10/06/2026
လွန်ခဲ့တဲ့ ၁၀ နှစ် မကတော့ဘူးထင်တယ်
ရန်ကုန် မှာ စပြောင်းနေတဲ့အချိန်
အိမ်မှာ တစ်ယောက်ထဲ နေတဲ့ ကာလက နေ ခုချိန်ထိ
ဟင်းမချက်ချင်လို့ မီးပျက်လို့
အကြောင်းမျိုးစုံကြောင့် အားကိုးရတဲ့
စိုးလက်ရာ ဆိုတဲ့
အညာသားကြီးမိသားစုတွေရောင်းတဲ့
ခေါက်ဆွဲကြော် ကြာဇံကြော် ကုန်းဘောင်
ဘာညာ ရတဲ့ ဆိုင်မှာ
ကျနော် အကြိုက်ဆုံး ဆီချက်ခေါက်ဆွဲကို
ဆယ်နှစ်မကတော့ဘူးစားလာတာ
တပွဲ ငွေ ၆၀၀ ကနေ ၄၀၀၀ ဖြစ်သွားပီ
Portions ကတော့ အရင်တိုင်း အဝပဲ
(အခုစားတာ
ဝက်နံရိုးပေါင်း မို့ ၈၀၀၀) တော့ ဖြစ်သွားတယ်
ဒါပေမဲ့ တန်ပါတယ်
သူများတော့ မသိဘူး
ကျနော်ကတော့ ခုထိစားနေတုံးပဲ
သာကေတ မာန်ပြေလမ်းထဲမှာ ဗျာ
စားရတာတော့ ရှယ်ပဲ