26/08/2026
📸 LWIN PHOTOGRAPHY | ASSISTANT CREW
1 POSITION AVAILABLE (Male)
(Under -30 ages)
📍 Location-YANGON
Photography ကို စိတ်ဝင်စားပြီး Shooting တွေမှာ ပါဝင်ရင်း လက်တွေ့အတွေ့အကြုံ ရယူချင်သူများ၊ Teamwork နဲ့ အလုပ်လုပ်နိုင်ပြီး အသစ်တွေကို လေ့လာသင်ယူချင်စိတ်ရှိသူများကို Lwin Photography Team မှ Assistant Crew အဖြစ် ဖိတ်ခေါ်ပါတယ်။ 🤍
✅ အဓိကတာဝန်များ
• Shooting မစတင်မီ Camera Gear နှင့် Lighting Equipment များဖြစ်သော Flash, Softbox, Reflector, Light Stand စသည်တို့ကို စနစ်တကျ ပြင်ဆင်၊ တပ်ဆင်ပေးရမည်။
• ရိုက်ကူးရေးအတွင်း Photographer ၏ လမ်းညွှန်ချက်အတိုင်း Lighting နှင့် အလင်းအမှောင်အနေအထားများကို ကူညီချိန်ညှိပေးရမည်။
• Photographer နှင့် Client များ၏ လိုအပ်ချက်များကို အဖွဲနှင့်အတူ ပူးပေါင်းကူညီပေးရမည်။
• ရိုက်ကူးရေးပြီးဆုံးပါက Camera Gear နှင့် Equipment များကို စနစ်တကျ ပြန်လည်သိမ်းဆည်းပြီး ပစ္စည်းများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းမရှိစေရန် ဂရုတစိုက် ကိုင်တွယ်ရမည်။
✅ လိုအပ်သော အရည်အချင်းများ
• Photography ကို စိတ်ဝင်စားပြီး Photography ပိုင်းတွင် ရေရှည်လေ့လာတိုးတက်လိုသူ ဖြစ်ရမည်။
• Photography နှင့်ပတ်သက်သော အခြေခံဗဟုသုတရှိပါက ပိုကောင်းသော်လည်း အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
• အချိန်တိကျမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စည်းကမ်းလိုက်နာမှု ကောင်းမွန်သူ ဖြစ်ရမည်။
•Freelance ပုံစံဖြင့် အလုပ်ရှိသည့်နေ့များတွင်လာရောက်လုပ်ကိုင်ရပါမည်။
✅ ခံစားခွင့်များ
•Freelance ပုံစံဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး Shooting / Booking ရှိသည့်နေ့များတွင် လာရောက်လုပ်ကိုင်နိုင်ရမည်။
•Daily Rate ကို Shooting Type နှင့် Working Hours အပေါ်မူတည်၍ သတ်မှတ်ပေးပါမည်။”
•အလုပ်လုပ်သည့်နေ့များတွင် Meal Support ပေးပါမည်။
•Photography ပိုင်းကို အခြေခံကစပြီးသင်ယူခွင့်ရရှိမည်။
🕐 အလုပ်ချိန်
•Shooting Schedule နှင့် Booking အခြေအနေအပေါ်မူတည်၍ အလုပ်ချိန် ပြောင်းလဲနိုင်ပါသည်။
•Location Shooting နှင့် ညပိုင်း Shooting များတွင်လည်း လိုက်ပါလုပ်ကိုင်နိုင်ရမည်။”
•လျှောက်ထားလိုသူများအနေဖြင့်
• Name
• Age
• Phone Number
• နေထိုင်ရာမြို့နယ်
• Photography Experience (ရှိ/မရှိ)
• မိမိအကြောင်း အတိုချုံး
တို့ကို Page Messenger မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်။
☎️More Information
Phone _ 09694400922 /09250763750