူညီဖို့ကအရင်ပါ တားရော့ ကိုဘဲ့ သေချာ ဇောက်ချ လုပ်ပီး လူတွေရဲ့ အခက်ခဲတွေ၊စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကူညီဖြေရှင်း ပေးသွားပါ့မယ်။(မကူညီသရွေ့ ခဏဏ လာသတိပေးနေလို့😫)
ဝါသနာပါတဲ့ photography ကိုတော့ အားတဲ့အချိန် နားတဲ့အချိန် လေးတွေမှာဘဲ့ creationတွေ ဖန်တီးပါတော့မယ်

✡️လက်မခံ ဘဲ ရှောင်ပြေးနေသမျှ ကာလ ပတ်လုံး ဘယ်လိုတွေ တစ်ခုပီးတစ်ခု ဆုံးရှုံးရတာ ၊ပဠာန်းဆက်တွေက အိပ်မက်ထဲရော ၊ အပြင်မှာလဲ ကိုယ့်ဆီ မရောက်ရောက်အောင် လာပီး ဘယ်လိုတွေ တိုက်တွန်းလဲ ၊ကိုယ်တိုင်ဟောနေရက်နဲ့ ကိုယ်တိုင်ဗေဒင်ကို မယုံကြည်လို့ ၃နှစ်လောက် ဘယ်လို ဒဏ်ခတ်ခံရသလဲ၊ ဘာတွေ ဖြတ်ကျော် ခဲ့ရလဲဆိုတာ စာရှည်နေပီမို့ အပိုင်း2️⃣ ကိုနောက် ကြုံမှ ဆက်ရေးပေးပါတော့မယ် (ဘဝကလဲ ဂဗ္ဘီရ ဆန်လွန်းပါတယ်)

🙏 ဒီနာမည် ပေးတဲ့ New Zealand’s မှ ချစ်မကြီးမwinnie ကိုကျေးဇူးတင် ဂါရဝပြုပါတယ်(တစ်ခုခုဆို အမြဲပူဆာနေရသော😁)

🙏သင်ဆရာမြင်ဆရာကြားဆရာ အားလုံးကို ဒီကနေ ကျေးဇူးတင် ဂါရဝပြုပါတယ် (ဆရာတွေများလွန်းလို့ တစ်ဦးချင်းစီကို နောက်အပိုင်း2️⃣3️⃣တွေမှာ အလျင်းသင့်သလို ရေးပေးသွားပါ့မယ်)

အားလုံးကိုချစ်တဲ့

11.11.2024(11:11)

https://www.facebook.com/share/p/17waA3Qqg7/?mibextid=WC7FNe
👆
4.7.2024 ကတော့ 𝐅𝐄𝐋𝐈𝐗 𝐓𝐇𝐄 𝐒𝐄𝐄𝐑 𝑪𝒐𝒎𝒆𝒃𝒂𝒄𝒌 ဆိုပီး ပိုစ် တစ်ခုတင်ထားသေးပေမယ့် အလုပ်တွေ လက်စသတ်နေလို့ ခုမှဘဲ့ပီးတယ်(စာတော်တော်ရေးနိုင်တဲ့ကောင်😅)
အဆုံးထိဖက်ဖက် မဖက်ဖက် တစ်ချိန်ပြန်ဖတ်လို့ရအောင် အမှတ်တရလေးရေးတင်တာ😇

𝙐 𝙉𝙖𝙮 𝙇𝙞𝙣 𝙎𝙤𝙚 & 𝙈𝙖 𝙆𝙖𝙣𝙩𝙠𝙖𝙬 𝙋𝙝𝙪 𝙃𝙡𝙖𝙞𝙣𝙜ᴍᴀᴋᴇ ᴜᴘ   - ᴡɪɴ ᴛʜᴜ ᴀᴜɴɢᴅᴇsɪɢɴᴇʀ - ʏᴇᴇ ʏᴡᴀʟ ᴘʏᴏɴᴇᴘʜᴏᴛᴏɢʀᴀᴘʜᴇʀ - ʏɪ ᴄʜᴇɴ
09/11/2024

𝙐 𝙉𝙖𝙮 𝙇𝙞𝙣 𝙎𝙤𝙚 & 𝙈𝙖 𝙆𝙖𝙣𝙩𝙠𝙖𝙬 𝙋𝙝𝙪 𝙃𝙡𝙖𝙞𝙣𝙜
ᴍᴀᴋᴇ ᴜᴘ - ᴡɪɴ ᴛʜᴜ ᴀᴜɴɢ
ᴅᴇsɪɢɴᴇʀ - ʏᴇᴇ ʏᴡᴀʟ ᴘʏᴏɴᴇ
ᴘʜᴏᴛᴏɢʀᴀᴘʜᴇʀ - ʏɪ ᴄʜᴇɴ

𝙐 𝙉𝙖𝙮 𝙇𝙞𝙣 𝙎𝙤𝙚 & 𝙈𝙖 𝙆𝙖𝙣𝙩𝙠𝙖𝙬 𝙋𝙝𝙪 𝙃𝙡𝙖𝙞𝙣𝙜ᴍᴀᴋᴇ ᴜᴘ   - ᴡɪɴ ᴛʜᴜ ᴀᴜɴɢᴘʜᴏᴛᴏɢʀᴀᴘʜᴇʀ - ʏɪ ᴄʜᴇɴ📸𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 .စတူဒီယို မီ 🅼🆈🅴🅸🅺 Yi Chen...
08/11/2024

𝙐 𝙉𝙖𝙮 𝙇𝙞𝙣 𝙎𝙤𝙚 & 𝙈𝙖 𝙆𝙖𝙣𝙩𝙠𝙖𝙬 𝙋𝙝𝙪 𝙃𝙡𝙖𝙞𝙣𝙜
ᴍᴀᴋᴇ ᴜᴘ - ᴡɪɴ ᴛʜᴜ ᴀᴜɴɢ
ᴘʜᴏᴛᴏɢʀᴀᴘʜᴇʀ - ʏɪ ᴄʜᴇɴ

📸𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 .စတူဒီယို မီ 🅼🆈🅴🅸🅺 Yi Chen
📱 𝟬𝟵 𝟳𝟴𝟳 𝟵𝟴𝟵𝟱𝟴𝟵,𝟬𝟵 𝟲𝟴 𝟲𝟵 𝟲𝟬 𝟱𝟴𝟵

𝘏𝘢𝘱𝘱𝘺 𝘉𝘪𝘳𝘵𝘩𝘥𝘢𝘺 𝘛𝘰 𝘠𝘰𝘶ᴍᴀᴋᴇ ᴜᴘ - ᴘᴡɪɴᴛ ʏᴀᴛɪ ᴏᴏᴘʜᴏᴛᴏ - ʏɪ ᴄʜᴇɴ📸𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 .စတူဒီယို မီ Yi Chenᴘʜᴏᴛᴏ & ᴠɪᴅᴇᴏ ᴘʀᴏᴅᴜᴄᴛɪᴏɴ 🅼🆈🅴🅸🅺...
26/06/2024

𝘏𝘢𝘱𝘱𝘺 𝘉𝘪𝘳𝘵𝘩𝘥𝘢𝘺 𝘛𝘰 𝘠𝘰𝘶

ᴍᴀᴋᴇ ᴜᴘ - ᴘᴡɪɴᴛ ʏᴀᴛɪ ᴏᴏ
ᴘʜᴏᴛᴏ - ʏɪ ᴄʜᴇɴ

📸𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 .စတူဒီယို မီ Yi Chen
ᴘʜᴏᴛᴏ & ᴠɪᴅᴇᴏ ᴘʀᴏᴅᴜᴄᴛɪᴏɴ 🅼🆈🅴🅸🅺
📱 𝟬𝟵 𝟳𝟴𝟳 𝟵𝟴𝟵𝟱𝟴𝟵,𝟬𝟵 𝟲𝟴 𝟲𝟵 𝟲𝟬 𝟱𝟴𝟵

📸
17/06/2024

📸

📸ရိုက်ပေးဖြစ်တာလေး
16/06/2024

📸ရိုက်ပေးဖြစ်တာလေး

Address

Myeik

Alerts

Be the first to know and let us send you an email when 𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗦𝘁𝘂𝗱𝗶𝗼 𝗠𝗘:

Share