23/07/2026
🤍🩵💙🧡💛❤️🖤⭐️🏆 ပါဝင်အားဖြည့်ခွင့်ရတာလေး
🙏🏼ကျေးဇူးတင်လွှာ🙏🏼
အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ရာတွင် လူတစ်ယောက်၏ ကြိုးစားမှုတစ်ခုတည်းဖြင့် မလုံလောက်ပါ။ ယုံကြည်မှု၊ မေတ္တာ၊ အားပေးမှုနှင့် လက်တွဲပံ့ပိုးမှုများ ပေါင်းစည်းလာသည့်အခါမှသာ ထိုအိပ်မက်သည် ပိုမိုလှပပြီး အဓိပ္ပာယ်ပြည့်ဝလာပါသည်💙
Miss Grand Myanmar 2026 ပြိုင်ပွဲတွင် Miss Grand Bhamo 2026 ကို ဂုဏ်ယူစွာ ဦးဆောင်စေလွှတ်ခွင့်ရခဲ့ခြင်းသည် ကျွန်ုပ်တို့အတွက် တာဝန်တစ်ရပ်သာမက ဂုဏ်ယူဖွယ်ခရီးစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ Journey တစ်လျှောက် စင်မြင့်ပေါ်တွင် မြင်တွေ့ခဲ့ရသော အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အချိန်၊ စေတနာ၊ ကြိုးစားမှုနှင့် မေတ္တာများကို မျှဝေပေးခဲ့ကြသူများစွာ ရှိနေခဲ့ပါသည်။💪
ဦးစွာ Miss Grand Myanmar Organization နှင့် ပြိုင်ပွဲကို အောင်မြင်စွာ စီစဉ်ကျင်းပပေးခဲ့သည့် M Entertainment မှ တာဝန်ရှိသူများ၊ Organizing Team နှင့် Crew Members အားလုံးကို အထူးလေးစားစွာ ကျေးဇူးတင်ရှိပါသည်။ ပြိုင်ပွဲဝင်တိုင်းအတွက် မျှတသည့်စင်မြင့်၊ တန်ဖိုးရှိသော အတွေ့အကြုံနှင့် မမေ့နိုင်သော အမှတ်တရများကို ဖန်တီးပေးခဲ့သည့်အတွက် အထူးပင် ဂုဏ်ပြုအပ်ပါသည်။👏
ထို့အပြင် Journey တစ်လျှောက် ယုံကြည်စွာ လက်တွဲပံ့ပိုးပေးခဲ့ကြသည့်
Diamond Sponsor – May Floral Shop၊
Gold Sponsors – Kumje Bawk Zin နှင့် Jaw Beauty Bar တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ သင်တို့၏ ယုံကြည်မှုသည် ကျွန်ုပ်တို့၏ အားအင်ဖြစ်ခဲ့သလို၊ သင်တို့၏ ပံ့ပိုးမှုသည်လည်း ဒီခရီးစဉ်ကို ပိုမိုပြည့်စုံစေခဲ့ပါသည်။✨
Stage ပေါ်မှ Look တိုင်းကို အကောင်းဆုံးပုံဖော်ပေးခဲ့ကြသော Makeup Artists Ah La, John La Ja, Ah Hpring Lahtaw, Htoi Shawng Lazing, Zan Zan Nu, Lasang Nau Nau, Kareng Lu နှင့် Shan Shan
အလှမယ်၏ အလှတရားနှင့် ကိုယ်ပိုင်ဟန်ပန်ကို အကောင်းဆုံးပုံဖော်ပေးခဲ့ကြသည့် Designers Ei Lapyae Wun, Ah Sam NC, Lu Snazzy Fashion House, Star Shop (Htunghkying Palawng Shap Seng), Naw Nor, Htoi Shawng Lazing, L Pio Sutt (Founder of Born in July Collection), Nbawm Pan Ra, Zin Nuu Pan၊ Than Than Soe နှင့် Ah Moon
Nail Partner – Ja Nu Pan
Stylists Nyii N Aung နှင့် Ah Zung MD
တို့အပြင် Journey ၏ အခိုက်အတန့်တိုင်းကို အသက်ဝင်အောင် မှတ်တမ်းတင်ပေးခဲ့ကြသော
Photographer Rae Thu Aung (RAE - Infinity), Ko Ye Gyi (Heavenly Light Photo Studio), Tanghpre Photo Studio, Zau Dan နှင့် DeeLabang ၊Introduction Videographer –Samuel Chamloi၊ Video Editor – G Chang Ying၊ Intro Video Production Coordinator – Ah Zet နှင့် Production Assistant – GL Nu Mai တို့အားလုံးကိုလည်း စိတ်ရင်းအမှန်ဖြင့် လေးစားစွာ ကျေးဇူးတင်ရှိပါသည်။
✨ထို့ထက် ပို၍ တန်ဖိုးရှိသည်မှာ Miss Grand Bhamo 2026 အပေါ် ယုံကြည်မှုအပြည့်ဖြင့် အားပေးခဲ့ကြသော Bhamo မြို့သူမြို့သားများ၊ Kachin ပြည်သူပြည်သားများ၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အနီးအဝေးမှ Vote ပေးခဲ့ကြသူများ၊ Share ပြုလုပ်ပေးခဲ့ကြသူများ၊ Comment တစ်ကြောင်း၊ Message တစ်စောင်၊ ဆုတောင်းမေတ္တာတစ်ခုချင်းစီဖြင့် ခွန်အားပေးခဲ့ကြသူများအားလုံး ဖြစ်ပါသည်။ သင်တို့၏ အားပေးမှုများသည် Journey တစ်လျှောက်လုံး ကျွန်ုပ်တို့အတွက် အကြီးမားဆုံးသော ခွန်အားဖြစ်ခဲ့ပါသည်။💙
ရလဒ်သည် ပြိုင်ပွဲ၏ အဆုံးသတ်ကို ဆုံးဖြတ်ပေးနိုင်သော်လည်း ဂုဏ်သိက္ခာ၊ ကြိုးစားအားထုတ်မှု၊ ရရှိခဲ့သော အတွေ့အကြုံများနှင့် လူအချင်းချင်း မျှဝေခဲ့ကြသော မေတ္တာများသည်သာ ဒီ Journey ၏ တကယ့်အောင်မြင်မှုဖြစ်သည် ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။🙏🏼
ဒီခရီးစဉ်တွင် လက်တွဲခဲ့ကြသူတစ်ဦးချင်းစီတိုင်း၏ မေတ္တာနှင့် စေတနာများကို အမြဲတန်ဖိုးထားလျက်၊ ကျေးဇူးတင်စိတ်အပြည့်ဖြင့် မှတ်တမ်းတင်အပ်ပါသည်။👏
“အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူနိုင်တဲ့အရာမဟုတ်ပါဘူး။ လက်တွဲခဲ့ကြသူတိုင်းရဲ့ ယုံကြည်မှုနဲ့ မေတ္တာတွေ ပေါင်းစည်းလာတဲ့အခါမှသာ အောင်မြင်မှုဟာ အဓိပ္ပာယ်ပြည့်ဝလာတာ ဖြစ်ပါတယ်။”💙🥰
With Love,
MACHYA Entertainment