03/11/2023
#ခရီးကရောက်ဆိုက် နေကလည်းညိုနေပြီဆိုတော့
ခင်ဘုန်းမြင့်နဲ့တွေ့ဖို့ ဘုံဆိုင်(အရက်ဆိုင်)လေးရှိရာအရပ်သို့ အပြေးလေးသွားပြီး လူလပ်နေတဲ့ စားပွဲလေးတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ ရုတ်တရက် စကားလေးတစ်ခွန်းကြားလိုက်ရတယ် “ကိုကြီး မရောက်တာကြာပြီနော်” ။ဟာ ဘာကြီးတုန်း ကြောင်ရှက်ရှက်နဲ့ ပြန်ကြည့်လိုက်တော့ ပြုံ့စိစိနဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
အဲဒီချိန်မှာ အတွေးထဲမှာ ခင်ဘုန်းမြင့်နဲ့ မျှောနေတဲ့ကျွန်နော်က သူပြောလိုက်တဲ့စကားပေါ်မှာ နေရာယူပြီး လူမှုရေးအရပြန်ဖြေလိုက်တယ် “အဲ့ပေါ့ မရောက်ဖြစ်တာတောင်ကြာနေပြီ ခရီးသွားနေလို့ ဘာညာပေါ့ “တကယ်တော့ ကျွန်နော် အဲဒီကောင်မလေးကို မသိသလို အဲဒီဆိုင်ကိုလည်းရင်းနှီးသလိုမတွေ့ပါဘူး ။ အဲဒါနဲ့ မေးကြည့်လိုက်တယ်”ညီမလေး အကို့ကို သိလို့လား ဘယ်လိုသိတာလဲပေါ့” “သိတာပေါ့ ကိုကြီးကိုမှတ်မိတာထက် ကိုကြီးစီးလာတဲ့ဖိနပ်လေးကိုမှတ်မိတယ် ပြီးတော့ ဒီနားလေးမှာထိုင်ပြီး Box လေးနဲ့ ကိုကြီးဖွင့်ခဲ့တဲ့အသဲကွဲသီချင်းလေးတွေကို ဒီတစ်ဆိုင်လုံးမှာရှိတဲ့ လူတွေအကုန်လုံးအားပေးနားထောင်ခဲ့ကြသေ့တယ် မှတ်မှတ်ရရပြောရရင် “မင်းနဲ့အရင်လိုဘဝမျိုးရောက်ချင််
တယ်” သီချင်းပေါ့ အကြိမ်အများဆုံးဖွင့်ခဲ့တာ”ဘာပြန်ပြောရမှန်းမသိတာနဲ့ ဝီစကီလေး နှစ်ပတ်စာကို အသာလေး မျိုချလိုက်တာနဲ့ ခင်ဘုန်းမြင့်နဲ့အတိတ်ကိုပြန်ရောက်သွားမှပဲ အကုန်လုံးကို မှတ်မိပြန်တယ် “အင်း ဟုတ်တယ် ညီမလေးကျေးဇူးပဲ”ဆိုပြီးလှည့်ထွက်လာခဲ့လိုက်တယ် ဘာလို့လည်းဆို တော့ခင်ဗျားနဲ့တွေ့ဖို့ ကျွန်နော့်အတွက် ဝီစကီနှစ်
ပတ်ဟာ လုံလောက်နေတာကို(ခင်ဘုန်းမြင့်)😊။