11/09/2026
"လွန်" ရုပ်ရှင်ဇာတ်ကားကြီး
အဖေတစ်ယောက်အတွက် ……. သမီးလေးက သူ့ဘတတစ်ခုလုံးပါ 👨🏻🍼
သူ့ရင်ခွင်ထဲက သမီးလေးကို ပြန်လုယူမယ့်သူတွေ ရောက်လာတဲ့အခါ
👉🏻 ဥပဒေက ဘယ်ဘက်မှာရပ်မလဲ ?
👉🏻 ငွေကြေးနဲ့ အာဏာက ဘယ်လောက်အထိ အနိုင်ယူနိုင်မလဲ ?
👉🏻 မေတ္တာတရားတွေကရော ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ?
အတ္တ….. မာန….. မတရားမှု …….မေတ္တာတရား …
အားလုံးထိပ်တိုက်တွေ့လာတဲ့ ဘဝရဲ့ “လွန်”ဆွဲပွဲကြီး 🪢
ကိုယ့်ရင်ထဲက အချစ်ဆုံးသမီးလေးကို ကိုယ်တိုင်အဝေးကနေ ငေးကြည့်နေရတဲ့ဘဝ
အဖေတစ်ယောက်အတွက် ဒီထက်ပိုနာကျင်ရတဲ့အရာ ရှိပါဦးမလား …❓
အဖေနဲ့ သမီးလေးရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ပုံဖော်ထားတဲ့ “ လွန် “ ရုပ်ရှင်ဇာတ်ကားကြီး
“လွန်” အဓိက သရုပ်ဆောင်များ
အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ရဲအောင် ၊ ဝင့်ယမုံနိုင် ၊ သံသာမိုးသိမ့် နှင့် အခြားသောအနုပညာရှင်များစွာ…..
—------------------------
"မော" ရုပ်ရှင်ဇာတ်ကားကြီး
“ရူးတယ် …. ရူးသွပ်မှ ကိုယ်လိုချင်တာကိုရတာ ဆိုတဲ့ “ မော “
“မရေရာတဲ့ မနက်ဖြန် တွေဆီ အပြေးသွားနေကြတာက မော ဖို့ သက်သက်ပဲလား”
လူတိုင်းက မမှားပါဘူး ….. သူတို့ဘက်ကို တွေးကြည့်လိုက်ရင် အားလုံးအမှန်တွေကြီးပဲ”
ကြက်သီးထဖွယ်ကောင်းတဲ့ 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐓𝐡𝐫𝐢𝐥𝐥𝐞𝐫 ဇာတ်ကားတစ်ကားဖြစ်လာဖို့ ဗီလိန်တွေက အမြဲတမ်းကျရှုံးကြတာပဲ ဆိုပေမဲ့ တကယ်တမ်းမှာ နစ်နာသူက လူကောင်းတွေများတယ်
ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မမှားဘူးလို့ ယုံကြည်ထားတဲ့ လွတ်မြောက်လမ်းမရှိတဲ့ စိတ်ကစားပွဲတွေကို ဖန်တီးမယ့် လူတစ်ယောက် 💁🏻♂️
ဒီရူးသွပ်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုထိတ်လန့်ဖွယ်ရာ အမှန်တရားတွေ ပုန်းကွယ်နေမလဲဆိုတာကို ရုပ်ရှင်ချစ်ပရိတ်သတ်တွေအတွက်🎥 “မော” ရုပ်ရှင်ဇာတ်ကားကြီး
“မော” အဓိကသရုပ်ဆောင်များ
အကယ်ဒမီ မို့မို့မြင့်အောင် ၊ အောင်ရဲထိုက် ၊ အာဒံဦး ၊ စူးရှထူး ၊ ရဲလွင်ဦး ၊ မာဂျမ်းခေး ၊ နှင်း ၊ အိမ့်ခြူးမိုးမြင့် ၊ အောင်ပိုင် ၊ အောင်ဇော်မင်း ၊ အကယ်ဒမီ ဇော်ဦး ၊ မင်းသူ ၊ သုန္ဒြေဦး နှင့် အနုပညာ
—------------------------
ရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားလုံးကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိင်ဖို့
✅ 𝐒𝐜𝐫𝐞𝐞𝐧 ၂၀ ပေ 𝐱 ၄၀ ပေ 𝟒𝐊 အရည်အသွေးဖြင့် 𝟑𝐃 ပြသနိုင်ပြီး
✅ အသံပိုင်းစနစ်အား 𝟏𝟏.𝟏 တပ်ဆင်ထားသော 🎥 မြဝတီမီဒီယာစင်တာရှိ 𝐒𝐓𝐀𝐑 𝐂𝐢𝐧𝐞𝐦𝐚 မှာ
📌 (𝟏𝟏.𝟗.𝟐𝟎𝟐𝟔 ) ရက်နေ့ မှ (𝟏𝟕.𝟗. 𝟐𝟎𝟐𝟔) ရက်နေ့အထိ📌 ပြသပေးမှာပဲဖြစ်လို့ ရုပ်ရှင်ချစ် ပရိတ်သတ်များအားလုံးလာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙇🏻♀
# မြန်မာရုပ်ရှင် #ဇာတ်ကားကောင်းများ #မြဝတီမီဒီယာစင်တာ #လွန်ရုပ်ရှင်ဇာတ်ကားကြီး #မောရုပ်ရှင်ဇာတ်ကားကြီး #အောင်ရဲထိုက် #အကယ်ဒမီမိုးမိုးမြင့်အောင် #အကယ်ဒမီမြင့်မြတ် #ဝင့်ယမုံနိုင် #အဖေနဲ့သမီးချစ်ခြင်းမေတ္တာ