Pause Button of Life

Pause Button of Life Art for you.

01/10/2025

မြန်မာတနိုင်ငံလုံးမှာ ထမင်းနပ်မမှန်တဲ့ မိသားစုတွေ မြောက်များစွာရှိနေပါရက်နဲ့ ဒီလိုဒုက္ခသည်တွေကို
လူလူချင်းစာနာထောက်ထားဖို့ ထမင်းတစ်လုပ်ကျွေးပြီး
ကူညီဖို့မကြိုးစားပဲ ဘာလို့များ ဘုရားမှာ သွားပုံ ရသလဲ လေ့လာကြည့်ရင် *မျိုးဖြုတ်မယ့်VIRUS* ကို
တွေ့ရလိမ့်မယ်။

"ဘုရားတည် သိမ်ဆောက် ကျောင်းလှုတဲ့ကုသိုလ်ဟာ
လူလူချင်းထောက်ပံ့တာထက် တမလွန်အရေးမှာ ပိုစိတ်ချရတယ်" ဆိုတဲ့အယူအဆဟာ
*လူမျိုးကိုပါပြုတ်အောင်ဖြုတ်မယ့် VIRUS* ပါပဲ။

ဒီအယူအဆ ကိုတစ်ချို့စဉ်းစားတွေးခေါ်တတ်တဲ့ ပညာတတ်အသိုင်းအဝိုင်းက မျိူးဖြုတ်မယ့် ဗိုင်းရပ်စ်မှန်း မသိမဟုတ် သိကြတယ်၊ အမုန်းမခံချင်တော့ ခေါင်းရှောင်နေကြတာ။

လူလူချင်း လုံးဝ မပေးဘူး မကမ်းဘူး တော့ မဟုတ်ဘူး ပေးတော့ပေးတယ်။
ဒါမယ့် လူလူချင်းလှုရင် ၁ ကျပ် ဘုရားကိုလှုရင် ၁၀၀ ဖြစ်နေတာ အဲသလို။

ဗုဒ္ဓရဲ့လမ်းညွှန်ချက် လုံးဝမဟုတ်တဲ့
ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော "ဘုရားတည်၊ ရွှေချ၊ အမြတ်ဆုံးရတနာတွေကိုဘုရားလှု"ဆိုတဲ့ လူမျိူးဖြုတ်မယ့် တမလွန်အယူအဆ VIRUSကြီးအမြစ်တွယ်ချိန်က စလို့ မြန်မာလူမျိုး နလံမထူနိုင်တာ ခုချိန်ထိပဲ။

ဒီတော့ စဉ်းစားစရာက
ဒီလူမျိူးသာ ကောင်းစားလာခဲ့ရင်

ကမ္ဘာမှာ မြန်မာသာ စစ်ရေး နိုင်ငံရေးအရ ထိပ်တန်းရောက်လာပြီး အခြားနိုင်ငံတွေကိုဖိအားပေးနိုင်တဲ့သြဇာအာဏာမျိုးရှိလာခဲ့မယ်ဆိုရင် တမလွန်VIRUS ကိုက်နေတဲ့မြန်မာတွေဟာ ကိုယ့်တိုင်းပြည်စီးပွားသာမက ကမ္ဘာ့သယံဇာတ ကိုပါ ဘယ်သူမှသုံးမရအောင်ဘုရားတည် ရွှေချ ဂူသွင်းပစ်မယ့်သဘောသက်ရောက်နေတာပေါ့။

မေးခွန်းတစ်ခုက

ခင်ဗျားသာ ကမ္ဘာကြီးရဲ့ကံကြမ္မာကိုပြုပြင်စီရင်နိုင်တဲ့တန်ခိုးရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်

နိုင်ငံတစ်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ပြီးထိပ်တန်းရောက်စေနိုင်တဲ့အခွင့်အရေးကို
လူသားချင်းစာနာထောက်ထားတဲ့ လူလူချင်းကူညီတဲ့နိုင်ငံတွေကိုပေးမလား၊

ရှိသမျှကိုဘုရားတည် ရွှေချပြီး လူတွေငတ်သေရင်တောင်အရေးမလုပ်တဲ့နိုင်ငံကိုပေးမလား ?

ဒီလူမျိုးကို ဘယ်တော့မှ မတိုးတက်အောင် ထာဝရဖိနှိပ်ထားမယ့် လူမဆန်တဲ့အာဏာရှင်အဆက်ဆက်ကို သဘာဝတရားကြီးက ပေးခဲ့တယ်၊

တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းဘာတစ်ခုမှမလုပ်နိုင်တော့ပဲ ကျီးလန့်စာစားနေရမယ့် ပြည်တွင်းစစ်ကို ကံတရားကပေးခဲ့တယ်။

မြန်မာလူမျိုးတွေပါးစပ်ကတဖွဖွပြောနေတဲ့ ကံကံ၏အကျိုးကိုသာ တကယ်ယုံတယ်ဆိုရင် ဒီနေ့ထိ အာဏာရှင်စနစ်အမြစ်တွယ်နေနိုင်တာ၊ ပြည်တွင်းစစ်ကိုရပ်လို့မရတဲ့ကိစ္စတွေဟာ ဒီလူမျိူး PUBLIC ရဲ့ ကံတရားကြောင့်ပဲ ဆိုတာကိုလဲ ယုံမှ သဘာဝကျလိမ့်မယ်။

ခင်ဗျား အဲဒီအလှုရှင်တွေရဲ့အတွင်းစိတ်ကိုမြင်အောင်ကြည့်၊

ကိုယ့်မိဘဆွေမျိုးမှ မဟုတ်တာဗျာ၊ ငယ်ပေါင်းကြီးဖော်လဲမဟုတ်၊
ကျေးဇူးခံကျေးဇူးစားလဲ မရှိ
တကယ်ဆို ဘယ်သူကလှုချင်မှာလဲ။

ဒီလူတွေ ဒီနေရာတွေ ကိုလှုရင် တမလွန်မှာကောင်းစားမယ်ဆိုတဲ့ ဂျင်းထည့်ခံထားရတဲ့ မက်လုံးကြောင့် လာလှုနေတာ၊
ရှင်းရှင်းလေးပဲ။

(နတ်ပြည်တက်ဖို့ဘွတ်ကင်ချိတ်နေတာ ဘာများမှတ်လို့တုန်း)

ဒါကိုသဘောပေါက်သွားရင် မေတ္တာ ဂရုဏာနတ္တိနဲ့ စေတနာ တစ်ရွေးသားမှ မပါသော သိန်း ရာထောင်ချီတဲ့ သောက်တလွဲ အလှုတွေကို ခင်ဗျားမျက်စိထဲမှာကွက်ကွက်ကွင်းကွင်းမြင်လာလိမ့်မယ်။

ဒီလိုလူတွေဟာ ဘယ်နည်းနဲ့မှ
သူတော်ကောင်းမဖြစ်နိုင်တော့ဘူး၊
ဖြစ်ချင်းဖြစ်ရင် လူယုတ်မာပဲဖြစ်ဖို့ရှိတယ်။

အိန္ဒိယက ကဗျာဆရာတစ်ယောက်ပြောဖူးတယ်။

"လူလူချင်းကူညီရမယ့် လူ့ကျင့်ဝတ်ကိုလျစ်လျူရှု၊
ကိုယ့်တဘို့တည်းတမလွန်ကောင်းစားရေးကိုသာရှေ့တန်းတင်လှုဒါန်းနေကြတဲ့ ဘူဇွာ လူတန်းစားဟာ ဘယ်လိုဂုတ်သွေးစုပ်ပြီး ဘယ်လောက်ချမ်းသာနေသည်ဖြစ်စေ

>ငွေပုံပေါ်မှာထိုင်နေတဲ့နွားကြီးတွေ<

ပါပဲတဲ့။

Crd:

" သူတော်ကောင်းတို့ တရားပျက်ကြပြီ "တရားကို တေးလိုဆို၊အဖကို သားက - ဆဲ၊ဆွေမျိုးထဲက ဓားပြ - တိုက်၊မိုက်ရဲလျှင် သောတပန်၊မကောင...
27/09/2025

" သူတော်ကောင်းတို့ တရားပျက်ကြပြီ "
တရားကို တေးလိုဆို၊
အဖကို သားက - ဆဲ၊
ဆွေမျိုးထဲက ဓားပြ - တိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိ-မ် နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အဝတ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

19/09/2025

ကြီးမားတဲ့အပြစ်ကို တွေ့မှ အပြစ်ပြောပါ။
နေရာတကာလိုက်ပြီးအပြစ်မပြောပါနဲ့။
မိဘနဲ့သား၊သမီးကို ရည်ရွယ်ပါတယ်။

ကလေးတွေနဲ့ မိဘတွေကြား ရင်းနှီးမှု့တွေ
ခြားနားသွားရတာ အဲ့ပြဿနာပါ။ ကလေးတွေလည်း
အပြစ်ပြောခံရတာကိုမကြိုက်ပါဘူး။

တစ်ချို့အိမ်တွေမှာ မိဘနဲ့ သား၊သမီးနေတဲ့ပုံစံတွေ
အရမ်းလွတ်လပ်ပြီး ဘေးကကြည့်ရင်တောင်
အရမ်းကိုချစ်စရာကောင်းတယ်။ အဲ့ဒီမိဘတွေက
အပြစ်ပြောတတ်တဲ့အကျင့်မရှိပဲ၊ ကလေးအပြစ်တစ်ခု
လုပ်တော့မယ်ဆိုရင် မိဘတွေက လုပ်ရပ်နဲ့ကူညီပြီး
ထိန်းကြောင်းပေးခြင်းဖြင့် အပြစ်မလုပ်ဖြစ်အောင်
လုပ်ဆောင်ပေးလိုက်ကြတာပါ။ ကလေးရဲ့စိတ်မှာလည်း
ဒီလိုလုပ်ရတာပါလားဆိုပြီး မိဘအပေါ် ပိုချစ်၊ ပိုလေးစားတာပါ။

တကယ်လို့အပြစ်တွေလိုက်ပြောတတ်တဲ့မိဘဆိုရင်
ကလေးတွေဟာ စကားသိပ်မပြောတော့ပါဘူး။
သူတို့ရင်ထဲလည်း အကြိတ်အခဲလေးတွေခုလာမှာပါ။
ဒါကြောင့် အပြစ်ကိုလုပ်ရပ်နဲ့ကူညီပြီး မဖြစ်အောင်တားတာက ပိုအကျိုးရှိပါတယ်။

#စာပေဗဟုသုတ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ ညတွေကခပ်ရှားရှားပါပဲ  "အမေ" …အလုပ်ပင်ပန်းလို့ အိပ်လိုက်ရတဲ့ညတွေနဲ့စိတ်မပျော်ခင် အိ...
16/09/2025

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ ညတွေက
ခပ်ရှားရှားပါပဲ "အမေ" …

အလုပ်ပင်ပန်းလို့ အိပ်လိုက်ရတဲ့ညတွေနဲ့
စိတ်မပျော်ခင် အိပ်ပျော်သွားတဲ့ ညတွေက ပိုများ
ပါတယ် ...

♥️ဘယ်အခြေအနေမှာမဆို သားသမီးကို ကာကွယ်တဲ့ မိဘဖြစ်အောင် နေထိုင်ပါ..💛💛♥️မိဘဆိုတာ သားသမီးကို အပြည့်အဝကာကွယ်ဖို့ တာဝန်ရှိပါတယ...
08/09/2025

♥️ဘယ်အခြေအနေမှာမဆို သားသမီးကို ကာကွယ်တဲ့ မိဘဖြစ်အောင် နေထိုင်ပါ..💛💛

♥️မိဘဆိုတာ သားသမီးကို အပြည့်အဝကာကွယ်ဖို့ တာဝန်ရှိပါတယ်။

♥️ကိုယ့်ကလေးကို ပတ်ဝန်းကျင်က ဖိနှိပ်တာ၊ အမျိုးတွေက ဖိနှိပ်တာ ယုတ်စွအဆုံး မိသားစုဝင်အချင်းချင်းက ဖိနှိပ်တာမျိုးတွေအထိ လုံးဝမရှိအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်ရပါမယ်။

♥️ငွေကြေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကလေးတွေဟာ အုပ်ထိန်းသူတွေရဲ့ ကာကွယ်မှုကို ရသင့်ပါတယ်။ 💛💛

♥️ကိုယ်ခေါ်လို့ လူ့လောကထဲ ရောက်လာတဲ့ကလေးကို ကိုယ်မှ မကာကွယ်ပေးရင် အားလုံးကဝိုင်းပြီး အနိုင်ကျင့်ကြမှာအသေအချာပါပဲ။ 💛💛

♥️ကလေးကို ထိခိုက်မယ့် ဘယ်လိုအရာမျိုးမဆို မကျရောက်လာအောင် ကာကွယ်ပေးသင့်ပါတယ်။

♥️သားသမီး မှားနေရင် ဆုံးမပေးပြီး
မှန်နေရင်တော့ တစ်လောကလုံးကို
ရင်ဆိုင်ရဲတဲ့ မိဘဖြစ်အောင် နေထိုင်ပါ။💛💛

♥️ဒီလိုမိဘမျိုးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေမှာလည်း လုံလောက်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီးပြီမို့

♥️တော်ရုံသင့်ရုံ ဂရုစိုက်မှုတွေလောက်ကို သာယာပြီး
အယုံလွယ်တဲ့သူ မဖြစ်လာတော့ဘဲ 💛💛

♥️ဘယ်အရာကိုမဆို ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်ရပ်တည်ရဲတဲ့ သတ္တိကို ပိုင်ဆိုင်သွားမှာပါ။

♥️မိဘရဲ့ယုံကြည်မှုဟာ သားသမီးတွေအတွက်
စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို
တန်ဖိုးထားတတ်ခြင်းတွေ ဖြစ်တည်လာစေတာမို့

♥️ကလေးတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ခွန်အားပေးလိုက်ကြပါစို့နော်

💛💛💛💛💛


-sharing with love*

06/08/2025

စကားလက်ဆောင် ၁၀ ခွန်း

1. ကိုယ် မကျွမ်းတဲ့တောကို အရမ်းမဝင်နဲ့ "

2. ကိုယ် မသိတဲ့သူကို အရမ်းမယုံနဲ့ "

3. ကိုယ် မပိုင်တဲ့ကိစ္စတွေကို ခေါင်းမခံနဲ့ "

4. ကိုယ့်မှာ မရှိသေးရင် အရမ်းမသုံးနဲ့ "

5. ကိုယ့်ကို မချစ်တဲ့သူကို ကပ်တွယ် မနေနဲ့ "

6. ကိုယ် မပျော်တဲ့အလုပ်မှာ တစ်သက်လုံး မလုပ်နဲ့ "

7. ကိုယ့်ကို မနာလိုသူတွေကို ဂရု မစိုက်နဲ့ "

8. ကိုယ့်ရဲ့ မိသားစုကို အချိန်ပေးဖို့ မမေ့နဲ့ "

9. ကိုယ့်ကို မယုံကြည်သူတွေကို အလုပ်နဲ့သာ
သက်သေ ပြလိုက် "

10. ကိုယ့်ဘဝကို ကိုယ်သာပိုင်ပြီး ကိုယ်ရောက်ချင်တဲ့
ပန်းတိုင်ကို ကိုယ်တိုင်ပဲ ရောက်အောင်သွားရမယ်
ဆိုတာ ဘယ်တော့မှ မမေ့နဲ့ "

လေးစားစွာဖြင့်

မရှိခြင်းဟာ ချမ်းသာတယ်လို့နားလည်လာတဲ့အခါမရှိမှာကို မကြောက်တော့ဘူး ။ရှိလာခြင်းဟာ မမြဲဘူးလို့နားလည်လာတဲ့အခါဘာကိုမှ စွဲလန်း...
06/08/2025

မရှိခြင်းဟာ ချမ်းသာတယ်လို့
နားလည်လာတဲ့အခါ
မရှိမှာကို မကြောက်တော့ဘူး ။

ရှိလာခြင်းဟာ မမြဲဘူးလို့
နားလည်လာတဲ့အခါ
ဘာကိုမှ စွဲလန်းမထားတော့ဘူး ။

တိတ်ဆိတ်မှုဟာ အရှုပ်ကင်းခြင်းလို့
နားလည်လာတဲ့အခါ
နေရာတကာ ၀င်မပါတော့ဘူး ။

အထင်ကြီးခံရမှုဟာ ဘ၀မဟုတ်မှန်း
ခံစားလာရတဲ့အခါ
သတိလက်လွတ် မပျော်မိတော့ဘူး ။

အထင်သေးခံရမှုဟာ
အားငယ်စရာ မဟုတ်မှန်း သိလာတဲ့အခါ
အပြစ်တင်မှုတွေကို ဂရုမစိုက်တော့ဘူး ။

ဘ၀ဟာ ခဏပါလို့ နားလည်လာတဲ့အခါ
အမုန်းတရားတွေ နဲ့ စိတ်ညစ်စရာတွေကို
သိမ်းပိုက်မထားချင်းတော့ပါဘူး ။

နေရသမျှလေးမှာ
အပြစ်ကင်းပြီး စိတ်ချမ်းသာအောင်ပဲ
ကြိုးစား၍ နေဖြစ်ပါတော့တယ် ။

" သားသမီးကို ချစ်ရင် ကိုယ်တိုင်ကြိုးစားပါ "ကိုယ့်သားသမီးကို ချစ်ရင်သူတို့ကိုချည်း စွတ်မကြိုးစားခိုင်းဘဲကိုယ်တိုင်လည်းကြိ...
05/08/2025

" သားသမီးကို ချစ်ရင် ကိုယ်တိုင်ကြိုးစားပါ "

ကိုယ့်သားသမီးကို ချစ်ရင်သူတို့ကိုချည်း စွတ်မကြိုးစားခိုင်းဘဲကိုယ်တိုင်လည်းကြိုးစားပါ ။

ဒီစကားက တချို့မိဘတွေအတွက်
Sensitive ဖြစ်နိုင်လို့ထင်ပါရဲ့။

လူတိုင်း တစ်ယောက် နဲ့ တစ်ယောက်ခံယူချက် မတူကြပေမယ့် ကျွန်တော် ခံယူချက်ကတော့အဲ့ဒီလိုပဲ။

ကိုယ့်သားသမီးအရမ်းချစ်တယ်ဆိုကိုယ်ကြုံခဲ့ရတဲ့ နာကျင်မှုတွေဆင်းရဲ ဒုက္ခတွေ သူ့တို့တွေကိုပေးမခံနဲ့လေ။

ကိုယ်ငယ်ငယ်က ဆင်းရဲလို့အခန်းထဲမှာ အနှိမ်ခံရရင်ကိုယ့်သားသမီး အနှိမ်မခံရဖို့ ကြိုးစားရမှာပေါ့။

ကျွန်တော် ကတော့ ဘဝမှာမရခဲ့တဲ့ အရာတွေအားလုံးကိုယ့်သား ကိုရစေချင်တဲ့အတွက်အဲဒီအရာတွေရဖို့ သူ့ကို
အတင်း Pressure မပေးဖြစ်ဘူး။

သူတို့လေးလိုချင်တာတွေရဖို့ကိုယ်ကြိုးစားတယ် ငွေရှာတယ် ဒါမှ သူတို့လေးတွေရဲ့ရှေ့မှာမားမားမတ်မတ်ရပ်တည်နိုင်ပြီး သူတို့လေးတွေမျက်နှာမငယ်ရမှာ။

ကျွန်တော် ခံယူချက်ကပညာရေးမှာ မိုးပျံအောင်တော်တဲ့သားသမီးဖြစ်ဖို့ထက်လူလိုနားလည်ပြီး ၊ စာနာသနားပေးကမ်းတတ်တဲ့လူတစ်ယောက်ဖြစ်ဖို့ကိုပိုပြီးဦးစားပေးတယ်။

(ပညာရေးမှာမိုးပျံအောင်တော်ပြီး
လူစိတ်ရှိနေရင်တော့လည်း
အကောင်းဆုံးပဲပေါ့)

ကိုယ့်သားသမီးက အရမ်းတော်နေပြီးအလားအလာကောင်းနေရင် သူ့ပညာရေးမှာအကောင်းဆုံး ရင်းနှီးမြှုပ်နှံတာကောင်းပေမယ့််် ..

Capacity နည်းနေရင် အရမ်း
Pressure မပေးမိစေချင်တာ။

အကောင်းဆုံးကတော့ကလေးရဲ့ Capacity ကကောင်းနေနေ၊ မကောင်းနေနေ

သူတို့ကို ချစ်ရင် သူတို့ကိုကြိုးစားခိုင်းတာထက်ကိုယ်တိုင်က ကြိုးစားဖို့
လိုတယ်ဆိုတာကို ပြောချင်တာပါ။

ငွေရှိမှ အရာရာတင့်တည်နေတဲ့
ခေတ်ကြီးထဲမှာ ငွေရှိတဲ့မိဘရထားတဲ့ သားသမီးကဘယ်နေရာမှာမှ မျက်နှာမငယ်ရဘူးဆိုတာတော့ အမှန်တရားတခုပါပဲ။

မိဘ Background ရှိတဲ့ကလေးတွေက မရှိတဲ့ကလေးတွေထက်ပိုပြီး လွတ်လပ် ပေါ့ပါးစွာ ပျံသန်းနိုင်ကြတာဖြစ်လို့

ကိုယ့်သားသမီးကို ချစ်ရင်ကိုယ်တိုင် ကြိုးစားရုန်းကန်ပြီး
သူတို့တွေ အမြင့်ဆုံးအထိပျံသန်းနိုင်ဖို့ Support လုပ်ပေးကြဖို့လိုပါတယ်။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

ငွေရှာပါ ကိုယ်ပိုင်ဝင်ငွေမှမရှိရင်မိသားစုကြားမှာပဲဖြစ်ဖြစ်လင်မယားကြားမှာပဲဖြစ်ဖြစ်မျက်နှာငယ်ရတယ် . . .
05/08/2025

ငွေရှာပါ

ကိုယ်ပိုင်ဝင်ငွေမှမရှိရင်

မိသားစုကြားမှာပဲဖြစ်ဖြစ်

လင်မယားကြားမှာပဲဖြစ်ဖြစ်

မျက်နှာငယ်ရတယ် . . .

ငွေရှာဖို့ မပျင်းလိုက်ပါနဲ့... ဘယ်လောက်ဘဲ သာယာတဲ့ မိသားစုဖြစ်နေပါစေ ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင် သာယာတဲ့ မိသားစု...
03/08/2025

ငွေရှာဖို့ မပျင်းလိုက်ပါနဲ့... ဘယ်လောက်ဘဲ သာယာတဲ့ မိသားစုဖြစ်နေပါစေ ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင် သာယာတဲ့ မိသားစုလဲ အလိုလို ပျာယာတက်ပါတယ်။

ဘယ်လောက်ဘဲ နားလည်မူရှိတဲ့ မောင်နှမတွေဖြစ်နေပါစေ လိုအပ်တဲ့ ငွေကြောင့် ဖြစ်ပျက်လာတဲ့ ပြဿနာ တွေများလာရင် နားလည်မူတွေ ပျောက်ကွယ်သွားနိုင်တယ်။

ဘယ်လောက်ဘဲ ချစ်တယ် ချစ်နေတက်နေပါစေ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင် အချစ်တွေလဲ အလကားတွေ ဖြစ်လာတယ်။

ဘယ်လောက်ဘဲ ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် သူလဲ သူ့အပူနဲ့ပါဘဲ ။

ဘယ်လောက်ဘဲ နီးကပ် တော်တဲ့ ဆွေမျိုးဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါဘဲ။

သာယာတဲ့ ဘဝ မိသားစု တွေကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ပေမယ့် ငွေမရှိပြန်တော့လဲ သာယာတဲ့ဘဝ သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။ (ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် သူငယ်ချင်း ငွေရှာဖို့မပျင်းပါနဲ့ ရေတစ်စက်ရဲ့ တန်ဖိုးက ရေငတ်တဲ့ အချိန်မှနားလည်နိုင်သလို။

ငွေတကျပ်ရဲ့ တန်ဖိုးလည်း ငွေပျက်တဲ့အချိန်မှ ပိုနားလည်ရပါလိမ့်မယ်။ ငွေရှာဖို့ မပျင်းလိုက်ပါနဲ့...။

Credit

Address

LowerMingalardone Road
Yangon

Telephone

+959973597468

Website

Alerts

Be the first to know and let us send you an email when Pause Button of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category