22/08/2026
တနေကုန်စိတ်ေရာလူေရာပင်ပန်းခဲ့သမျှဒီလိုနေရာလေးမှာခနလောက်ထိုင်လိုက်ရင်ပဲဘယ်ရောက်လို့ရောက်ကုန်မှန်းမသိအကုန်မေ့ကုန်တယ်။တိုင်းတပါးမှာလူမျိုးမတူဘာသာမတူယဉ်ကျေးမှုမတူတဲ့သူတွေနဲ့အလုပ်အတူတူလုပ်ရတဲ့အခါစိတ်ဖိစီးမှုတွေကတော့ရှိတတ်တာပါပဲ။ဒါကိုကိုယ်ကအကောင်းဆုံးဘယ်လိုဖြေရှင်းမလဲဆိုတာကပဲအရေးကြီးပါတယ်။ကျွန်တော့်အမြင်ကတော့ဘယ်လိုလောကဓံမျိုးပဲကြုံလာပါစေဉပေက္ခာပြုတတ်ဖို့လိုပါတယ်။နောက်ပီးအတတ်နိုင်ဆုံးသူတပါးကိုကူညီဖို့ရယ်နဲ့ကိုယ့်ကိုပျော်ရွှင်စေနိုင်မယ့်ပတ်ဝန်းကျင်ကောင်းတခုဖန်တီးနိုင်ဖို့ပါပဲ။အဲ့လိုမှမဟုတ်ရင်တော့ရေရှည်တောင့်ခံနိုင်ဖို့မလွယ်။အားလံုးFighting🤘🤘🤘..ပုံကတော့ကိုယ့်ရဲ့အသည်းတခြမ်းလေးရိုက်ပေးတာ😁