23/07/2026
Football IQ ဆိုတာ ဘာလဲ? ဘာကြောင့် ဒီနေ့ခေတ် ဘောလုံးမှာ အရေးအကြီးဆုံး အရည်အချင်း ဖြစ်လာတာလဲ?
ဘောလုံးပွဲတစ်ပွဲကြည့်တဲ့အခါ တချို့ကစားသမားတွေက အရမ်းမြန်တယ်။ Dribbling အရမ်းကောင်းတယ်။ Technique လည်း ပြည့်စုံတယ်။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးအဆင့်ကို မရောက်ကြဘူး။
တစ်ဖက်မှာတော့ အရမ်းမမြန်ဘူး။ Skill တွေ မပြတတ်ဘူး။ ဒါပေမယ့် ပွဲတိုင်းကို ထိန်းချုပ်နေတယ်။ နည်းပြတိုင်းက မဖြစ်မနေ အသုံးပြုချင်တယ်။ ဘာကြောင့်လဲ...? အဖြေက Football IQ ပါ။
Football IQ ဆိုတာ ဘောလုံးကို ခြေထောက်နဲ့ မကစားခင် ဦးနှောက်နဲ့ အရင်ကစားနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ ဘောလုံးရမှ စဉ်းစားတာ မဟုတ်ဘူး။ ဘောလုံးမရခင်ကတည်းက ဘယ်သူ လွတ်နေသလဲ။ ဘယ်နေရာမှာ Space ပွင့်လာမလဲ။ ပြိုင်ဘက်က ဘယ်လို Press လုပ်မလဲ။ ကိုယ်ဘာလုပ်မလဲ ဆိုတာကို ကြိုတွက်ထားနိုင်တာပါ။
IQ မြင့်တဲ့ ကစားသမားက ဖိအားမရခင် အဖြေကို သိပြီးသား ဖြစ်နေတာပါ။ Elite Player တွေဟာ ဘောလုံးမရခင် ခေါင်းကို အမြဲလှည့်ပြီး ကွင်းကို Scan လုပ်ပါတယ်။ အဲဒီကြောင့် ဘောလုံးရတာနဲ့ Touch တစ်ချက်၊ Pass တစ်ချက်တည်းနဲ့ ဖိအားကို ကျော်ထွက်နိုင်ပါတယ်။
သူတို့က ဘောလုံးကို မလိုက်ဘူး။ ပွဲကို ဖတ်တယ်။ ဘယ်အချိန်မှာ အရှိန်မြှင့်ရမလဲ။ ဘယ်အချိန်မှာ Tempo ချရမလဲ။ ဘယ်အချိန်မှာ One-touch ကစားရမလဲ။ ဘယ်အချိန်မှာ ဘောလုံးကို ကိုင်ထားရမလဲ။ ဒါတွေကို အလိုလို သိနေကြပါတယ်။
Rodri ကို ကြည့်ပါ။ Rodri ဟာ Dribble အများကြီး မလုပ်ဘူး။ Trick တွေလည်း မပြဘူး။ ဒါပေမယ့် သူ့ရဲ့ Positioning၊ Scanning နဲ့ Decision Making ကြောင့် Manchester City ရဲ့ ကစားကွက်ကို ထိန်းထားနိုင်တယ်။ သူဟာ ဘောလုံးကို မရွှေ့ခင် ပြိုင်ဘက်ကို အရင်ရွှေ့ခိုင်းတဲ့ ကစားသမားမျိုးပါ။
Lionel Messi ရဲ့ အကြီးမားဆုံး Talent က Dribbling မဟုတ်ဘူး။ လူတိုင်းက Messi ကို Dribbler လို့ မြင်ကြပါတယ်။ ဒါပေမယ့် နည်းပြတွေကတော့ Messi ရဲ့ Football IQ ကို ပိုချီးကျူးကြပါတယ်။ သူက Space မပွင့်သေးခင် မြင်တယ်။ Pass မဖြစ်သေးခင် မြင်တယ်။ Defender မလှုပ်သေးခင် ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ ကစားပုံက အမြဲတမ်း ခြေတစ်လှမ်းသာနေတာပါ။
တချို့ကစားသမားတွေက Sprint Speed 36 km/h ရှိတယ်။ ဒါပေမယ့် Football IQ မြင့်တဲ့သူက ပြေးနှုန်းနဲ့ မဟုတ်ဘဲ နေရာယူပုံနဲ့ အနိုင်ယူပါတယ်။ သူက တခြားသူ မရောက်ခင် ရောက်နေတယ်။ မပြေးခင် စဉ်းစားပြီးသား ဖြစ်တယ်။
Football IQ က မွေးရာပါ Talent တစ်ခု မဟုတ်ပါဘူး။ လေ့ကျင့်လို့ ရပါတယ်။ ပွဲတွေကို Tactical အမြင်နဲ့ ကြည့်ပါ။ ဘောလုံးမရတဲ့ ကစားသမားတွေရဲ့ လှုပ်ရှားမှုကို လေ့လာပါ။ မိမိကစားတဲ့အခါ ခေါင်းကို မကြာခဏလှည့်ပြီး Scan လုပ်ပါ။ "ငါ ဘောလုံးရရင် ဘာလုပ်မလဲ" ဆိုတာကို မဟုတ်ဘဲ "ဘောလုံးမရခင် ဘာပြင်ဆင်ထားရမလဲ" ဆိုတာကို စဉ်းစားပါ။ Football IQ ဆိုတာ စဉ်းစားပုံကို လေ့ကျင့်တာကနေ စတင်ပါတယ်။
ဒီနေ့ခေတ် ဘောလုံးမှာ Technique က အရေးကြီးတယ်။ Speed လည်း အရေးကြီးတယ်။ Fitness လည်း လိုတယ်။ ဒါပေမယ့် အဲဒီအရာအားလုံးကို မှန်ကန်တဲ့အချိန်မှာ အသုံးချနိုင်ဖို့ Football IQ က အရေးအကြီးဆုံးပါ။ ဘောလုံးမှာ အမြန်ဆုံး ပြေးတဲ့သူက အနိုင်ရတာ မဟုတ်ဘူး။ အမြန်ဆုံး စဉ်းစားတဲ့သူက အနိုင်ရတာပါ။ ဒါကြောင့် Elite Football ရဲ့ အမြင့်ဆုံးအဆင့်မှာ ကွာခြားချက်ကို ဖန်တီးပေးတာကခြေထောက်မဟုတ်ဘူး။ ဦးနှောက်ပါ။🧠
Photo Crd
Leo
PassionFootball