Renie's Space

Renie's Space Words & Photos between us

“ငါလွှတ်ချလိုက်တော့ အားလုံးလွတ်ကျသွားတယ်”ဖမ်းမမိခဲ့တဲ့ မိုးတိမ်တိုက်လေးတွေကိုရောရထားပေါ်ကနေ ဖြတ်ခနဲလှမ်းမြင်လိုက်တဲ့ မြင...
04/08/2026

“ငါလွှတ်ချလိုက်တော့ အားလုံးလွတ်ကျသွားတယ်”

ဖမ်းမမိခဲ့တဲ့ မိုးတိမ်တိုက်လေးတွေကိုရော
ရထားပေါ်ကနေ ဖြတ်ခနဲလှမ်းမြင်လိုက်တဲ့
မြင်ကွင်းစိမ်းစိမ်းကလေးကိုရော
မလွှတ်တင်ခဲ့ဘဲ လွတ်ထွက်သွားခဲ့တဲ့
မိုးပျံပူဖောင်းကလေးလို
ဘဝထဲက မင်းထွက်သွားပုံက ဆန်းကျယ်။

သူလို ကိုယ်လိုနေထိုင်ရင်း
အရင်လိုပြန်မဖြစ်နိုင်တော့တဲ့နေ့ရက်တွေမှာ
မိုးရေစက်တွေဟာ တစ်စက်ပြီးတစ်စက်
ငါတို့ရဲ့ခြေလှမ်းတွေဟာလဲ တစ်ရက်ပြီးတစ်ရက်
ပို၍ ဝေးသထက်ဝေးတဲ့နေရာဆီသို့သာ
ဦးတည်ရွေ့လျားလျက်…။

ဩဂုတ် ၄ ၂၀၂၆

17/07/2026

Hpa-an is calling. A memories bring back to last year June.

13/07/2026

မနေ့က မိုးထဲလေထဲသွားခဲ့တဲ့ Hiking trip 👣

မွန်ပြည်နယ်၊ ဇင်းကျိုက်ဘက်က ဆိတ်တောင် - မင်း (၁၀၁) ပါးတောင် - ဇင်းကျိုက်တောင် တောင် (၃) တောင်ကိုတက်ခဲ့တာ။ အတက်ရော အဆင်းရော လေကြီးမိုးကြီးနဲ့ adventure trip ဖြစ်ခဲ့ပေမဲ့ ဒီရှုခင်းတွေကို ခံစားရတာနဲ့တင် တန်ပါတယ်။

08/07/2026

စိတ်ရဲ့ထွက်ပေါက် 🌳✨

#ထွက်ပေါက်

22/06/2026

Happy Yangon PRIDE Night with May

မေနဲ့အတူ သီချင်းတွေဆိုရင်း ပျော်ခဲ့ရတဲ့ သက်တန့်ရောင်စုံညတစ်ည 🏳️‍🌈

🪩 Institut français de Birmanie

#ထွက်ပေါက်

In frame May Happy Pride Night 2026 🎉🏳️‍🌈📸 Renie Photography 🪩 Institut français de Birmanie       #ထွက်ပေါက်
22/06/2026

In frame May
Happy Pride Night 2026 🎉🏳️‍🌈
📸 Renie Photography
🪩 Institut français de Birmanie

#ထွက်ပေါက်

28/05/2026

အဝေးရောက်ပြီးတဲ့အခါမှ “အိမ်” ဆိုတာ အအေးချမ်းဆုံးနေရာဆိုတာကို ပိုသိလာရတယ်။

#အိမ် #မော်လမြိုင်

25/05/2026

“လမ်းတွေက မင်းကိုသတိရနေမှာပါတဲ့။”

ကိုယ်ကလဲ အမြဲတမ်း သတိရနေပြီး ပြန်ရောက်တိုင်း မပြောင်းလဲဘဲ လှနေတာကတော့ မော်လမြိုင်မြို့က လမ်းတွေပဲပေါ့။ လမ်းတွေပေါ်မှာ လူတွေနည်းနည်း၊ ပန်းတွေနဲ့ ရှုခင်းချည်းသာဆိုရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲနော်။

#မော်လမြိုင်

25/05/2026

ဟိုဟိုဒီဒီ in Mawlamyine ✨🐄🐐🌳🍀

#လယ်ကွင်းပြင်မှာရေဖွေးဖွေး

“အဆုံးအစမရှိတဲ့ ကောင်းကင်စက်ဝိုင်းအောက်အကြိမ်ကြိမ်လဲကျ ဒူးထောက် မနားတမ်းလျှောက်ခဲ့ပြီးမနိုင်ဝန်ကိုသယ်ကာ ပုခုံးလေး နာတော့...
10/04/2026

“အဆုံးအစမရှိတဲ့ ကောင်းကင်စက်ဝိုင်းအောက်
အကြိမ်ကြိမ်လဲကျ ဒူးထောက် မနားတမ်းလျှောက်ခဲ့ပြီး
မနိုင်ဝန်ကိုသယ်ကာ ပုခုံးလေး နာတော့မှ
ငါဖြတ်သန်းခဲ့နေ့တို့ တစ်ခေါက်တော့ နောက်ပြန်ကြည့်”

မေ - လွတ်မြောက်ခြင်း
Photo by Renie

Address

Yangon

Alerts

Be the first to know and let us send you an email when Renie's Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Renie's Space:

Shortcuts

Share