28/10/2021
စာလေးကို ဆုံးအောင်ဖတ်ပေးပါဗျ
ဓာတ်ပုံအလကား ရိုက်ခွင့်ရပါမယ်။
ဓာတ်ပုံရိုက်ချင်တဲ့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မည်သူမဆို ပါဝင်လို့ရပါတယ်နော်။ စိတ်ဝင်စားတယ်ဆိုရင် စာကို အဆုံးထိဖတ်ဖို့ လိုတယ်နော်
ကျွန်တော်ချည်းပဲ အမြဲရိုက်နေရတော့ ပျင်းလာလို့
တစ်ခါလောက် ကျွန်တော်လည်း ပြန်အရိုက်ခံချင်လို့ပါ
ဓာတ်ပုံအလကား ရိုက်ချင်တဲ့ မည်သူမဆို ကျွန်တော့် ကို လာရိုက်ပေးလို့ရပါပြီ။
အလကား ရိုက်ချင်သူများကလည်း အောက်ပါအချက်နှင့် ကိုက်ညီမှု ရှိရပါမယ်။
Camera Setting အကြောင်း နားလည်ရပါမည်။
DSLR or mirrorless Camera တစ်လုံးရှိရပါမည်။
Prime lens တစ်လုံးရှိရပါမည်။
Photo editing လုပ်ရန် computer or Laptop ရှိရပါမည်။
ကိုယ့်စရိတ်ကိုယ် စိုက်နိုင်ပြီး လာနိုင်ရပါမည်။
အထက်ပါ အချက်များနှင့် ကိုက်ညီမှု ရှိပါက ကျွန်တော့်ကို အလကား ရိုက်ခွင့်ရပါပြီ။
###xx
(တစ်ကယ်တော့ အပေါ်က ဟာတွေ ကျွန်တော်သရော်ချင်လို့ သက်သက်ရေးထားတာပါ။ အဓိက ပြောချင်တာက ဒီလိုမျိုး ပေါ့ ဓာတ်ပုံရိုက်တဲ့ သူတစ်ယောက်ကို အလကား ရိုက်ပေးပါလားဆိုပြီး ပြောလိုက်တဲ့အခါ ဘယ်လို ခံစားရမလဲ ဆိုတာ စဉ်းစားစေချင်လို့ပါ။ အစပိုင်းမှာ ဓာတ်ပုံအလကား ရိုက်ရမယ်ဆိုပြီး ဝင်ဖတ်မိလိမ့်မယ်။ နောက်ဆက်ဖတ်တော့ ကျွန်တော့်ကို ရိုက်ခိုင်းဖို့ဖြစ်နေလိမ့်မယ်။ နောက်ဆက်တော့ camera အကြောင်းတွေ သိမှ ပစ္စည်းပစ္စယ တွေရှိဦးမယ် ရမယ်။ အဲ့အချိန် ခင်များ ရိုက်ပေးချင်သေးလား ကျွန်တော့်ကို။ စိတ်ထဲတစ်ချက်တွေးကြည့်ပါ။ လမ်းထိပ်က ဆိုက်ကား သမားကို ခင်များကျွန်တော်နဲ့ သိတာပဲ ခင်တာပဲ ဆိုပြီး အလကား လိုက်စီးလို့ ရလား? စီးရော စီးသင့်ရဲ့လား?။ ဒီလိုပါပဲ ကျွန်တော်တို့လဲ ဝုန်းဒိုင်းဆိုပြီး ဓာတ်ပုံရိုက်တတ်ခဲ့တာမဟုတ်ဘူး။ ကင်မရာနဲ့ ပတ်သက်တာတွေ အလကားရခဲ့တာမဟုတ်ဘူး။ အဲ့တာကြောင့် အနည်းဆုံးတော့ အလကားရိုက်မယ့် အစား တန်ရာတန်ကြေးလေး ပေးပြီး ရိုက်ဖို့စဉ်းစားပေးပါ။)
Credit Hmue