Ko Phoe Thar Lay

Ko Phoe Thar Lay police staction
magalar par
may i help you

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိနေပြည်တော်။ ဇွန် ၁၅မူးယစ်ဆေးဝါး...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ဆည်မြို့နယ် တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

📷ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ တောင်တော်စစ်ဆေးရေးဂိတ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ(တောင်)ကျေးရွာနေ နီကောလားမိုးဒီ ၂၀ နှစ်မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ (မြောက်)ကျေးရွာနေ မိုးဇက်(ခ)မိုး ၃၃ နှစ် စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၈.၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ဆည်မြို့နယ် တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ တောင်တော်စစ်ဆေးရေးဂိတ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ(တောင်)ကျေးရွာနေ နီကောလားမိုးဒီ ၂၀ နှစ်မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ (မြောက်)ကျေးရွာနေ မိုးဇက်(ခ)မိုး ၃၃ နှစ် စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၈.၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၀၈၀၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနေပြည်တော်။...
15/06/2020

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၀၈၀၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

ဇွန်လ ၁၃ ရက်နေ့ ၂၂၃၀ အချိန်တွင် ကောလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဝန်းသိုမြို့နယ်၊ ကောလင်း-ပင်လည်ဘူး သွားကားလမ်းတွင် ကောလင်းမြို့ဘက်မှ ပင်လည်ဘူးမြို့ဘက်သို့ ပင်လည်ဘူးမြို့နယ်၊ ခတက်ကျေးရွာနေ ကျော်သန်း ၄၂ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးကျပ်သိန်းပေါင်း ၁၀၆၀၀ သိန်း)နှင့် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၀၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးကျပ် ၂၀၀ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝန်းသိုမြို့မရဲစခန်းတွင် မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၀၈၀ဝ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

ဇွန်လ ၁၃ ရက်နေ့ ၂၂၃၀ အချိန်တွင် ကောလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဝန်းသိုမြို့နယ်၊ ကောလင်း-ပင်လည်ဘူး သွားကားလမ်းတွင် ကောလင်းမြို့ဘက်မှ ပင်လည်ဘူးမြို့ဘက်သို့ ပင်လည်ဘူးမြို့နယ်၊ ခတက်ကျေးရွာနေ ကျော်သန်း ၄၂ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀ဝ၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးကျပ်သိန်းပေါင်း ၁၀၆၀ဝ သိန်း)နှင့် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၀ဝ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးကျပ် ၂၀ဝ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝန်းသိုမြို့မရဲစခန်းတွင် မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စမ်းချောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိနေပြည်တော်။ ဇွန် ၁...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စမ်းချောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စမ်းချောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

📷ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်တွင် လမ်းလျှောက်လာသူ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်နေ မိုးပြည့်သူ(ခ)ကိုပြည့် ၂၉ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်တွင်ကျန်ရှိနေသေး ကြောင်း ပေါ်ပေါက်သဖြင့် ၁၉၀၀ အချိန်တွင် နေအိမ်အားဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၆၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စမ်းချောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စမ်းချောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်တွင် လမ်းလျှောက်လာသူ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်နေ မိုးပြည့်သူ(ခ)ကိုပြည့် ၂၉ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၆၀ဝ၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်တွင်ကျန်ရှိနေသေး ကြောင်း ပေါ်ပေါက်သဖြင့် ၁၉၀ဝ အချိန်တွင် နေအိမ်အားဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၆၈၀ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနေပြည်တော်။ ဇွန် ၁၅မူးယစ်ဆေ...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

📷ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်ကြီး(၁၇)နေ ကျော်သန်းဦး ၃၂ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်စတိုခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၈ သိန်း)၊ ဘိန်းဖြူအလေးချိန် ၂၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်ကြီး(၁၇)နေ ကျော်သန်းဦး ၃၂ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်စတိုခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀ဝ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၈ သိန်း)၊ ဘိန်းဖြူအလေးချိန် ၂၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိနေပြည်တော်။ ဇွန် ၁၅မူးယစ်ဆေးဝါး...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၂၂၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်းတွင် မန္တလေးမြို့ဘက်မှ ဖားကန့်မြို့သို့ပြေးဆွဲသည့် ---- ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာနေ ခရီးသည် ဒေါ်ခင်မေနွဲ့ ၆၀ နှစ်၊ မိတ္ထီလာမြို့၊ ပေါက်ခေါင်း ရပ်ကွက်နေ ခရီးသည် ဒေါ်သန်းသန်းအေး ၅၄ နှစ်တို့၏ လက်ဆွဲခြင်းများအတွင်းမှ ဘိန်းစိမ်း အလေး ချိန် ၆၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်း ဆည်း ရမိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၂၂၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်းတွင် မန္တလေးမြို့ဘက်မှ ဖားကန့်မြို့သို့ပြေးဆွဲသည့် ---- ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာနေ ခရီးသည် ဒေါ်ခင်မေနွဲ့ ၆၀ နှစ်၊ မိတ္ထီလာမြို့၊ ပေါက်ခေါင်း ရပ်ကွက်နေ ခရီးသည် ဒေါ်သန်းသန်းအေး ၅၄ နှစ်တို့၏ လက်ဆွဲခြင်းများအတွင်းမှ ဘိန်းစိမ်း အလေး ချိန် ၆၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်း ဆည်း ရမိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

📷ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်းတွင် မိုင်းယော်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာနေ ခေါင်လွမ်း(ခ)ဘော်စကို ၃၈ နှစ်စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၄၀၀၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ယူဆောင်သူ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ကျေးရွာနေ အောင်ဇော်ဦး ၅၃ နှစ်အား ၁၂၁၅ အချိန်တွင် လားရှိုးမြို့၊ (၁၂)ရပ်ကွက်၊ သီတာလွင် လမ်းပေါ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းယော်သွားကားလမ်းတွင် မိုင်းယော်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာနေ ခေါင်လွမ်း(ခ)ဘော်စကို ၃၈ နှစ်စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၄၀ဝ၀ဝ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ယူဆောင်သူ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ကျေးရွာနေ အောင်ဇော်ဦး ၅၃ နှစ်အား ၁၂၁၅ အချိန်တွင် လားရှိုးမြို့၊ (၁၂)ရပ်ကွက်၊ သီတာလွင် လမ်းပေါ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၄၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြ...
15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၄၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၄၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-ချင်းရွှေဟော် သွားကားလမ်းတွင် ကွမ်းလုံမြို့၊ ကျုံကျိုင်းကျေးရွာနေ ကျိန်ရှောက်ချွင် ၃၁ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်းပေါင်း ၄၄၂၅ သိန်း )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် ကွမ်းလုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၄၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၄၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၂၁၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-ချင်းရွှေဟော် သွားကားလမ်းတွင် ကွမ်းလုံမြို့၊ ကျုံကျိုင်းကျေးရွာနေ ကျိန်ရှောက်ချွင် ၃၁ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅၀ဝ၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်းပေါင်း ၄၄၂၅ သိန်း )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် ကွမ်းလုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျပ်သိန်း(၆၆၀၀)ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူများကိုသယ်ဆောင်လာသူအား ရေပူဂိတ်တွင်ဖမ်းမိ(ဇွန် ၁၃)၊လားရှိုး - သိန္နီ(ရေပူ)ရှမ်...
14/06/2020

ကျပ်သိန်း(၆၆၀၀)ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူများကိုသယ်ဆောင်လာသူအား ရေပူဂိတ်တွင်ဖမ်းမိ

(ဇွန် ၁၃)၊လားရှိုး - သိန္နီ(ရေပူ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့နယ်အတွင်းဖွင့်လှစ်ထားသော ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဝင်းအတွင်းသို့

ဖြတ်သန်းဝင်ရောက်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ ဘိန်းဖြူဆပ်ပြာခွက် အများအပြားကို ၂၀၂၀ ခုနှစ် ဇွန်လ(၁၃)

ရက်နေ့ နံနက်(၇)နာရီခန့်က ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

ယင်းနေ့နံနက်ပိုင်းအချိန်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့သည် သွင်းကုန်စစ်ဆေးရေး

စင်(အဆင်းလမ်း)တွင် ပုံမှန်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ဦးတည်ထွက်ခွာလာသည့်

ယာဉ်အမှတ် MDY 9H/3816 NISSAN UD အမျိုးအစား(အဝါရောင်)ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မိုးကာစဖြင့်ဖုံးအုပ်၍ တင်ဆောင်လာသော

ဆာလာအိတ်(အစိမ်း) (၁၀)အိတ်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းဆာလာအိတ်များအား ထပ်မံစစ်ဆေးခဲ့ရာ အတွင်းတွင် ရောင်စုံဆပ်ပြာခွက်များအတွင်း ဖြူ/ဝါရောင်အမှုန့်ထားထည့်သွင်းထားသည်ကိုတွေ့ရှိရသဖြင့်

နိုင်ငံတကာအကောက်ခွန်ဌာနများတွင် ပစ္စည်းအမျိုးအစားအားမှန်ကန်တိကျစွာ ဖော်ထုတ်ပေးနိုင်သော အကောက်ခွန်ဆိုင်ရာစစ်ဆေးသည့် RIGAKU စက်ဖြင့်

အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်များအတွင်းရှိ ဖြူ/ဝါရောင်အမှုန့်များသည် စစ်ဆေးသည့်စက်တွင် (He**in) ဘိန်းဖြူဟုစာတမ်းထွက်ပေါ်ခဲ့သည်ဟု

စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက Lashio News Agency သို့ပြောပြသည်။

သယ်ဆောင်လာသူနှင့်အတူဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်ထည့်သွင်းထားသည့် ရောင်စုံဆပ်ပြာခွက်(၂၂၀၀)ခွက် ၊ စုစုပေါင်းအလေးချိန် (၂၂)ကီလိုခန့်

ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း(၆၆၀၀)ကျော်အား သယ်ဆောင်လာသည့်ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ထား

ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယခင်ကလည်း ခရီးသည်ယာဉ်ပေါ်တွင် ခရီးဆောင်အိတ်များအတွင်းထည့်သွင်းကာ သယ်ဆောင်လာသည့်

မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး ယခုအကြိမ်ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါးအများဆုံး ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင်ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

သတင်း - သိန်းမင်းထွန်း (လားရှိုး) / Lashio News Agency
ဓါတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

(Zawgyi)

ကျပ်သိန်း(၆၆၀၀)ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူများကိုသယ်ဆောင်လာသူအား ရေပူဂိတ်တွင်ဖမ်းမိ

(ဇွန် ၁၃)၊လားရှိုး - သိန္နီ(ရေပူ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့နယ်အတွင်းဖွင့်လှစ်ထားသော ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဝင်းအတွင်းသို့

ဖြတ်သန်းဝင်ရောက်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ ဘိန်းဖြူဆပ်ပြာခွက် အများအပြားကို ၂၀၂၀ ခုနှစ် ဇွန်လ(၁၃)

ရက်နေ့ နံနက်(၇)နာရီခန့်က ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

ယင်းနေ့နံနက်ပိုင်းအချိန်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့သည် သွင်းကုန်စစ်ဆေးရေး

စင်(အဆင်းလမ်း)တွင် ပုံမှန်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ဦးတည်ထွက်ခွာလာသည့်

ယာဉ်အမှတ် MDY 9H/3816 NISSAN UD အမျိုးအစား(အဝါရောင်)ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မိုးကာစဖြင့်ဖုံးအုပ်၍ တင်ဆောင်လာသော

ဆာလာအိတ်(အစိမ်း) (၁၀)အိတ်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းဆာလာအိတ်များအား ထပ်မံစစ်ဆေးခဲ့ရာ အတွင်းတွင် ရောင်စုံဆပ်ပြာခွက်များအတွင်း ဖြူ/ဝါရောင်အမှုန့်ထားထည့်သွင်းထားသည်ကိုတွေ့ရှိရသဖြင့်

နိုင်ငံတကာအကောက်ခွန်ဌာနများတွင် ပစ္စည်းအမျိုးအစားအားမှန်ကန်တိကျစွာ ဖော်ထုတ်ပေးနိုင်သော အကောက်ခွန်ဆိုင်ရာစစ်ဆေးသည့် RIGAKU စက်ဖြင့်

အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်များအတွင်းရှိ ဖြူ/ဝါရောင်အမှုန့်များသည် စစ်ဆေးသည့်စက်တွင် (He**in) ဘိန်းဖြူဟုစာတမ်းထွက်ပေါ်ခဲ့သည်ဟု

စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက Lashio News Agency သို့ပြောပြသည်။

သယ်ဆောင်လာသူနှင့်အတူဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်ထည့်သွင်းထားသည့် ရောင်စုံဆပ်ပြာခွက်(၂၂၀၀)ခွက် ၊ စုစုပေါင်းအလေးချိန် (၂၂)ကီလိုခန့်

ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း(၆၆၀၀)ကျော်အား သယ်ဆောင်လာသည့်ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ထား

ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယခင်ကလည်း ခရီးသည်ယာဉ်ပေါ်တွင် ခရီးဆောင်အိတ်များအတွင်းထည့်သွင်းကာ သယ်ဆောင်လာသည့်

မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး ယခုအကြိမ်ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါးအများဆုံး ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင်ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူဘုရားရင်ပြင်ပေါ်မှ ဒီပင်္ကရာဘုရားရုပ်ထု ဖျက်ဆီးသူအား ညချင်းတွင်းဖမ်းဆီးရမိ။ ဖြစ်စဉ် ...
14/06/2020

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူဘုရားရင်ပြင်
ပေါ်မှ ဒီပင်္ကရာဘုရားရုပ်ထု ဖျက်ဆီးသူအား ညချင်းတွင်း
ဖမ်းဆီးရမိ။

ဖြစ်စဉ်
https://m.facebook.com/story.php?story_fbid=713421839229544&id=100016852026775

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when Ko Phoe Thar Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category