khun Thaung Han

khun Thaung Han feeling

🚩ဟိုတယ်သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကိုဓာတ်လှေကား တပ်ချင်တော့ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီးအလုပ်အပ်တယ်.အဲဒီ...
16/03/2024

🚩ဟိုတယ်သူဋ္ဌေးတစ်ယောက်က
သူ့ ဟိုတယ်ကိုဓာတ်လှေကား
တပ်ချင်တော့ကျွမ်းကျင်တဲ့
အင်ဂျင်နီယာတစ်ယောက်ကို
ခေါ်ပြီးအလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.သန့်ရှင်းရေး
အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

ဆရာ ဘာတွေလုပ်နေတာလဲဟင်?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

အဒေါ်ရေ ဓာတ်လှေကားတပ်မလို့
အဲဒါ အပေါက်တွေဖောက်ရမှာ
လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့
အာရုံစိုက်မလို့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး...

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,,
တယ်ဟုတ်ပါလား
ဒါဆိုအပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို
နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ထရပ်ကားအမိုးတွေနဲ့မလွတ်တာပါ,,,
အများကြီးမလွတ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီ ရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို
လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စီးသလိုဖြစ်ပြီး
တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒီမှာအင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒီအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,

ဟိုလေ တံတားအမိုးနဲ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့ ခေါင်းနဲ့
ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

သင်ခန်းစာ_____

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့
ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။

ဒီစာစုလေးကို ဖတ်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ချောင်ကျသောရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။

ရွာသို့ရောက်သော်လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား
ခင်ဗျား သင်္ချာဗေဒတတ်သလား
ကျွန်တော် မတတ်ပါဘူး
ရူပဗေဒ တတ်သလား
ဒါလဲ မတတ်ပါဘူး
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ
သုံးတတ်သလား

စိတ်မကောင်းပါဘူးဒါလဲ
ကျွန်တော်မတတ်ပါဘူး
ဆရာမှာခေါင်းခါပြီး

သင်္ချာမတတ်ရင်
လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်

ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်

ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ
ဆုံးရှုံးသွားပြီပဲ

ထိုခဏအတွင်း ရာသီဥတု
ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း
ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား

ခင်ဗျား ရေကူးတတ်သလား ဟု
မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး
ကျွန်တော် မကူးတတ်ဘူး။
တစ်ခါမှ မသင်ဖူးဘူး ဟု
ပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကို
သွင်သွင် ရမ်းပြီး..
ဒါဆိုရင် ခင်ဗျားရဲ့ဘ၀
၆ပုံစလုံးဟာဆုံးရှုံးရတော့မယ် ဟု
ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ
ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။
တစ်ပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနှုန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူ့မှာ ထိုးထွင်းဥာဏ်မရှိဘူး
ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ်ဘူး။

ဒါပေမဲ့ သူဟာ
အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း
သူ့မှာ မရှိသလို သူ့ရဲ့
အရည်အချင်းလဲ
ငါ့မှာ မရှိဘူး ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့။


#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်...
#လေးစားစွာဖြင့်-
🦚🦚🦚
©®

ပျော်ရွှင်စရာကောင်းသောကျနော်မိသားစုလေး
20/01/2024

ပျော်ရွှင်စရာကောင်းသောကျနော်မိသားစုလေး

နှစ်သစ်မှာ စိတ်သစ်လူသစ်ဘဝသစ်နဲ့ပဲဖြတ်သန်းပါတော့မယ်😃😃
18/01/2024

နှစ်သစ်မှာ စိတ်သစ်လူသစ်ဘဝသစ်နဲ့ပဲဖြတ်သန်းပါတော့မယ်😃😃

09/01/2024

ဆီးစျေးတက်တော့ဟိုလူဖြေရှင်းပေးမယ်ဒီလူဖြေရှင်းပေးမယ်နဲ့ငါတို့အရက်စျေးတွေတက်သွားတာရောဘယ်သူဖြေရှင်းပေးမှာလဲ😒😒😒

ပုလင်းကိုတဝက် လျော့ပစ်မဲ့အစားမင်းကို တစ်ရက် လျော့ချစ်မယ် မနက်ဖြန်အတွက်ရူးမဲ့အစား လက်ကျန်အရက်နဲ့ပဲ မူးမယ်
08/01/2024

ပုလင်းကိုတဝက် လျော့ပစ်မဲ့အစား
မင်းကို တစ်ရက် လျော့ချစ်မယ် မနက်ဖြန်အတွက်
ရူးမဲ့အစား လက်ကျန်အရက်နဲ့ပဲ မူးမယ်

ပုလင်းကိုတဝက် လျော့ပစ်မဲ့အစားမင်းကို တစ်ရက် လျော့ချစ်မယ် မနက်ဖြန်အတွက်ရူးမဲ့အစား လက်ကျန်အရက်နဲ့ပဲ မူးမယ်
08/01/2024

ပုလင်းကိုတဝက် လျော့ပစ်မဲ့အစား
မင်းကို တစ်ရက် လျော့ချစ်မယ် မနက်ဖြန်အတွက်
ရူးမဲ့အစား လက်ကျန်အရက်နဲ့ပဲ မူးမယ်

အပြုံးလေးကအသက်
08/01/2024

အပြုံးလေးကအသက်

အခုခေတ်လူငယ်တွေ ပျက်စီးနေကြလိုက်တာဗျားလက်ကြာလေး ထဲမှာဆေးလိပ်လေတွေ ညှပ်လို့ကျွန်တော် အရက်ဆိုင်ထဲက လှမ်းကြည့်နေတာ သူတို့မသ...
04/01/2024

အခုခေတ်လူငယ်တွေ ပျက်စီးနေကြလိုက်တာဗျား
လက်ကြာလေး ထဲမှာ
ဆေးလိပ်လေတွေ ညှပ်လို့
ကျွန်တော် အရက်ဆိုင်ထဲက
လှမ်းကြည့်နေတာ သူတို့မသိရှာဘူး

တစ်ခါတစ်လေ ကျနော်တို့ကတွဲနေကြတာလား?ကွဲနေကြတာလား?မသဲကွဲတဲ့အထိ ခင်ဗျားရဲ့မချစ်ခြင်းတွေကကျင့်သားရနေပါပြီ☹☹
01/01/2024

တစ်ခါတစ်လေ ကျနော်တို့က
တွဲနေကြတာလား?ကွဲနေကြတာလား?
မသဲကွဲတဲ့အထိ ခင်ဗျားရဲ့မချစ်ခြင်းတွေက
ကျင့်သားရနေပါပြီ☹☹

Good Night နော်ကလေး ...မျှော်လို့ မောသွားရင်အိပ်ပျော်အောင် အိပ်ဖို့တွေးနော် လူတချို့က ကိုယ့်အတွက် သီးသန့်မအားတာမျိုးတွေ ...
31/12/2023

Good Night နော်ကလေး ...

မျှော်လို့ မောသွားရင်
အိပ်ပျော်အောင် အိပ်ဖို့တွေးနော်

လူတချို့က
ကိုယ့်အတွက် သီးသန့်
မအားတာမျိုးတွေ
ရှိတတ်တယ်

ညတွေ နက်တဲ့အထိ
စောင့်မနေပါနဲ့

မျက်လုံးတွေ မို့အစ်တဲ့အထိ
ငိုမနေပါနဲ့

အိပ်တော့လို့ ပြောရင်လည်း
အိပ်မှာမှ မဟုတ်သေးတာ

ညတွေ မနက်ခင်
မနက်တွေ မရောက်ခင်

အိပ်ပျော်အောင်တော့ အိပ်နော် ။

Good Night ...

အချိန်အားဖြင့် ...
မြန်မာစံတော်ချိန် ည ၁၁နာရီ : ၂၇မိနစ် ရှိပါပြီ ။

ရည်ရွယ်သူ "မမ"သိစေ။
21/12/2023

ရည်ရွယ်သူ "မမ"သိစေ။

16/12/2023

Address

တောင်ကြီး
Taunggyi

Website

Alerts

Be the first to know and let us send you an email when khun Thaung Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category