Ato Looking for something

03/01/2026

အခုနောက်ပိုင်းမှာ
အမင်္ဂလာသတင်း post တွေကို အရမ်းများလာတာ သတိထားမိတယ်။

သေဆုံးသူရဲ့ ဓာတ်ပုံနဲ့အတူ
စာလုံးပေါင်းသတ်ပုံမမှန်တဲ့ စာကြောင်းရှည်ရှည်တွေကို
နွဲ့နွဲ့ညံ့ညံ့ ဖွဲ့ရေးပြီး Public အနေနဲ့ ဖြန့်ဝေနေကြတာတွေပါ။

ဒါကိုကြည့်ပြီး မေးချင်တာက—
ဘာရည်ရွယ်ချက်နဲ့ ဒီလိုရေးတင်ကြတာလဲ ဆိုတာပါ။

မသေခင်က
သူ့ကို ဘယ်လောက်ချစ်ကြောင်း၊
ဘယ်လောက်တန်ဖိုးထားကြောင်း
အဲ့ဒီအချိန်တုန်းကပဲ ဖော်ပြခဲ့ကြရင်
ပိုပြီး မင်္ဂလာရှိမနေဘူးလား။

အခုတော့
သေဆုံးပြီးမှ
“ဖြစ်မှဖြစ်ရလေ”
“အစောကြီးပဲရှိသေးတယ်”
“ထွက်သွားပြီလား”
ဆိုတဲ့ စကားလုံးတွေကို အစချီပြီး
စာရေးဆရာလိုလို၊ အနုပညာရှင်လိုလို
စာအရှည်ကြီးတွေကို ဖွဲ့ရေးလာကြတယ်။

ဒါပေမယ့်
အကြောင်းအရင်းအစုံလည်း မပါဘူး
မေးမြန်းရင်လည်း မဖြေဘူး။

ဒါဆိုရင်
ဘာကြောင့် Public အနေနဲ့ မျှဝေနေရတာလဲ။

ကိုယ့်ခံစားချက်ကို ဖွင့်ဟချင်တယ်ဆိုရင်
Only Me နဲ့တင်လည်းရပါတယ်။
အဲ့ဒါမှ မလုံလောက်သေးရင်
Friends Only နဲ့ မျှဝေလည်းရပါတယ်။

အခုလို
လူတိုင်းမြင်နိုင်အောင် တင်နေကြတာက
ဘာရည်ရွယ်ချက်ကြောင့်လဲဆိုတာ
တကယ်ကို နားမလည်နိုင်ပါဘူး။

နောက်ဆုံးတစ်ချက်တော့ ပြောချင်ပါတယ်—
စာရေးဆရာဖြစ်ချင်ရင်
အနည်းဆုံးတော့
စာလုံးပေါင်းသတ်ပုံကို မှန်အောင်
ကြိုးစားစေချင်ပါတယ်။

Happy New Year
31/12/2025

Happy New Year

12/04/2024
18/06/2022

လူတူမရှား နံမယ်တူမရှား


Ideas of small bedroom Design Credit original uploader
18/05/2022

Ideas of small bedroom Design


Credit original uploader

21/01/2021

Be Taw & Hla Han

သူများနိုင်ငံမဟုတ်ဘူးနော် မြန်မာပြည်မှာပါ😇ရွှေဘတောင်မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ယင်းမာပင်ခရိုင်၊စစ်ကိုင်းတိုင်းဖိ...
24/12/2020

သူများနိုင်ငံမဟုတ်ဘူးနော် မြန်မာပြည်မှာပါ😇

ရွှေဘတောင်
မုံရွာတစ်ဘက်ကမ်း
ဆားလင်းကြီးမြို့နယ်၊
ယင်းမာပင်ခရိုင်၊စစ်ကိုင်းတိုင်း
ဖိုးဝင်းတောင်ဘက်ကိုသွားတဲ့လမ်းတွေကျော်ပြီးမှရောက်တဲ့‌‌နေရာလေး တော်တော်သွားရတယ်။ကျောက်သားတွေလည်းဘေးဘက်မှာများတယ်

ဘာနည်းပညာအကူအညီမှမပါပဲ
ကျောက်တောင်ကြီးတစ်ခုလုံးကို
လက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

အံသြရပါပေတယ် 😱
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်
ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်း
ဂုဏ်ယူမိပါတယ်။ နှစ်ပေါင်း ၉၀၀တိုင်အောင်
ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့
ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။


ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊
ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနဲ့ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့
ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ
အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း
စစ်ကိုင်းတိုင်း‌ဒေသကြီး ယင်းမာပင်မြို့နယ်တွင်
တည်ရှိတာပါ။
ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း
ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်းကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေက‌တော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။ ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ
မြန်မာမှုလက်ရာကျောက်ပန်းတမော့နှင့်
ကျောက်လက်မှုပညာစစ်စစ်တွေနဲ့သာထွင်းထုထားပါတယ်။

ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကား
ကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ‌
ကျောက်နံရံကို ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှုတွေ၊ ‌ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး
အတွင်းမှာ စေတီများ ဘုရားများ
တည်ထားပါသည်။

နောက်ထပ် အထင်ကရနေရာကတော့
ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့
ပုဂံခေတ်အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင်အကြီးကြီးတွင်
ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပု
လက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ ‌‌ရွှေဘတောင်ဟူ၍အမည်တွင်
ရခြင်းပါ၊ ကျောက်ထွင်းအနုပညာရှင်ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှမပါဝင်ပဲ
လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကိုထွင်းထုခဲ့ကြပါတယ်။

ထိုသို့ကျောက်သားများကိုထွင်းထုရာတွင်
ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။
ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။
လိုသလိုပုံသွင်းနိုင်ပြီးနောက်မှအလိုလိုမာသွားကာ ဖြတ်သုံး၍ရသောကျောက်ဖြစ်ပါတယ်။

လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ်အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့
ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့တွေ့ရပါတယ်။

ဥပမာပြောရရင် အဆောက်အဦးတွေနားအမှိုက်ပွနေခြင်းတွေ၊ ‌ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ခေတ်လက်ရာဆေးများသုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့
ရွှေဘတောင်ကို ဝင်ပြီးမြန်မာကျောက်ပန်းပု
လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲတေးထားသင့်နေလေပြီ။

crd ပါ

Ko NayMann


မိမိ  ဂီတာကိုတန်ဖိုးထား  ချစ်မြတ်နိုးပါ ..... 💜       ဂီတာတစ်လုံးကို ရိုသေစွာဖြင့် စည်းကမ်းတကျကိုင်တွယ်မည်ဆိုလျှင် ကာလအတ...
11/10/2020

မိမိ ဂီတာကိုတန်ဖိုးထား ချစ်မြတ်နိုးပါ ..... 💜

ဂီတာတစ်လုံးကို ရိုသေစွာဖြင့် စည်းကမ်းတကျကိုင်တွယ်
မည်ဆိုလျှင် ကာလအတန်ကြာသည်အထိ အသုံးပြုနိုင်ပါလိမ့်
မည် မိမိဂီတာကို စည်းကမ်းတကျတရိုတသေရှိဖို့တော့လိုအပ်
ပါ လိမ့်မည် ။ မိမိ၏ခံစားချက်များအား သံစဉ်ဖြင့်ဖော်ကျူးဖြေ
ဖျောက်ပေးစွမ်းနိုင်သော ကိုယ့်ရဲ့ အဖော်ဂီတာဟာ သက်မဲ့ဖြစ်
တဲ့အတွက် မိမိကဂရုစိုက်မှသာ သူ၏သက်တမ်းမှာကြာရှည်ခံမှာ
ဖြစ်တယ် ။ ဂီတာ၏သက်တမ်းကြာရှည်လေ အသံကျင့်ထားပြီး
ဖြစ်သကဲ့သို့ အသံထွက်အားကောင်းလေလေ ဖြစ်သည် ။ ထို့
ကြောင့် မိမိဂီတာအားတယုတယဖြင့် ကိုင်တွယ်သုံးစွဲစေချင်ပါ
သည် ။

မိမိ ဂီတာကို ဘယ်လိုထိန်းသိမ်းထားရှိမလဲ..... ?

1. မိမိ ဂီတာအတွက် ဂီတာထည့်ရန် အိတ်တစ်လုံးဝယ်ပါ ။

ဂီတာအိတ်သည် တန်ဖိုးအားဖြင့် ၅၀၀၀ ထောင်ခန့်သာရှိသည်။
ဂီတာအိတ်သည် အထူ ၊ အပါး အလိုက်စျေးနှုန်းအမျိုးမျိုး ကွာ
ခြားမှုရှိနိုင်သည် ။ ဂီတာ အိတ်သည် size အရွယ်အစား အမျိုး
မျိုးရှိသောကြောင့် မိမိ ဂီတာ size အရွယ်အစား အတိုင်းမေး
မြန်းဝယ်ယူရမည် ။ မိမိ ဂီတာမှာသေးပြီး ဂီတာအိတ်မှာကြီးနေ
လျှင်အိတ်မှာချောင်ချိပြီးဂီတာမှာအိတ်ထဲတည်ငြိမ်မှုမရှိပဲ လှုပ်
ရမ်းနေပါကလည်း အဆင်မပြေနိုင်သောကြောင့် တိုင်းထွာဝယ်
ယူသင့်ပါသည်။ ဒါကြောင့်အရွယ်အစားမျှတမှုရှိအောင်ဝယ်ပါ
ဂီတာ ကိုအိတ်ဖြင့်ထည့်ခြင်းအားဖြင့် ဖုန်မတက်နိုင်ပါ ။ ပြင်ပ
လေဒဏ် ၊ မိုးဒဏ် တိုက်ရိုက် မထိသဖြင့် ဂီတာကြိုးများ ၊ key
များ အလွယ်တကူသံချေး မတက်နိုင်ပါ ။ဂီတာ ဖုန်မတက်သော
ကြောင့် ခနခန သန့်ရှင်းရေးလုပ်စရာမလိုပဲအစဉ်အမြဲ သန့်ရှင်း
တောက်ပြောင်နေပါလိမ့်မည်။ဂီတာကိုအိတ်ဖြင့်ထည့်ထားခြင်း
ကြောင့် ပြင်ပ အပူချိန်အအေးချိန်တိုက်ရိုက်မထိနိုင် သဖြင့်
ဂီတာ၏ဆေးသား Colour အရောင်လျော့ကျမှုကိုကာကွယ်
နိုင် ပြီးသားဖြစ်သဖြင့် သင်၏ ဂီတာအမြဲပင်သစ်လွင်တောက်
ပနေပါ လိမ့်မည် ။ အိတ်ဖြင့်အမြဲထားသို သောဂီတာနှင့် ပြင်
ပတွင်ထားသောသောဂီတာကို ယှဉ်ကြည့်ပါက သိသာပါမည်။
မိမိ ဂီတာကို အိတ်ဖြင့်ထည့်ကာ အပြင်သို့သယ်ဆောင်ပါက
လည်း နေရောင် ခြည် နှင့် မိုးရေ ထိ တွေ့မှု ဒဏ်မှအထိုက်
အလျောက်ကာကွယ် ထားပြီးသားဖြစ်သည်။ဂီတာကိုလက်ဖြင့်
ကိုင်သယ်ဆောင်ခြင်းထက် ဂီတာအိတ်ဖြင့်လွယ်ကာယူဆောင်
င်ပါက ပို၍ STYLE စတိုင်လ် ကျခန့်ငြား မှုရှိသည် ။
ပြည်တွင်း ပြည်ပ သို့သွားလာ
တတ်သူများသည် လေဆိပ်များသို့ ဖြတ်သန်း ဝင်ရောက်ပါက
ဂီတာကို အိတ်ဖြင့်သာ သယ်ဆောင်ခွင့်ပေးသည် ကိုသတိပြုပါ
ဂီတာကို အိတ်ဖြင့်ထည့်ထားပါက ကလေး ငယ်များရှိနေသော
အိမ်တွင် ကလေးများအတွက် ဘေးအန္တရာယ် အလွယ်တကူ
မထိခိုက် မကျရောက်နိုင်ပါ ။
ဥပမာ... ကလေးများ ဂီတာကို အမှတ်တမဲ့ ဆွဲယူဆော့
ကစား မိပါက ဂီတာကြိုးပြတ်ကာ ကလေးမျက်စိ စင်
တတ်ခြင်း ၊ အခြားသောထိခိုက် ဒဏ်ရာ ရရှိခြင်းတို့ မှကင်း
ဝေးစေနိုင်ပါ လိမ့်မည် ။ ထို့ကြောင့် ဂီတာရှိလျှင် ဂီတာ
အိတ်လေးတော့ ရှိနေရပါမည် ။

2. ဂီတာကို အမြင့်ကြီး တွင်ချိတ်ဆွဲမထားသင့်ပါ ။

မိမိ ဂီတာကို အရမ်းမြင့်ကြီးမှာ ချိတ်ဆွဲမထားသင့်ပါ ။
သင့်တင့်သော နေရာတွင်သာထားသင့်သည် ။ အမြင့်တွင်
ချိတ်ဆွဲထားရှိပါကမတော်တတစ်ဆ ပြုတ်ကျသည်ရှိသော်
ဂီတာအိုးဖင်ပွင့်သွားနိုင်သောကြောင့် ပုံမှန်အနေထားတွင်
သာ ထားရှိသင့်ပါသည် ။ ထိုသို့ ဂီတာပြုတ်ကျပါက အခြား
သူများကိုပါ ထိခိုက်ဒဏ်ရာရရှိစေတတ် ပါသည် ။
လေတိုက်ကြမ်းသော နေရာများတွင် လေဒဏ်ကြောင့် ပြုတ်ကျ ခြင်းများလည်းရှိတတ်သည် ကိုသတိပြုပါ ။ ဂီတာ
အိုးပွင့်သွားပါက အသံပျက်စီးသွားတတ်ပြီး ထပ်မံပြင်ဆင်
ပါ ကလည်း ကုန်ကျမည် ဖြစ်သဖြင့် အဖြစ်မီကကြိုတင်ကာ
ကွယ်ပါ ဂီတာကို လဲကျဖို့ လွယ်ကူမယ့်နေရာ မျိုးတွင်လည်း
ထောင်မထား သင့်ပါ ။ ဂီတာထားရန်အတွက် တည်ငြိမ်ပြီး
သင့်လျော်မယ့် နေရာလေးတစ် ခုတော့ လိုအပ်ပါလိမ့်မည် ။
Guitar Stand ရှိလျှင် Stand ဖြင့် ထားပါ ။ မရှိပါက
အိတ်ဖြင့်ထည့်ထားပါကလည်း အဆင်ပြေသည်။မဖြစ်မနေ
ဂီတာကိုချိတ်ထားရမည် ဆိုပါကလည်း မမြင့်လွန်းသော လေကွယ် နိုင်သော နေရာတွင် ထားရှိရမည် ။

3. ဂီတာကိုနေရောင်ခြည်နှင့်စွတ်စိုမှုမရှိသောနေရာတွင်ထားပါ

မိမိ ဂီတာကိုနေရောင်ခြည်ကျတတ်သော စွတ်စိုထိုင်းမှိုင်း
သောနေရာမျိုးတွင်မထားရပါ ။ ဂီတာကို နေရောင်ခြည် ထိ တွေ ့ပါကအပူရှိန်ကြောင့် ဂီတာလက်တံကော့တက်လာခြင်း
ဂီတာအိုးအဖုံး များခွက်ခြင်း ၊ ဂီတာ Colour အရောင်များ
လွင့်ပြယ်ခြင်း ။ ဂီတာအသံကြောင်ခြင်း ၊ဂီတာအိုးအသံထွက်
ပေါက်အနောက်နားက ကြိုး ထည့်ရတဲ့ သစ်သား Break ခုံ နေရာများဟကာ ကြွတက်လာခြင်း ဖြစ်တတ်ပါတယ် ။ ဂီတာ
ကြိုးများ တင်းလွန်းနေပါကအပူချိန်ထိတွေ ့လျှင်ဂီတာလက်
တံကော့ခြင်း ဖြစ်စေဖို့ 80 % ရှိနေပါတယ် ။
သုံးထပ်သားဖြင့်ပြုလုပ်ထားသောတန်ဖိုးနည်း
ဂီတာများတွင် ပို အဖြစ်များတတ်သည်ကို တွေ့ရသည် ။
ပုံမှန်မဟုတ်ပဲ စွတ်စို ထိုင်းမှိုင်းသော နေရာတွင် ဂီတာကို
ထားရှိပါက ချွေးငွေ ့ပျံ တတ်ပါတယ် ။ ဘယ်လိုသိနိုင်မည်
လဲဟု မေးလျှင် ထိုဂီတာကို ယူတီးကြည့်သောအခါ ဂီတာ
လက်တံ တွင် ကပ်စေးစေး ဖြစ်နေတတ်ခြင်း ၊ စိုစွတ်နေခြင်း
များရှိနေသကဲ့သို့ ခံစားသိရှိနိုင်သည် ။
ထိုဖြစ်ရပ်သည် မိုးရာသီတွင် ပိုမို ဖြစ်ပေါ်တတ်သည် ။
ထိုသို့ ဖြစ်လျှင် ဂီတာကို အဝတ်ခြောက် သန့်သန့်ကို ယူ ပြီး
ဂစ်တာကို ခြောက်သွေ ့သွားအောင် သုတ်ကာ သန့်ရှင်းရေး
ပြုလုပ်ပေးရပါမယ် ။ ဂစ်တာကို တီးပြီးလျှင်လည်း အဝတ်
ခြောက် ဖြင့် သုတ်ကာ သန့်ရှင်းရေး လုပ်ပြီး သိမ်းဆည်းရပါ
မည် ။ အိတ်ရှိပါကအိတ်ဖြင့်ထည့် အိတ်မရှိပါက အဝတ်တစ်
ခုခု ဖြင့်ဂီတာကို ဖုံးအုပ်ထားပါ ။

4. ဂီတာကို ရေ / မိုးရေ မစိုအောင်ဂရုစိုက်ပါ ။

ဂီတာသည် သစ်သားကို ၎င်း သုံးထပ်သားကို ၎င်း ကြိတ်သား
ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ရေထိမခံပါ ။ ရေထိပါက
ဂီတာကြိုးများကို လျှော့ပစ်ပါ ။ ဖြစ်နိုင်လျှင်ထိုကြိုးများကို
ဖြုတ်ထုတ်ပါ ။ ပြီးလျှင် ဂီတာကို အလျှင်မြန်ခြောက်သွေ ့
အောင်ပြုလုပ်ပါ ။ ရေများကို အဝတ်ခြောက်ဖြင့် သုတ်ပါ ။
ဂီတာ အိုးအတွင်းသို့ လက်ဖြင့်နှိုက်ကာသုတ်ပေးပါ ။
ရေကြာကြာထိပါက ဂစ်တာမှာ ပျက်စီးဖို့ရန် 85 %
ရှိသောကြောင့် ရေမစိုရန် ဂရုပြုပါ ။ သုံးထပ်သား ဖြင့်ပြု
သော တန်ဖိုးနည်းဂီတာများ သည်လုံးဝရေ ထိ၍ မရပါ ။
သုံးထပ်သား သည် ရေထိတာနှင့်ပွကာ ပျက်စီးသွားတော့
သည် ။ မိုးရေသည် ACID အက်ဆစ် ဓာတ်ပါသော
ကြောင့် ပိုမိုပျက်စီးရန် လွယ်ကူပါသည် ဂီတာကြိုးများကို
ရေမထိ ရေမစိုအောင်ဂရုစိုက်ရပါမည် ။ ဂီတာကြိုးများ
ရေစိုပါကသံကြေးကိုက်ပြီး မကြာခနပျက်တတ်ပါသည် ။
မိုးရေ ဂီတာကိုထိပါက ချက်ချင်းမသုတ်လျှင် ဂီတာဆေး
များကွက်သွားတတ်ပြီး နောက်ဆက်တွဲပြသနာများရှိ နေ
သောကြောင့် ဂီတာကို ရေမထိရန်အရေးကြီးကြောင်းသတိ
ထားရမည် ။မိုးရာသီ အပြင်သို့ မဖြစ်မနေသယ်ဆောင်သွား
ရမည်ဆိုပါက ဂီတာကို ပလတ်စတစ် အိတ်ဖြင့်လုံခြုံစွာထည့်
ပြီး အပေါ်မှရေမစိုအောင် ကာကွယ် ထုပ်ပိုးယူဆောင်ရမည်။
အချို့ ဂီတာအိတ်သည်ပင် မိုးရေဝင်နိုင်သောကြောင့်ပလတ်
စတစ်အိတ်ဖြင့် ထည့်ပြီးမှဂီတာကို ဂီတာအိတ်အတွင်းသို့
ထည့်သွင်းယူဆောင်သင့်ပါသည် ။

5. ဂီတာမတီးသောအချိန်များတွင်ဂီတာကြိုးများလျှော့ထားပါ


ဂီတာမတီးတော့လျှင် ဂီတာကြိုးများကို လျှော့ထားသင့်
သည်။ဂီတာ ကြိုးများကို အကုန်မလျှော့ချင်ရင်တောင်
6,5,4,3 ကြိုးများကိုလျော့ထားသင့်ပါသည်။ ကြိုးလျှော့
ထားရခြင်းရလဒ်မှာ ဂစ်တာလက်တံ ကော့တက်ခြင်း ၊
Break ခုံ နေရာကော့တက်ခြင်း ၊ ဂီတာအိုးခွက် သွားခြင်း
့တော်တန်ယုံမဖြစ်နိုင်ပါ ။ အပူပိုင်းဒေသများတွင် ဂစ်တာ
တီးပြီးတိုင်း ဂီတာကြိုးများကို မဖြစ်မနေလျှော့ထားသင့်
သည် ။ဂီတာမှာ ကြိုးတင်းအားကြောင့်အပြင်အပူပိုင်းဒေသ
( သို့ )အပူချိန် ကြောင့် ၎င်း ဂီတာလက်တံများကော့တက်
လာနိုင်သည်။ မိမိတီးကာနီးအချိန်မှ ဂီတာကိုကြိုးပြန်ညှိခြင်း
ဖြင့် မိမိ ဂီတာကို ပုံမှန်ထက်ပို၍သက်တမ်းကြာရှည်စေနိုင်
သည် ။ ဂီတာကြိုးလျှော့ထားခြင်းကြောင့်ကလေးငယ်များ
ရှိသောအိမ်တွင် ကလေးများ မတော်တစ်ဆ ဂီတာကိုယူက
ကစားမိပါကလည်း ကြိုးအလွယ်တစ်ကူ မပြတ်နိုင်သဖြင့်
မလိုလားအပ်သော အန္တာရာယ်များ မကျရောက်နိုင်ပါ ။
ထို့ကြောင့် ဂီတာကို တီးပြီးသောအခါများတွင် ကြိုးလျှော့
ထားခြင်းကြောင့် ပုံမှန်ထက်ပို၍ သက်တမ်း ကြာရှည်စွာ
တည်မြဲနိုင်ပါမည် ။

6. ဂီတာကိုအန္တရာယ်ကင်းစွာထားပါကလေးများပေးမဆော့ရ

ဂီတာသည် ကြိုးတပ်တူရိယာဖြစ်ပြီး ဂီတာကြိုးများ
သည် သံမဏိ ကြိုးများထည့်သွင်းပတ်ခွေထားသဖြင့်တော်ယုံ
ကြိုးများနှင့်မတူ။ ကြိုးပြတ်ဖို့ ခဲယဉ်းသလို ကြိုးပြတ်လျှင်လဲ
ကြိုးတွန်းကန်ကားမှာအရှိန်အလွန်ပြင်းစွာဖြင့် လွင့်စင်ကန်
ထွတ်သည်ကို သတိပြုပါ ။ ထို့ကြောင့် ဂီတာအနီး ၊ ဂီတာအ
ရှေ့တွင်ကလေး ၊ လူကြီးများ ရှိမနေစေရန်အထူးဂရုပြုပါ ။
ကလေးများအား ဂီတာကို လုံးဝပေးမဆော့သင့်ပါ ။ ဂီတာ
ကြိုးပြတ်ပြီး မျက်စိစင်လိုက်လျှင်မျိုးကန်းသွားပါလိမ့်မည်။
အန္တရာယ်ကိုမည်သူမျှကြိုမမြင်နိုင်သောကြောင့် ကြိုတင်
ပြင်ဆင်ထားပါမှတော်ကာကျလိမ့်မည် ။
ELECTRIC GUITAR လျှပ်စစ်ကြိုး
တပ် ကာတီးရသော ဂီတာသမားများ ပို၍သတိထားရပါမည် ။ထိုလျှပ် စစ်ဂီတာကိုအန္တရာယ်ကင်းသော နေရာတွင်တပ်ဆင်
တီးခတ်၍ တီးပြီးသောအခါများတွင် စနစ်တကျ သေချာဖြုတ် သိမ်းဆည်းရမည်ကိုသတိပြုကြပါ။ ကလေးများသည် ကြိုးများ
နှင့်တွေ ့ကရာပါးစပ်ထဲထဲ့တတ်ကြသောကြောင့် လျှပ်စစ်ဂီတာ
pin ကြိုးခေါင်းများကို ဖြစ်သလို မထားခဲ့ကြရန်အထူးမှာကြား
လိုသည် ။ သိပ်မကြာမီအချိန်ကမြန်မာ ပြည်တွင်း၌ပင် ဂီတာ
နည်းပြတစ်ယောက် လျှပ်စစ်ဂီတာကို ကြိုးတပ်တီးနေရင်း
အောက်ခံကြမ်းပြင်မှာ ရေစိုနေသည်ကို ဂရုမပြုမိသဖြင့်
ဓာတ်လိုက်သေဆုံးသွားခဲ့သည်ကို တွေ့မြင်လိုက်ရပါသည် ။
မိမိအသက်အန္တရာယ်ကို မပေါ့ဆပဲ ဂရုပြုရန် မိမိတွင်သာ
တာဝန်ရှိသည်ဟု မှတ်ယူထားပါ.....

... အစစ အရာရာ ကို သတိထားဆင်ခြင်နိုင်ကြပါစေ....

သင်ဆရာ မြင်ဆရာ ကြားဆရာတို့အား ဂုဏ်ပြုလျှက်
ဂီတပျိုးခင်း page 12.6.2018
ဂီတပျိုးခင်း - ဂီတာအခြေခံပုံပြlesson
မှပြန်လည်ကူးယူ​ဖော်ပြသည်။
#ဂီတပျိုးခင်း


Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Ato posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share