Htoo Tay Zar - Photographer

Htoo Tay Zar - Photographer Htoo Tay Zar is a freelance photojournalist and documentary filmmaker based in Yangon, Myanmar (Burma He is regularly working on assignments for Al Jazeera.

Htoo Tay Zar is a freelance photojournalist and documentary photographer based in Yangon, Myanmar (Burma). He has worked for local newspapers and International wired news agency, and some of his photography projects have been featured in International Herald Tribune and Bangkok Post. He was also one of the finalists selected for Photojournalists Under 25 by The Boston Globe. He is interested in social issues, political issues, human rights issues, and is currently working on personal projects.

Happy Birthday, Ko Zeya Thaw. These photos were taken in his constituency area in Naypyitaw on 2 March 2013.
26/03/2026

Happy Birthday, Ko Zeya Thaw.

These photos were taken in his constituency area in Naypyitaw on 2 March 2013.

ဒီဓာတ်ပုံလဲ ကျွန်တောရိုက်တဲ့ပုံပါပဲ Wikimedia / Wikipedia ကနေ အခမဲ့ ယူလို့ရပါတယ်။ ဆရာမောင်သာချိုပုံတော့ ကျွန်တော်ရိုက်ထာ...
10/07/2025

ဒီဓာတ်ပုံလဲ ကျွန်တောရိုက်တဲ့ပုံပါပဲ Wikimedia / Wikipedia ကနေ အခမဲ့ ယူလို့ရပါတယ်။ ဆရာမောင်သာချိုပုံတော့ ကျွန်တော်ရိုက်ထားတာ မရှိပါဘူး။

ထောင်ထဲတွင် ကောင်းမွန်သောဆေးဝါးကုသမှု မရခဲ့သည့် ရွှေညဝါဆရာတော် (ဆောင်းပါး)

တွန်အိုးဝေ

အင်းစိန်ထောင်နှင့်ကပ်လျက် မီတာ ၂၀၀ ခန့်အကွာတွင် သီးတွင်းထောင်ရှိသည်။ အာဏာသိမ်း စစ်ခေါင်း ဆောင်ဟာ သူ့အားဆန့်ကျင်ကြသော ထောင်နှင့်ချီသောပြည်သူများကို အင်းစိန်ထောင်ဝန်းထဲက သီးခြား ထောင်ငယ်လေးဖြစ်သော သီးတွင်းထောင်ထဲသို့ထည့်ကာ ဖမ်းဆီးထားချိန် ဖြစ်သည်။

ထိုဖမ်းဆီးထားသူများတွင် ရွှေညဝါဆရာတော်လည်း ပါသည်။ ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သီးတွင်းထောင် ပြစ်ဒဏ်တိုက်(၁၁)တွင် ဦးဉာဏ်ဝင်းနှင့်အတူ ဖမ်းဆီးထားသည်။ ရွှေညဝါဆရာတော် အားမြင်တွေ့ရသော ၂၀၂၁ ခုနှစ် မတ်လဆန်းကတည်းက လမ်းကောင်းကောင်း မလျှောက်နိုင်တော့ သည်ကိုတွေ့ခဲ့ရသည်။ ရွှေညဝါဆရာတော်မှာ ချိုင်းထောက်အားအသုံးပြုလျက် ခြေတလှမ်း လှမ်းရန်ပင် မနည်းရွှေ့နေရသည်ကိုမြင်တွေ့ရသည်မှာ အတော်ပင်စိတ်မသက်မသာ ဖြစ်ရပါသည်။

သိက္ခာမချဘဲ သင်္ကန်းအစားဝတ်ဆင်ထားသော ဝတ်ဖြူစင်ကြယ်အဝတ်အစားဖြင့် သီးတွင်းပြစ်ဒဏ် (၁၁)တိုက် အခန်း(၃)မှ ဆရာတော်အား အနားရှိ သီးတွင်းအဆောင်(၄)အပေါ်ထပ်မှ လူငယ်ဂျေဇက်များ က မကြာမကြာ နှုတ်ဆက်ကြသည်။ “ဆရာတော်ဘုရား နေကောင်းလား” ဟု သတင်းမေးမြန်း သည့်အခါ အမူအရာဖြင့် ခေါင်းညိတ်ပြသည်။ ထိုအချိန်တည်းက ကျန်းမာရေးမကောင်းခဲ့သော ရွှေညဝါဆရာတော် မှာ လုံလောက်သောဆေးဝါးကုသမှု မပေးခဲ့ကြပေ။ ထိုထောင်တွင်းဒဏ်ရာများက ဆရာတော်၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများအား ပိုမိုထိခိုက်စေခဲ့သည်။

နိစ္စဓူဝ အခန်းကျဥ်းလေးထဲမှာသာ နေနေရပြီး သက်မှတ်ထွက်ချိန်ကျမှ ပြစ်ဒဏ်တိုက် အခန်းကျဥ်းလေး ထဲကနေထွက်၍ ခဏတာလမ်းလျှောက်ရသည်မှာ ဖြစ်နေသောကျန်းမာရေးအား ပိုမိုဆိုးရွားသည်ထက် ဆိုးရွားလာကာ အသည်းဝေဒနာရောဂါ ဖြစ်လာစေတော့သည်။ ၂၀၂၁ ဇူလိုင်လမှာတော့ အသည်းရောဂါ မှာ ပိုပြင်းထန်လာကာ ထောင်ဆေးရုံသို့ တက်ရောက်ကုသရသည့်အထိ အခြေအနေဆိုးရွားခဲ့သည်။ ကွမ်း ကြိုက်သော ရွှေညဝါဆရာတော်အား ထိုအချိန်က အင်းစိန်ထောင်၏မိန်းဂျေးဦးစီးဖြစ်သူ ဦးစီးထွန်းဝင်း ထိုက်က ကွမ်းနှင့်မုန့်ဟင်းခါးအား မကြာမကြာလှူဒါန်းပေးခဲ့သည်ဟု သိရသည်။

ထောင်ဆေးရုံတွင် တက်ရောက်ကုသခဲ့ရသော်လည်း မပြည့်စုံသောဆေးဝါးကုသမှုများက ဆရာတော်၏ ပြင်းထန်လာသော အသည်းရောဂါအား မည်သို့မျှ ပျောက်ကင်းအောင် မကုသပေးနိုင်ခဲ့ပေ။ သို့တိုင်အောင် အင်းစိန်ထောင်တာဝန်ရှိသူများနှင့် အကျဥ်းဦးစီးဌာနမှာ ဆရာတော်အား အပြင်ဆေးရုံသို့ ကုသရန်မစီစဥ် ပေးခဲ့ပေ။ အပြင်တွင်ရှိသော ဆရာတော်၏ ဒကာ၊ ဒကာမများနှင့်လည်း ဆက်သွယ်ဖို့ရန် အခွင့်မသာခဲ့ပါ။ ထိုအချိန်က ကိုဗစ် ၁၉ ရောဂါဆိုးနှင့် ဧည့်တွေ့ခွင့်များမရှိခဲ့သည့်အတွက် အပြင်ဆေးရုံတွင် ဆေးဝါး ကုသရန်လိုအပ်သော ရွှေညဝါဆရာတော်မှာ မည်သို့မျှ မကုသခဲ့ရပေ။ ထိုအခြေအနေများက ရွှေညဝါ ဆရာတော်၏ ရောဂါအား ပိုဆိုးရွားစေခဲ့ပါသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ အင်းစိန်ထောင်က လွတ်မြောက်ခဲ့သော်လည်း ထောင်တွင်းက ခံစား ခဲ့ရသော အသည်းရောဂါအခြေအနေများမှာ မသက်သာခဲ့တော့ပေ။ ထိုရောဂါအား ဆရာတော်၏ ဒကာ၊ ဒကာမများက အတက်နိုင်ဆုံးနှင့် အကောင်းဆုံး ကူညီကုသပေးကြပါသော်လည်း ရောဂါမှာ ကျွမ်းသွား ပြီဖြစ်သည်။ ရွှေညာဝါဆရာတော်မှာ ထိုဒဏ်ရာများကြောင့် ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက် ၂ နာရီ ၄၅ မိနစ်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားပြီ ဖြစ်သည်။

ရွှေညဝါဆရာတော် ပျံလွန်တော်မူရခြင်းအကြောင်းအရာများထဲက အရေးအကြီးဆုံးပြစ်ချက်မှာ ထောင် တွင်းကျခံခဲ့ရစဥ် ကောင်းမွန်သော ဆေးဝါးကုသမှုမရရှိခဲ့ခြင်းပင်ဖြစ်သည်။ ထို့အတွက် တာဝန်အရှိဆုံးမှာ အကျဥ်းဦးစီးအားချုပ်ကိုင်ထားသော စစ်အုပ်စု၏ တာဝန်မကင်းမှုပါဝင်သည်ကို တွေ့ရသည်။ အာဏာ သိမ်းစစ်တပ်၏ ဖမ်းဆီးခံရခြင်းကြောင့် ရွှေညဝါဆရာတော်မှာ နောက်ဆုံး ပျံလွန်သွားသည့်အထိဖြစ် သွားစေရာ များစွာစိတ်မကောင်း ဖြစ်ရပေတော့သည်။

စာတည်း။ ။စောဖေ

#အင်းစိန်ထောင်
#နိုင်ငံရေးအကျဉ်းသား
#ရွှေညဝါဆရာတော်
#စစ်ကောင်စီ

Rest in Power, bro Raymond.
23/06/2021

Rest in Power, bro Raymond.

🇲🇲 အဆိုတော် ရေမွန် ကွယ်လွန်သွားမှုအတွက် မိမိတို့အနေဖြင့် များစွာ ကြေကွဲဝမ်းနည်းရပါသည်။ ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်း မိမိတို့ အမြဲအမှတ်ရနေခဲ့ကြရသည့် ဂီတညများကို မကြာခဏ ဖန်တီး ဖျော်ဖြေပေးခဲ့ဖူးသော ရေမွန် ကွယ်လွန်သွားမှုအပေါ် ကျန်ရစ်သူမိသားစုဝင်များ၊ ဂီတမိတ်ဆွေများ၊ ပရိတ်သတ်များနှင့်အတူ ပြင်သစ်ယဉ်ကျေးမှုဌာနအနေဖြင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

-----

🇬🇧 It is with deep sadness and strong emotion that we learned of the passing of Raymond, who used to deliver unforgettable music nights at the French Institute in Myanmar. We would like to express our sorrow and sincere condolences to family members, friends and fans of the late Raymond.

People pretending their car breakdown in the middle of the major roads to block traffic to protest against military coup...
18/02/2021

People pretending their car breakdown in the middle of the major roads to block traffic to protest against military coup in , today.

Today is the second day of nation-wide anti-coup protest in  .
07/02/2021

Today is the second day of nation-wide anti-coup protest in .

Despite military government issued an order to take action on anti-coup rally, these people in Yangon still gather in th...
05/02/2021

Despite military government issued an order to take action on anti-coup rally, these people in Yangon still gather in their neighborhood to sing anti-dictatorship songs and pray for detained democracy leader Daw Aung San Suu Kyi in Yangon, .

Obviously don’t mess with this neighborhood, they dare to raise NLD flags and even have banners oppose to the junta.
04/02/2021

Obviously don’t mess with this neighborhood, they dare to raise NLD flags and even have banners oppose to the junta.

Myanmar receives its first nationwide COVID-19 vaccination today. The vaccine is given to frontline healthcare workers a...
27/01/2021

Myanmar receives its first nationwide COVID-19 vaccination today. The vaccine is given to frontline healthcare workers and volunteers as first priority group.

My reportage photo from last year election is here on POYAsia website. It was shot on 8 Nov 2020 during General Election...
27/01/2021

My reportage photo from last year election is here on POYAsia website. It was shot on 8 Nov 2020 during General Election by the large-format 4x5 film camera.

[ Yangon, MYANMAR ] A volunteer monitoring body-temperature of a voter at a ballot station during Myanmar’s General Election 2020 in Yangon, Myanmar on 8 November 2020. Despite the COVID-19 pandemic, there was over 70 percent nationwide voter turnout during General Election 2020 according to the U...

Construction workers protest to demand labour rights in downtown Yangon today.
19/01/2021

Construction workers protest to demand labour rights in downtown Yangon today.

Address

Yangon

Alerts

Be the first to know and let us send you an email when Htoo Tay Zar - Photographer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Tay Zar - Photographer:

Share

Category