Hla Phone Kyaw

Hla Phone Kyaw hla phone

Permanently closed.
ဖယောင်းတိုင်လေးတွေဟာ         တစ်ပါးသူကို အလင်းပေးပြီး      သူ့ဘဝလေးကတော့ အရည်ပျော်ရင်း      အဆုံးသတ်ရရှာတယ်။ အမွှေးတိုင်...
20/09/2021

ဖယောင်းတိုင်လေးတွေဟာ
တစ်ပါးသူကို အလင်းပေးပြီး
သူ့ဘဝလေးကတော့ အရည်ပျော်ရင်း
အဆုံးသတ်ရရှာတယ်။

အမွှေးတိုင်လေးတွေဟာ
အများသူငါအတွက် မွှေးရနံ့ပေးပြီး
ကိုယ်တိုင်မှာတော့ ပြာဘဝနဲ့
ဇာတ်သိမ်းရှာတယ်။

သနပ်ခါးတုံးလေးတွေဟာလည်း
လိမ်းသူတွေကို လှပတင့်တယ်စေပြီး
သူ့ခင်မျာမှာတော့ လုံးပါး,ပါးရင်း
နိဂုံးချုပ်ရှာတယ်။

မိဘတိုင်းဟာလည်း
သားသမီးတွေဘဝလှပစေဖို့
အစစအရာရာ အနစ်နာခံရင်း
လက်ပြနှုတ်ဆက်ကြရှာတယ်။

အဖေအမေဆိုတဲ့ စကားလုံးလေးတွေက
ရှိနေတုန်းမှာသာ ခေါ်နိုင်သေးတာပါ။
မရှိတော့တဲ့အချိန်မှ တန်ဖိုးထားချင်လည်း
မဖြစ်နိုင်တော့တာမို့ ရှိနေခိုက်မှာ ဂရုတစိုက်
ကိုယ့်ရဲ့မိဘတွေကို တန်ဖိုးထားတတ်ကြပါစေ။


်းပညာ

်းပညာ
.cb.🔜.Link 🔜🔜 .m.me/aungn0

အနှေးနဲ့ အမြန်ပါပဲ......ပိုက်ဆံရှိလည်း သေမှာပဲပိုက်ဆံမရှိလည်း သေမှာပဲရုပ်ချောလည်း သေမှာပဲရုပ်ဆိုးလည်း သေမှာပဲဂုဏ်ရှိလည်း...
19/09/2021

အနှေးနဲ့ အမြန်ပါပဲ......

ပိုက်ဆံရှိလည်း သေမှာပဲ
ပိုက်ဆံမရှိလည်း သေမှာပဲ

ရုပ်ချောလည်း သေမှာပဲ
ရုပ်ဆိုးလည်း သေမှာပဲ

ဂုဏ်ရှိလည်း သေမှာပဲ
ဂုဏ်မဲ့လည်း သေမှာပဲ

အဆင့်အတန်းရှိလည်း သေမှာပဲ
အဆင့်အတန်း မဲ့လည်း သေမှာပဲ

မာနကြီးလည်း သေမှာပဲ
မာနမရှိလည်း သေမှာပဲ

အသက်ကြီးလည်း သေမှာပဲ
အသက်ငယ်လည်း သေမှာပဲ

အလုပ်ရှိလည်း သေမှာပဲ
အလုပ်မဲ့လည်း သေမှာပဲ

ဘာသာမတူလည်း သေမှာပဲ
ဘာသာတူလည်း သေမှာပဲ

ပညာတတ်လည်း သေမှာပဲ
ပညာမတတ်လည်း သေမှာပဲ.....

သက်ရှိ မပြောပါနဲ့
သက်မဲ့တွေတောင် ယိုယွင်းပျက်စီး ကျိုးပဲ့သေးတာပဲ
သက်ရှိဆိုတာလည်း
ပျက်စီးမယ့်နေ့ဆိုတာ ရှိပြီးသားပါ

သတ္တဝါမှန်သမျှ သေမျိုးချည်းပါပဲ
အရာအားလုံးဟာ မမြဲခြင်းနဲ့ပဲ
အဆုံးသတ်တယ်....

သို့ပေမယ့်
မသေခင်တော့ တန်ဖိုးရှိသင့်ပါတယ်....

လူဖြစ်ခိုက်လေးမှာ
မေတ္တာ တရား ပွားများကြစေချင်တယ်
တစ်ဖက်သားအပေါ် စာနာစိတ်ရှိစေချင်တယ်

အကြင်နာတရား ရှိစေချင်တယ်
အသိတရား ရှိစေချင်တယ်

ရိုးသားဖြူစင် သန့်ရှင်းစွာ နေထိုင်စေချင်တယ်
အပြုံပန်းတွေ ပွင့်စေချင်မိတယ်

ကောင်းမှုကုသိုလ် များများလုပ်စေချင်တယ်

စေတနာ ကို
မတုန့်ပြန်ချင် နေပါ
စေတနာကို မစော်ကားမိပါစေနှင့်။

အရှင်ဇဝန ဥာဏ
🙏🙏🙏🙏🙏

ငွေကို ချွေတာ သုံးကြပါတော့အလှူပြုကြပါကပ်သုံးပါးသည် ..တစ်ခုလာလျှင်တစ်ခုပြီး တစ်ခု ဆက်တိုက်ကျရောက်တတ်သည်ဟု သိရပါသည်။ ဖြစ်လ...
19/09/2021

ငွေကို ချွေတာ သုံးကြပါတော့
အလှူပြုကြပါ

ကပ်သုံးပါးသည် ..တစ်ခုလာလျှင်

တစ်ခုပြီး တစ်ခု ဆက်တိုက်
ကျရောက်တတ်သည်ဟု သိရပါသည်။
ဖြစ်လည်း ဖြစ်နိုင်ပါသည်။

မနှစ်က ကပ်ရောဂါ ဖြစ်ခဲ့ပါသည်။
ယခု လက်နက်ဘေး၊ စစ်ဘေး
ကျရောက်နေပါသည်။

ပြီးလျှင် ... အစာရေစာ ငတ်မွတ်
ရှားပါးသော ကပ်
ဆိုက်လာနိုင်သည်ဟု ဆိုပါသည်။

ဖြစ်လည်းဖြစ်နိုင်ပါသည်။

သို့ပါ၍ ယခုအချိန်မှ စပြီး ငွေကို
ချွေတာ သုံးစွဲသင့်ပါသည်။

အစားအစာ၊ ဆေးဝါး အတွက် သာ
အဓိက သုံးစွဲသင့်ပါသည်။

မရှိမဖြစ် ပစ္စည်းများကိုသာ
ဝယ်ယူသင့်ပါသည်။

ဘာသာတရား လုပ်ချိန် ကိုလည်း
ပို၍ တိုးမြှင့်ကြရပါတော့မည်။

နေ့စဉ် နေ့တိုင်း
ဘုရား ရှိခိုး ၊ ဝတ်ပြုကြပါ။
ပရိတ် ပဌာန်း ၊ ဂါထာတော်များ
ရွတ်ပွား ပူဇော်ကြပါ။

မေတ္တာ စိတ် ၊ သည်းခံ စိတ် ထားရပါမည်။
ဒေါသ ဖြင့် မပူလောင်ကြစေလိုပါ။

ကံ က သူ့အလုပ် သူလုပ်ပါလိမ့်မည်။

တစ်နေ့တာ ရရှိကြသော
အချိန်သည်မိမိတို့အတွက်
လွန်စွာ နည်းပါးလှ၍

မိမိတို့ အတွက် အကျိုး ရှိအောင်
အသုံးပြု ကြရမည်။

*ဘာသာရေး များများပြုလုပ်ကြပါရန်

#ကပ်သုံးပါးမှလွတ်မြောက်ကြပါစေ
#မေတ္တာဖြင့်
#လေးစားစွာဖြင့်

Credit...
်းပညာ

်းပညာ
.cb.🔜.Link 🔜🔜 .m.me/aungn0

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။ ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။သူ့အပေါ်နင်းသွားလည...
18/09/2021

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

တစ်ချို့သူတွေက "လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပို့တယ်။

တစ်ချို့သူတွေက "မီး" နဲ့တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

တစ်ချို့သူတွေက "နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့် အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

တစ်ချို့သူတွေက "လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့် သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့ ...

တစ်ချို့သူတွေက "သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေ လည်းပေးတယ်။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

သင်ရော ဘယ်လိုလူမျိုးလဲ.... ?

ဦးဘုန်း(ဓာတု)

 #အကြိုက်ဆုံးစကားစုတစ်ချို့*ငါးကြီးကြီးလိုချင်ရင်ပင်လယ်ထဲကိုသွားပါဒါပေမဲ့ မုန်တိုင်းတော့ရှိပါလိမ့်မယ်*ဘဝကိုကြက်တူရွေးလို...
03/09/2021

#အကြိုက်ဆုံးစကားစုတစ်ချို့

*ငါးကြီးကြီးလိုချင်ရင်ပင်လယ်ထဲကိုသွားပါ
ဒါပေမဲ့ မုန်တိုင်းတော့ရှိပါလိမ့်မယ်

*ဘဝကိုကြက်တူရွေးလိုမနေဘဲ
သိန်းငှက်လိုကျင့်ကြံပါ
ကြက်တူရွေးကစကားတတ်ပေမဲ့အမြင့်မပျံနိူင်ဘူး
သိန်းငှက်ကနူတ်ဆိတ်ပေမဲ့ မိုးထိအောင်ပျံနိူင်တယ်

*ကြိုးစားတဲ့လူတိုင်းကမအောင်မြင်ပါဘူး
ဒါပေမဲ့.. အောင်မြင်နေတဲ့သူတိုင်းက
ကြိုးစားခဲ့ကြပါတယ်

*လမ်းပျောက်နေလို့စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မဲ့လမ်းက ကိုယ်တိုင်ဘဲဖောက်ရမှာပါ

*လူ့သက်တမ်းကအကန့်သတ်ရှိတာမှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှုရလဒ်ကတော့အကန့်သတ်မရှိပါဘူး

*အစိတ်စိတ်ကွဲနေတဲ့ဖန်ကွဲစကပြောတယ် ဖြစ်ပီးမှနောင်တရနေရင်အလကားဘဲ

*ဘောပင်ကပြောတယ် မင်ကုန်ရင်လွင့်ပစ်လိုက်ပါ
မင်းအတွက်အသုံးမဝင်တာကိုသိမ်းမထားပါနဲ့

*တံခါးပေါက်ကပြောတယ်ငါ့ကိုဖွင့်ပီး
မင်းအောင်မြင်မှုလမ်းကြောင်းကိုရောက်အောင်သွား

*မီးသီးကပြောတယ် ဘဝကိုတောက်ပအောင်
လုပ်ပါတဲ့

*ပြတင်းပေါက်ကမြင်ရတဲ့လမင်းကပြောတယ်
ရည်မှန်းချက်ကိုမြင့်မြင့်ထားတဲ့

*ပြက္ခဒိန်ကပြောတယ်ကုန်လွန်သွားတဲ့ရက်စွဲတွေက
နောက်ပြန်လှည့်လို့မရဘူး

*စာအုပ်တွေကပြောတယ် ဗဟုသုတကိုဝယ်လို့မရဘူး ဖတ်ပီးမှတ်လို့ဘဲရတယ်

*ဓားတစ်လက်ကပြောတယ် မသုံးဘဲထားရင်
တုံးသွားလိမ့်မယ်တဲ့

*နာရီလေးကပြောတယ်
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး

*ရေသန့်ဘူးကပြောတယ် စိတ်ကိုကြည်လင်အောင်ထားဘဝကိုသန့်ရှင်းအောင်နေတဲ့

*ပိုက်ဆံလေးကပြောတယ်များများသုံးချင်ရင်များများရှာတဲ့😊

Thinzarnyein
Credit. ..

မေတ္တာဖြင့်....

Oakar Aung

ကိုယ့်အမှားကို ကိုယ်ကိုယ်တိုင်ပြုပြင်ပါ ကိုယ့်ကိုယ်ကိုဝေဖန်ပါ ကိုယ့်အိမ်မက်ကို ကိုယ်ကိုယ်တိုင် အကောင်အထည် ဖော်ပါ လျှောက်...
03/09/2021

ကိုယ့်အမှားကို

ကိုယ်ကိုယ်တိုင်ပြုပြင်ပါ

ကိုယ့်ကိုယ်ကိုဝေဖန်ပါ

ကိုယ့်အိမ်မက်ကို

ကိုယ်ကိုယ်တိုင် အကောင်အထည် ဖော်ပါ

လျှောက်နေတဲ့ လမ်းကို

မတွေဝေဘဲ ရောက်အောင်သွားပါ

အမုန်းတွေကို လျစ်လျူးလို့

အပြုံးတွေနဲ့ သာရှေ့ဆက်ပါ

အလင်္ကာ

📚စာပေ ဖတ်ဖို့ ညီမလေးaccကိုဖိတ်ခေါ်ပါရစေ

Follow လေးလုပ်ပေးကြပါအုံးနော် 😍

(ကလောင်နာမည်ဖြုတ်ပြီး copy ယူခွင့်မပြုပါ )

03/09/2021

Address

Tatkon

Website

Alerts

Be the first to know and let us send you an email when Hla Phone Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category