19/02/2022
အရေးတကြီးသိကိုသိထားသင့်တဲ့ Mobile Phone Photography အခြေခံ (၅) ချက်
ဓါတ်ပုံပညာကိုလေ့လာတဲ့အခါ မိုဘိုင်းဖုန်းတွေနဲ့ရိုက်တဲ့ဓါတ်ပုံပညာကိုလည်းမေ့ထားလို့မရပါဘူး ။ Mobile Phone Photography ဟာ အခုဆိုရင်အတော်လေးရေပန်းစားနေပါပြီ ။ လူတွေဟာ Portable တွေကိုနှစ်သက်လာကြတယ် DSLR အလေးကြီးတွေအစား Mirrorless တွေပြောင်းကိုင်လာကြတယ် ။ နောက်ပိုင်း မိုဘိုင်းဖုန်းတွေကလည်း upgrade လုပ်လာတာနဲ့တန်းတူ Mobile Photography ကလည်းလေ့လာသင့်တဲ့အမျိုးအစားထဲ ပါဝင်လို့လာပါတယ် ။
ဒါဆို သိထားသင့်တဲ့ Mobile Phone Potography အခြေခံ အချက် ၅ ချက်ကိုလေ့လာကြည့်ရအောင် ။
Rule 1 ။ Rule of Space လို့ခေါ်တယ် ။ ပထမအချက်ကတော့သင့်ဖုန်းကင်မရာ Setting ထဲက Grid line တွေကိုဖွင့်ထားပါ ။ ပြီးရင် Lens ကို တစ်ရှူး သို့မဟုတ် အဝတ်စနဲ့သုတ်ပါ ။ Rule of Third ကိုသုံးပါ - Rule of Third ဆိုတာ Subject ကို Grid line ရဲ့ ဘယ်ညာ တန်း နဲ့ အပေါ်အောက် တန်း ဆုံတဲ့နေရာတွေမှာ ထားရိုက်ခြင်းပါပဲ ။
ပြဿနာကတော်တော်များများက အဆင်ပြေသလို Grid line ပေါ်တင်ရင်ပြီးရောရိုက်လိုက်ကြတာပါပဲ ။ တကယ်တော့ Inward နဲ့ Outward ကိုသိလို့လိုပါသေးတယ် ။
Subject ရဲ့မျက်နှာမူရာအရှေ့ကို Inward လို့ခေါ်ပြီး ကျောခိုင်းရာကို Outward လို့ခေါ်ပါတယ် ။ Rule အရ Inword ကို 2/3 ထားရမှာဖြစ်ပြီး Outward ကို 1/3 ထားရမှာဖြစ်ပါတယ် ။ မရှင်းလင်းရင် ပုံ ၁ နဲ့ ၂ ကိုကြည့်ပါ ။
ပုံ ၁ က Inword ကို 1/3 , Outward ကို 2/3 ထားမိလို့မှားနေတဲ့ပုံပါ ။ ပုံ ၂ ကတော့ Inward ကို 2/3 ထားပြီး Outward ကို 1/3 ထားလို့မှန်သွားတဲ့ပုံပါ ။
Rule 2 ။ Left to Right Rule ကိုသုံးပါ ။ ကိုယ်ရိုက်ချင်တဲ့ Subject ကို ဘယ်ဖက်ကနေ ညာဖက်ကိုပြောင်းရိုက်ခြင်းကိုဆိုလိုပါတယ် ။ ဥပမာ လူ့မျက်လုံးဟာ သဘာ၀အရ ဘယ်ကနေ ညာကို ကြည့်ပါတယ် ။ ဒီတော့ ရိုက်ချင်တဲ့ Subject ကို ဘယ်မှာ ထားရိုက်ခြင်းက အရမ်းကြီး Eye catch မဖြစ်စေပါဘူး ။ မယုံရင် Subject ကို composition ချတဲ့အခါ ဘယ်ဖက်ကနေ ညာဖက်ပြောင်းထားပြီးရိုက်ကြည့်ပါ ။ ပို Attractive ဖြစ်တာတွေ့ရလိမ့်မယ် ။ ပုံ ၃ ကိုကြည့်ပါ ။
Rule 3 ။ Depth ကို create လုပ်ပါ ။ ပုံမှန် လူပုံတွေရိုက်တဲ့အခါ ရိုးရိုးတန်းတန်းကြီး flat ရိုက်တာထက်ကို Depth ကို create လုပ်ရိုက်တာပိုမိုက်ပါတယ် ။ Depth ကို ဘယ်လိုဖန်တီးမလဲဆိုရင် ဖုန်းကင်မရာကို ရိုက်မယ့် Subject နဲ့ အနည်းငယ်ခွာလိုက်ပါပြီးရင် Zoom lens ကိုသုံးပါ ။ အခုခေတ်ဖုန်းတွေမှာ Zoom ချဲ့လို့မရတဲ့ကင်မရာရယ်လို့သိပ်မရှိပါဘူး ။ ကင်မရာရှေ့မှာ Foreground တစ်ခုခုထားပါ ဥပမာ ပန်းပင် လိုမျိုး Foreground အဖြစ်တစ်ခုခုထားလို့ရမယ့် ဟာကိုဆိုလိုပါတယ် ။ Foreground ဖန်တီးချင်ရင် Frame ထဲမှာ Subject ကို ပဲ တန်းပြီးမျက်စိထဲရောက်သွားစေမပယ့် ဖရိန်ကို ဖန်တီးဖို့လိုပါတယ် ။ ပုံ ၄ နဲ့ ၅ ကိုကြည့်ပါ ။
Rule 4 ။ Candid rule လို့ခေါ်တယ် ။ ဆိုလိုရင်းကတော့ ကိုယ်လိုချင်တဲ့ Frame ကို ပထမဆုံး ကြည့်တယ်ပြီးရင် Subject ကို တမင်အငြိမ်တည်ရိုက်တာမျိုးမဟုတ်ပဲ subject action လုပ်နေတုန်းပဲ ကိုယ့်ဖရိန်ထဲဝင်လာပြီဆိုတာနဲ့လျှပ်တပျက်ရိုက်ခြင်းပါပဲ ။ အပြင်မှာ ရိုက်မှာဆိုရင်တော့စိတ်ရှည်ဖို့လိုပါတယ် ။ ကိုယ်ရိုက်ချင်တဲ့ ဖရိန်ရွေးပြီးရင် Subject ဝင်လာဖို့ Action ကို သဘာ၀ဆန်ဆန် အမိအရရိုက်နိုင်ဖို့ အရေးကြီးတာကိုး ။ ပုံ ၆ ကိုကြည့်ပါ ။
Rule 5 ။ Simplification Rule ကိုသုံးပါ ။ ရှုပ်ထွေးတဲ့ Background တွေကိုမသုံးပါနဲ့ရိုးရှင်းတဲ့ Clean Background တွေကိုသုံးခြင်းအားဖြင့် Single Portrait ရိုက်တဲ့အခါ ပိုပြီး အသက်ဝင်စေပါတယ် ။ ပုံ ၇ ကိုကြည့်ပါ ။
အထက်ပါ ၅ ချက်ကို အလွတ်သာ ကျက်ထားလိုက်ပါ ။ မိုဘိုင်းဖုန်း ဓါတ်ပုံသမားတွေအတွက်အလွန်အကျိုးရှိပါလိမ့်မယ် ။