02/07/2026
⚠️ "အကြင်နာဓာတ်ပုံတိုက်" ကို ချစ်ခင်အားပေးကြသော Customer များသို့ အရေးကြီးအသိပေးချက် ⚠️
လက်ရှိတွင် ကျွန်ုပ်တို့ "အကြင်နာဓာတ်ပုံတိုက်" ၌ Main Photographer (၁) ဦးတည်းသာ အဓိကတာဝန်ယူပြီး စနစ်တကျ စိတ်တိုင်းကျ ရိုက်ကူးထုတ်လုပ်ပေးနေခြင်း ဖြစ်ပါသည်။
မိမိတို့ ရိုက်ကူးချင်သည့် Mood ပုံစံများ၊ Booking အသေးစိတ်များနှင့် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ တရားဝင် Page Chat Box, Viber, Telegram, TikTok နှင့် ဆက်သွယ်ရန် ကျွန်ုပ်ကိုယ်တိုင်ကိုင်ဆောင်သော ဖုန်းနံပါတ်မှတစ်ဆင့်သာ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
🚫 အထူးသတိပေးချက် အသိပေးရခြင်းမှာ -
ကျွန်ုပ်တို့ "အကြင်နာဓာတ်ပုံတိုက်" ၏ ဆိုင်အမည်အား ဆင်တူယိုးမှား ပြုလုပ်ခြင်း၊ အတုအပပြုလုပ်၍ လိမ်လည်ရိုက်ကူးခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်းများ တွေ့ရှိရပါက မိမိတို့ Brand ပုံရိပ်ကို ကာကွယ်ရန်အတွက် သက်ဆိုင်ရာ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် အသိပေးအပ်ပါသည်။
Customer များအနေဖြင့် အစစ်အမှန် ဝန်ဆောင်မှုကို ရရှိစေရန်အတွက် Booking မတင်မီ မိမိတို့၏ တရားဝင်အကောင့် ဟုတ်/မဟုတ်ကို သေချာစွာ စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကြင်နာဓာတ်ပုံတိုက်
နံပါတ် 1 လမ်း၊ ဇရပ်ဖြူဓမ္မာရုံအနီး၊ တောင်ငူမြို့။