Boothee Thaik Htun

Boothee Thaik Htun Passionate photographer who loves nature and universe.

North America Nebula တစ်စိတ်တစ်ပိုင်းNorth America Nebula လို့လူသိမျာတဲ့ Emission Nebulaကြီးကို Cygnus Constellationထဲမှ...
03/09/2026

North America Nebula တစ်စိတ်တစ်ပိုင်း

North America Nebula လို့လူသိမျာတဲ့ Emission Nebulaကြီးကို Cygnus Constellationထဲမှာ ရှာဖွေလေ့လာရပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၂,၅၉၀ ခန့်မှာတည်ရှိပြီး အရွယ်အစားအကျယ်အဝန်းအားဖြင့် အလင်းနှစ် ၁၀၀ ခန့် ကျယ်ဝန်းတယ်လို့ဆိုပါတယ်။ သာမန်မျက်စိနဲ့ရှာဖွေဖို့ဆို အင်မတန်နက်မှောင်တဲ့ကောင်းကင် အောက်မှာအနည်းငယ်မြင်ရပါတယ်၊ မြင်လည်းမြင်ဖူးပါတယ်။ ဓာတ်ပုံရိုက်ယူဖို့အတွက်ကတော့ Orion Nebulaလောက်တော့မလင်းပေမဲ့ တော်တော်လေးလင်းတဲ့ ဓာတ်ငွေ့တိမ်တိုက်ကြီးတစ်ခုဖြစ်ပါတယ်လို့ ပုံလေးနဲ့တကွမျှဝေလိုက်ရပါတယ်။

ဒီတစ်ခါတော့ ကောင်းကင်က ခဏလေးပဲရှင်းတာမှို့ တစ်စိတ်တစ်ပိုင်းပဲရိုက်လိုက်နိုင်ပါတယ်။ နောက်နောင်ကောင်းကင်ရှင်းတဲ့အခါ မြင်ကွင်းကျယ်လေးရိုက်ယူပါဉီးမယ်။

03/09/2026
🌩  ကျနော့အတွက်တော့ မိုးတွင်းမှာ မိုးကြိုးမုန်တိုင်းတွေမရှိရင်တောင် တိမ်ရောင်စုံတွေသိပ်လှတယ်လို့မြင်တယ်။ ဒီနေရာလေးကလည်း တ...
02/09/2026

🌩 ကျနော့အတွက်တော့ မိုးတွင်းမှာ မိုးကြိုးမုန်တိုင်းတွေမရှိရင်တောင် တိမ်ရောင်စုံတွေသိပ်လှတယ်လို့မြင်တယ်။

ဒီနေရာလေးကလည်း တစ်ခါသွား မတူတဲ့ပုံလှလှတစ်မျိုးရတယ်။

🌩 ⚡  မိုးရာသီမှရနိုင်တဲ့မိုးကြိုးများ မိုးရာသီဟာစိုစိုစွတ်စွတ်နဲ့ဖြစ်ပေမဲ့ ကျနော်တို့လို့ ဓာတ်ပုံဝါသနာရှင်တွေအတွက် အင်မတ...
01/09/2026

🌩 ⚡ မိုးရာသီမှရနိုင်တဲ့မိုးကြိုးများ

မိုးရာသီဟာစိုစိုစွတ်စွတ်နဲ့ဖြစ်ပေမဲ့ ကျနော်တို့လို့ ဓာတ်ပုံဝါသနာရှင်တွေအတွက် အင်မတန်လှတဲ့တိမ်တွေတင်မက၊ မိုးကြိုးတွေလည်း အားရပါးရရတတ်တာမှို့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ ရာသီတစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။

မိတ်ဆွေရော မိုးရာသီကြိုက်လား . . .

⭐️

Sabah, Malaysiaက Mt Kinabaluသွားတက်တုန်းက တိမ်တွေထဲက တောင်တန်းကြီးတွေရဲ့အလှ. . .⭐️
30/08/2026

Sabah, Malaysiaက Mt Kinabaluသွားတက်တုန်းက တိမ်တွေထဲက တောင်တန်းကြီးတွေရဲ့အလှ. . .

⭐️

🌈  သက်တံ့ဝိုင်းအောက်ကနေ အပေါ်ကိုအမြဲပဲရိုက်နေတယ်ဆိုလို့ ဒီတစ်ခါ အပေါ်ကနေအောက်ကိုရိုက်ထားတဲ့ပုံလေး ရှဲပါ့မယ်။ ကျနော်လေယာဉ...
29/08/2026

🌈 သက်တံ့ဝိုင်း

အောက်ကနေ အပေါ်ကိုအမြဲပဲရိုက်နေတယ်ဆိုလို့ ဒီတစ်ခါ အပေါ်ကနေအောက်ကိုရိုက်ထားတဲ့ပုံလေး ရှဲပါ့မယ်။

ကျနော်လေယာဉ်စီးရင် ကင်မရာကိုအမြဲလက်ထဲကိုင်ထားပြီးစီးပါတယ်။ တစ်ရက်မှာ မိုးဖွဲလေးလည်းကျနေရာ သက်တံ့ထွက်လာရော။

လေယာဉ်ပေါ်ကမြင်ရတဲ့သက်တံ့ကျတော့ အဝိုင်းအဝိုင်းလိုက်တွေဗျာ။ ထူးဆန်းတာနဲ့ ချက်ချင်းဆိုသလို လက်ထဲကကင်မရာနဲ့ထရိုက်ရတာပေါ့။

သက်တံ့အဝိုင်းတွေ့ဖူးလား။ 😁

⭐️

🌕 ကျနော်တို့နေထိုင်ရာကမ္ဘာကြီးရဲ့ တစ်ခုတည်းသော သဘာဝအရံဂြိုဟ်"လ"ကင်မရာနဲ့ရိုက်ထားတဲ့ပုံအစစ်ပါ။ ဒီပုံကိုလည်း Trackerပေါ်တင...
28/08/2026

🌕 ကျနော်တို့နေထိုင်ရာကမ္ဘာကြီးရဲ့
တစ်ခုတည်းသော သဘာဝအရံဂြိုဟ်"လ"

ကင်မရာနဲ့ရိုက်ထားတဲ့ပုံအစစ်ပါ။ ဒီပုံကိုလည်း Trackerပေါ်တင်ပြီး EOS800Dမှာ Canon 70~200 2.8 L lensနဲ့ ရိုက်ထားတာပါ။ Focal length 95မှာ f7.1အထိကျစ်ပြီး 1/5 sec shutter speedနဲ့ရိုက်ထားပါတယ်။

🌕 Trackerပေါ်တင်ထားရတဲ့အဓိကရည်ရွယ်ချက်ကတော့ motion blurရော Hand shakeရောကြောင့် "လ"လေးဝါးမသွားဖို့ဖြစ်ပါတယ်။

🌕 ရိုက်တဲ့အခါမှာတော့ remote shutter releaseနဲ့ရိုက်ပါတယ်။

"လ"ပုံလှလှလေးကြည့်ပြီး ဘဝအမောတွေပြေကြပါစေလို့ဆုတောင်းပေးပါတယ်။

⭐️

🌕  အခက်အခဲကြားကရခဲ့တဲ့ ထူးခြား"လ"ပုံဘာကြောင့်လည်းတော့မသိ ကျနော်"လ"ကိုဓာတ်ပုံရိုက်ရတာပျော်တယ်။ ဒါကြောင့်အမြဲရိုက်ဖြစ်ပါတယ...
26/08/2026

🌕 အခက်အခဲကြားကရခဲ့တဲ့ ထူးခြား"လ"ပုံ

ဘာကြောင့်လည်းတော့မသိ ကျနော်"လ"ကိုဓာတ်ပုံရိုက်ရတာပျော်တယ်။
ဒါကြောင့်အမြဲရိုက်ဖြစ်ပါတယ်။ ဒီတစ်ညမှာတော့ ရိုက်ချင်ပေမဲ့တိမ်တွေက မမြင်ရသလောက်ကွယ်နေတယ်။ ရိုက်ကလည်းရိုက်ချင်တယ်။

ဒါနဲ့ ထူးခြားတဲ့အကြံအစည်တစ်မျိုးစဉ်းစားလို့ရသွားပြီး ရအောင်ရိုက်လိုက်ဖြစ်တယ်။
သိပ်မမြင်ရတဲ့လကို ခန့်မှန်းfocusဖြတ်၊ Trackerပေါ်တင်ပြီး Long exposure နဲ့ကြိုးစားရိုက်ကြည့်တာပါ။ အထူအပါးမညီမညာနဲ့ ရွေ့နေတဲ့တိမ်တွေကြားမှာ exposureမှန်းရတာ အစပိုင်းကတော့ သိပ်အဆင်မပြေပါဘူး။ နောက်ပိုင်းတော့ စိတ်ရှည်ရှည်နဲ့ မျိုးစုံကြိုးစားရင်း အခုပုံလေးရခဲ့ရပါတယ်။

ထူးခြားသွားတာကတော့ "လ"ကလည်း long exposureအတွက်ဆိုရွေ့နေတယ်၊ တိမ်တွေကလည်းရွေ့နေတယ်။ အဲဒီမှာ "လ"ကို trackလုပ်ပြီး ရိုက်လိုက်တော့ "လ"ကပြတ်သားသွားပြီး တိမ်တွေပဲရွေ့တော့တယ်။

နောက်တစ်ခုက တိမ်ပေါ်ကျတဲ့လရောင်လေးတွေက city glow lightနဲ့ပေါင်းပြီး ပုံထဲကလိုလှလှလေး ပြီးထွက်လာပါတယ်။

အခက်အခဲကြားကကြိုးစားပြီးရခဲ့တဲ့ ကျနော်သိပ်ကြိုက်တဲ့"လ"ပုံလေးတစ်ပုံပါ။

⭐️

- Take nothing but pictures - Leave nothing but footprints- Kill nothing but timeAnonymous
25/08/2026

- Take nothing but pictures
- Leave nothing but footprints
- Kill nothing but time

Anonymous

🍄 သဘာဝမီးလင်းမှို ရှာပုံတော် မီးလင်းမှိုလေးတွေက ၁ရက်/၂ရက် လောက်ပဲလင်းနိုင်ကြပါတယ်တဲ့။ တခါတလေ ကိုယ်က မှိုတွေ့ပြီလင်းနေတယ်...
22/08/2026

🍄 သဘာဝမီးလင်းမှို ရှာပုံတော်

မီးလင်းမှိုလေးတွေက ၁ရက်/၂ရက် လောက်ပဲလင်းနိုင်ကြပါတယ်တဲ့။ တခါတလေ ကိုယ်က မှိုတွေ့ပြီလင်းနေတယ်ဆိုပြီးပျော်နေပေမဲ့ တကယ်တမ်းမှာ မှိုကအသက်သိပ်ကြီးသွားပြီးမလင်းနိုင်တော့ပဲ သူ့အောက်က မှိုမျှင်ကွန်ယက်တွေကလင်းနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် မီးလင်းမှိုလေးတွေက ဒီနေ့တွေ့ဒီနေ့ရိုက်မှရပါတယ်။ နောက်နေ့ဆိုအသက်ကြီးသွားကြပြီးမလင်းနိုင်ကြတော့ဘူးတဲ့။

ပုံကတော့ မှိုလေးတွေက အသက်ကြီးသွားပြီးမလင်းနိုင်တော့ပဲ သူ့အောက်က သစ်ပိုင်ကိုင်းပေါ်မှာပေါက်နေတဲ့ မှိုမျှင်ကွန်ယက်ကပဲလင်းနေတဲ့ပုံဖြစ်ပါတယ်လို့ ဗဟုသုတမျှဝေခြင်းအလို့ငှာ ဒီပုံလေးကိုမျှဝေပါတယ် ဝါသနာရှိမိတ်ဆွေတို့ရေ။

ဒါကြောင့် မီးလင်းမှိုလေးတွေ ကောင်းကောင်းလှလှလေးရဖို့ တောကြီးမျက်မဲထဲ ကိုနေ့တိုင်းလိုလို ကားနဲ့တစ်ဝက် ခြေလျင်တစ်ဝက် သွားသွားရှာခဲ့ကြရပါတယ်။

*** လိုက်ပို့ပေး မခြွင်းမချန်သင်ပြမျှဝေပေးခဲ့တဲ့ ဒေသခံဓာတ်ပုံဆရာကို ကျေးဇူးတင်ရပါတယ်။

⭐️

Address

Yangon

Telephone

+959250447913

Website

Alerts

Be the first to know and let us send you an email when Boothee Thaik Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Boothee Thaik Htun:

Shortcuts

Share