Kani Filter Myanmar

Kani Filter Myanmar ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားတဲ့ Filter

No(169),1st Floor, 33rd street (Upper Block), Kyauktada Tsp, Yangon, Myanmar

Youtube link :
https://www.youtube.com/channel/UCs_vddjOFanJ3eRknNDsv_A

www.kanifilterglobal.com

လက်ကျန် (၆)လုံးပဲ ရပါတော့မယ်📣 Limited Edition ဖြစ်လို့ လိုချင်တဲ့သူများ အမြန်ဆုံး မှာယူထားပေးပါခင်ဗျာ🙏
28/08/2026

လက်ကျန် (၆)လုံးပဲ ရပါတော့မယ်📣

Limited Edition ဖြစ်လို့ လိုချင်တဲ့သူများ အမြန်ဆုံး မှာယူထားပေးပါခင်ဗျာ🙏

28/08/2026

KANI Variable ND Filter – ND2-64 / ND2-400 / ND64-1000

Video ရိုက်ကူးတဲ့အခါ ဒါမှမဟုတ် နေ့ခင်းဘက် အလင်းရောင်များတဲ့အချိန်မှာ Shutter Speed နဲ့ Aperture ကို ကိုယ်လိုချင်သလို ထိန်းချုပ်ဖို့ အခက်အခဲရှိတတ်ပါတယ်။ အထူးသဖြင့် Video ရိုက်တဲ့အခါ Shutter Speed ကို သတ်မှတ်ထားပြီး F1.4၊ F1.8 လို Aperture အကျယ်ကြီးနဲ့ Background Blur လှလှ ရိုက်ချင်ရင် အလင်းဝင်အားများလွန်းပြီး Over Exposure ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် KANI Variable ND Filter က Filter တစ်ချပ်တည်းနဲ့ အလင်းဝင်အားကို လိုသလို ချိန်ညှိပေးနိုင်တဲ့ အသုံးဝင်ဆုံး Filter တွေထဲက တစ်ခု ဖြစ်ပါတယ်။

Fixed ND Filter တွေလို အလင်းအခြေအနေပြောင်းတိုင်း Filter တစ်ချပ်ပြီးတစ်ချပ် လဲစရာမလိုဘဲ Filter Ring ကို လှည့်ပြီး ND Effect ကို ချိန်ညှိနိုင်တာ က Variable ND ရဲ့ အဓိကအားသာချက် ဖြစ်ပါတယ်။ Outdoor Video၊ Wedding၊ Interview၊ Travel Video နဲ့ Run & Gun Shooting တွေမှာ နေရောင်အခြေအနေ အမြန်ပြောင်းလဲနေတဲ့အခါ အထူးအဆင်ပြေပါတယ်။

KANI Variable ND2-64 က ND Effect အနည်းကနေ အလယ်အလတ်အထိ ချိန်ညှိအသုံးပြုနိုင်တာကြောင့် Everyday Video Shooting အတွက် အထူးသင့်တော်ပါတယ်။ နေ့ခင်းဘက်မှာ Aperture ကို ကျယ်ကျယ်ဖွင့်ပြီး Cinematic Background Blur ရချင်တာ၊ Portrait နဲ့ Outdoor Video တွေ ရိုက်ချင်တာမျိုးအတွက် အသုံးဝင်ပါတယ်။

KANI Variable ND2-400 ကတော့ ပိုကျယ်ပြန့်တဲ့ ND Range ကို Filter တစ်ချပ်တည်းနဲ့ အသုံးပြုနိုင်တာကြောင့် Photography နဲ့ Video နှစ်မျိုးစလုံးအတွက် အဆင်ပြေပါတယ်။ အလင်းရောင်အခြေအနေ အမျိုးမျိုးမှာ Exposure ကို လွယ်လွယ်ကူကူ ချိန်ညှိချင်သူတွေအတွက် All-round Variable ND တစ်ချပ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။

အလင်းအရမ်းပြင်းတဲ့ နေ့ခင်းဘက် Shooting နဲ့ ပိုအားပြင်းတဲ့ ND Effect လိုအပ်သူတွေအတွက်တော့ KANI Variable ND64-1000 ကို ရွေးချယ်နိုင်ပါတယ်။ Slow Shutter ကို အသုံးပြုပြီး ရေစီးကြောင်း၊ ရေတံခွန်၊ တိမ်ရွေ့လျားမှု စတဲ့ Motion Effect တွေ ဖန်တီးချင်တဲ့ Photography အတွက်လည်း အသုံးဝင်ပါတယ်။

ဒါကြောင့် ဘယ် Variable ND ကိုရွေးမလဲ? ဆိုရင် Video နဲ့ Everyday Outdoor Shooting အတွက် ND2-64၊ Filter တစ်ချပ်တည်းနဲ့ Range ကျယ်ကျယ်အသုံးပြုချင်ရင် ND2-400၊ နေရောင်အရမ်းပြင်းတဲ့အခြေအနေနဲ့ Strong ND Effect လိုအပ်ရင် ND64-1000 ကို ရွေးချယ်နိုင်ပါတယ်။

အလင်းအခြေအနေပြောင်းတိုင်း Camera Setting တွေ အများကြီးပြန်ပြောင်းနေရတာ၊ Fixed ND Filter တွေ တစ်ချပ်ပြီးတစ်ချပ် လဲနေရတာမျိုး မလုပ်ချင်ဘဲ Filter တစ်ချပ်တည်းနဲ့ Exposure ကို မြန်မြန်ဆန်ဆန် ထိန်းချုပ်ချင်တဲ့ Photographer နဲ့ Videographer တွေအတွက် KANI Variable ND Series က Camera Bag ထဲမှာ ဆောင်ထားသင့်တဲ့ Filter Series တစ်ခု ဖြစ်ပါတယ်။

Available Models –
• KANI Variable ND 2-64
• KANI Variable ND 2-400
• KANI Variable ND 64-1000

📦 အထက်ပါ (၃)မျိုးလုံး ပစ္စည်းအဆင့်သင့် ရရှိနိုင်ပါတယ်။

🇲🇲 Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd.
📍 No.199 (Ground Floor), 33rd Street (Upper Block), Kyauktada Township, Yangon
☎️ 09261244944














Cinematic Look အတွက် Black Mist လား? White Mist လား?Digital Camera တွေ တိုးတက်လာတာနဲ့အမျှ Lens တွေရဲ့ Resolution နဲ့ Sha...
27/08/2026

Cinematic Look အတွက် Black Mist လား? White Mist လား?

Digital Camera တွေ တိုးတက်လာတာနဲ့အမျှ Lens တွေရဲ့ Resolution နဲ့ Sharpness ကလည်း အရမ်းကောင်းလာပါတယ်။ ဒါပေမယ့် တချို့ Portrait နဲ့ Video တွေမှာ အရမ်းကြည်လင်ပြတ်သားနေတာက ကိုယ်လိုချင်တဲ့ Mood နဲ့ မကိုက်တာမျိုးလည်း ရှိပါတယ်။

အထူးသဖြင့် Portrait၊ Wedding၊ Music Video နဲ့ Cinematic Video တွေမှာ Skin ကို နည်းနည်းနူးညံ့စေချင်တာ၊ မီးရောင်တွေကို Glow လေးဖြစ်စေချင်တာ၊ Digital Look အရမ်းပြတ်နေတာကို Film ဆန်ဆန် ပြောင်းချင်တာမျိုး ရှိပါတယ်။

ဒီလိုအချိန်မှာ အသုံးပြုကြတာကတော့ Diffusion Filter / Mist Filter တွေ ဖြစ်ပါတယ်။

KANI မှာလည်း ကိုယ်ဖန်တီးချင်တဲ့ Look အလိုက် ရွေးချယ်နိုင်တဲ့ Black Mist (Cinema Diffusion Filter) နဲ့ White Mist Filter ဆိုပြီး ရှိပါတယ်။

ဒါပေမယ့် နှစ်ခုစလုံးက ပုံကို Soft ဖြစ်စေတဲ့ Mist Filter ဆိုတော့…

Black Mist နဲ့ White Mist ဘာကွာလဲ?

အဓိကကတော့ Contrast နဲ့ Glow ကို ဘယ်လောက်အထိ ပြောင်းလဲပေးသလဲ ဆိုတာမှာ ကွာခြားပါတယ်။

🎬 KANI Black Mist – Cinematic Look

Black Mist က Highlight တွေကို နူးညံ့စေပြီး မီးရောင်ပတ်လည်မှာ လှပတဲ့ Halation / Glow ကို ဖန်တီးပေးပါတယ်။

ဒါပေမယ့် ပုံတစ်ပုံလုံးကို ဖြူဖျော့သွားအောင် လုပ်တာမျိုးမဟုတ်ဘဲ Black Level နဲ့ Contrast ကို တတ်နိုင်သမျှ ထိန်းထားပေးတာ က Black Mist ရဲ့ အဓိကအားသာချက် ဖြစ်ပါတယ်။

ဥပမာ ညဘက် Portrait တစ်ပုံကို နောက်ခံမှာ Street Light၊ Neon Light တွေနဲ့ ရိုက်တယ်ဆိုပါစို့။

Black Mist တပ်လိုက်ရင် မီးရောင်ပတ်လည်မှာ နူးညံ့တဲ့ Glow ပေါ်လာမယ်။ Skin Tone ကလည်း ပိုပြီး နူးညံ့လာမယ်။

ဒါပေမယ့် Shadow နဲ့ Black တွေကို ဆက်ပြီး ထိန်းထားနိုင်တာကြောင့် ပုံတစ်ပုံလုံးက အရမ်းဖျော့မသွားဘဲ Moody & Cinematic Feeling ကို ရရှိစေပါတယ်။

ဒါကြောင့်…

- Cinematic Video
- Night Portrait
- Music Video
-Car Photography / Video
- Portrait
-Short Film

လိုမျိုးတွေမှာ Black Mist က အရမ်းအသုံးဝင်ပါတယ်။



☁️ KANI White Mist – Soft & Dreamy Look

White Mist ကတော့ Black Mist ထက် ပုံတစ်ပုံလုံးကို ပိုပြီး နူးညံ့စေပါတယ်။

Highlight တွေမှာ Glow ပိုပြန့်လာပြီး Contrast ကိုလည်း ပိုပြီး လျှော့ချပေးတာကြောင့် Shadow နဲ့ Black တွေပါ နည်းနည်း Lift ဖြစ်လာပါတယ်။

အဲဒီအတွက် ပုံတစ်ပုံလုံးကို မြူပါးပါးလေး ဖုံးထားသလို Soft & Dreamy Feeling ရရှိစေပါတယ်။

Portrait ရိုက်တဲ့အခါ Skin ကို နူးညံ့စေပြီး Highlight တွေကို Soft ဖြစ်စေတာကြောင့် Beauty Portrait တွေအတွက် အသုံးဝင်ပါတယ်။

Wedding Photography / Video တွေမှာလည်း နူးညံ့တဲ့ Romantic Mood ကို ဖန်တီးချင်တဲ့အခါ White Mist က အရမ်းလိုက်ဖက်ပါတယ်။

ဒါကြောင့်…

-Wedding
- Bridal Portrait
- Beauty Portrait
- Backlight Portrait
- Romantic Video
- Dreamy Photography

လိုမျိုး Soft Feeling ကို အဓိကလိုချင်တဲ့အခါ White Mist ကို ရွေးချယ်နိုင်ပါတယ်။



ဒါဆို ဘယ်ဟာကို ရွေးရမလဲ?

အလွယ်ဆုံး မှတ်မယ်ဆိုရင်…

🖤 Black Mist = Cinematic + Contrast

Digital ရဲ့ Sharp Look ကို နူးညံ့စေချင်ပေမယ့် Black နဲ့ Contrast ကို အရမ်းမဆုံးရှုံးချင်ဘူး၊ မီးရောင်တွေမှာ Glow လေးရပြီး Cinema ဆန်ဆန် Look လိုချင်တယ်ဆိုရင် Black Mist ကို ရွေးပါ။

🤍 White Mist = Soft + Dreamy

Contrast ကို ပိုပြီးနူးညံ့စေချင်တယ်၊ Highlight Glow ပိုများချင်တယ်၊ ပုံတစ်ပုံလုံးကို Soft၊ Hazy၊ Romantic Feeling ရချင်တယ်ဆိုရင် White Mist ကို ရွေးပါ။

တစ်ချက်သတိပြုရမှာကတော့ —

Mist Filter တွေဟာ ပုံမကြည်တာကို ဖြစ်စေတဲ့ အရည်အသွေးမကောင်းတဲ့ Filter မဟုတ်ပါဘူး။

Sharpness၊ Highlight၊ Contrast နဲ့ Light ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပြီး Camera ထဲမှာတင် ကိုယ်လိုချင်တဲ့ Mood ကို ဖန်တီးပေးတဲ့ Creative Filter တွေ ဖြစ်ပါတယ်။

Effect အရမ်းများတာ မလိုချင်တဲ့သူဆိုရင် Strength နည်းတဲ့ Mist ကနေ စတင်သုံးနိုင်ပြီး ကိုယ်လိုချင်တဲ့ Cinematic / Dreamy Look ပေါ်မူတည်ပြီး Strength ကို ရွေးချယ်နိုင်ပါတယ်။

(ပုံရိပ်ကို ကြည်လင်ပြတ်သားပြီး Contrast ကောင်းကောင်းနဲ့ မူရင်းအတိုင်းပဲ လိုချင်တယ်ဆိုရင်တော့ Mist Filter မလိုအပ်ပါဘူး။ ဒါပေမယ့် Portrait နဲ့ Video တွေမှာ Digital Sharpness ကို နည်းနည်းလျှော့ပြီး Cinematic Look လိုချင်တယ်ဆိုရင် Black Mist၊ နူးညံ့ပြီး Romantic / Dreamy Look ကို ပိုလိုချင်တယ်ဆိုရင် White Mist ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။)

🇲🇲 Available at KANI Myanmar
Official Distributor

Parallax Imagine Co., Ltd.
📍 No.199 (Ground Floor), 33rd Street (Upper Block), Kyauktada Township, Yangon
☎️ 0926 124 4944













Limited edition အနေနဲ့ ထွက်ထားတဲ့ 100mm Hard Case ( Filter + Holder)      Landscape Photography ရိုက်ကူးတဲ့အခါ Square Fi...
26/08/2026

Limited edition အနေနဲ့ ထွက်ထားတဲ့ 100mm Hard Case ( Filter + Holder)

Landscape Photography ရိုက်ကူးတဲ့အခါ Square Filter တွေ၊ Filter Holder နဲ့ Accessories တွေကို တစ်ခုချင်းစီ သီးသန့်အိတ်တွေနဲ့ သယ်သွားရတာ အတော်လေး အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့် Glass Filter တွေက ထိခိုက်လွယ်တာကြောင့် ခရီးသွားတဲ့အခါ သေချာကာကွယ်ပြီး သယ်ဆောင်ဖို့ လိုအပ်ပါတယ်။ KANI Hard Case – Filter Plus Holder for 100mm ကတော့ 100mm Filter System အသုံးပြုသူတွေအတွက် Filter နဲ့ Holder တွေကို တစ်နေရာတည်းမှာ စနစ်တကျ သိမ်းဆည်းသယ်ဆောင်နိုင်အောင် ပြုလုပ်ပေးထားတဲ့ Hard Case ဖြစ်ပါတယ်။

အပြင်ဘက်ကို Hard Case ပုံစံ ပြုလုပ်ထားတာကြောင့် Camera Bag ထဲမှာ အခြားပစ္စည်းတွေနဲ့ အတူထည့်ထားတဲ့အခါ ဖိမိတာ၊ တိုက်မိတာတွေကနေ အတွင်းမှာရှိတဲ့ Filter တွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အပြင်ဘက် Black Finish နဲ့ KANI Logo ကြောင့်လည်း ရိုးရှင်းပြီး Professional ဆန်တဲ့ Design ကို ရရှိထားပါတယ်။

အတွင်းဘက်မှာတော့ 100mm Square Filter တွေကို တစ်ချပ်ချင်းစီ ခွဲခြားသိမ်းဆည်းနိုင်တဲ့ Padded Compartments တွေ ထည့်ပေးထားပါတယ်။ Filter တစ်ချပ်နဲ့တစ်ချပ် တိုက်မိပြီး ခြစ်ရာဖြစ်တာကို လျှော့ချပေးနိုင်သလို လိုအပ်တဲ့ ND၊ GND၊ Effect Filter စတာတွေကို ချက်ချင်းရွေးထုတ်သုံးနိုင်အောင် စနစ်တကျထားနိုင်ပါတယ်။

ဒီ Case ရဲ့ အားသာချက်က Filter တွေတင်မဟုတ်ဘဲ 100mm Filter Holder နဲ့ Accessories တွေကိုပါ တစ်နေရာတည်းမှာ စုစည်းထားနိုင်တာ ဖြစ်ပါတယ်။ Landscape Shooting သွားတဲ့အခါ Holder တစ်အိတ်၊ Filter တစ်အိတ် သီးသန့်သယ်စရာမလိုတော့ဘဲ Filter System ကို Case တစ်လုံးထဲနဲ့ အဆင်ပြေပြေ သယ်သွားနိုင်ပါတယ်။

အတွင်းဘက်ကို Soft Material နဲ့ ပြုလုပ်ထားပြီး Filter တွေကို ထုတ်ယူရလွယ်ကူစေဖို့ Red Pull Tabs တွေလည်း ထည့်ပေးထားပါတယ်။ ဒါကြောင့် Filter ကို လက်နဲ့အများကြီးကိုင်တွယ်စရာမလိုဘဲ လိုအပ်တဲ့ Filter ကို လွယ်လွယ်ကူကူ ထုတ်ယူနိုင်ပါတယ်။

ဒါ့အပြင် Shoulder Strap ပါဝင်တာကြောင့် Camera Bag ထဲထည့်သယ်နိုင်သလို Case ကို သီးသန့်လွယ်ပြီးလည်း သယ်ဆောင်နိုင်ပါတယ်။ Location တစ်ခုကနေတစ်ခု ပြောင်းပြီး ရိုက်ကူးရတဲ့ Landscape Photographer တွေအတွက် ပိုပြီးအဆင်ပြေစေပါတယ်။

KANI 100mm Filter System အသုံးပြုနေပြီး ကိုယ့်ရဲ့ ND၊ GND နဲ့ Effect Filter တွေကို စနစ်တကျ သိမ်းထားချင်သူ၊ ခရီးသွားတဲ့အခါ Filter နဲ့ Holder တွေကို တစ်နေရာတည်းမှာ လုံခြုံစွာ သယ်ဆောင်ချင်သူတွေအတွက် KANI Hard Case – Filter Plus Holder for 100mm က အသုံးဝင်တဲ့ Filter Accessory တစ်ခု ဖြစ်ပါတယ်။

အသုံးပြုနိုင်သောပစ္စည်းများ –
100mm Square Filters / 100mm Filter Holder / Adapter Rings နှင့် Filter Accessories များ

ပါဝင်ပစ္စည်းများ –
KANI Hard Filter Case, Shoulder Strap

🇲🇲 Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd.
📍 No.199 (Ground Floor),
33rd Street (Upper Block),
Kyauktada Township, Yangon
☎️ 09261244944











25/08/2026

ကျေးဇူးအထူးပါ ကို Tun Lynn😍

Available Sizes
95mm Filter အတွက်
* 67 → 95mm
* 72 → 95mm
* 77 → 95mm
* 82 → 95mm
* 86 → 95mm

82mm Filter အတွက်
* 49 → 82mm
* 52 → 82mm
* 55 → 82mm
* 58 → 82mm
* 62 → 82mm
* 67 → 82mm
* 72 → 82mm
* 77 → 82mm

Standard Step-Up Rings
* 37 → 40.5mm
* 37 → 43mm
* 39 → 43mm
* 40.5 → 43mm
* 43 → 46mm
* 49 → 52mm
* 52 → 55mm
* 55 → 58mm
* 67 → 72mm
* 72 → 77mm

Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd
📍 အမှတ် (199) ၊ မြေညီထပ်
33 လမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
☎️ 0926 124 4944






KANI HT PRO+ MC ND Filter 100×100mmLandscape Photography နဲ့ Long Exposure Photography ကို ရိုက်ကူးတဲ့အခါ နေ့ခင်းဘက် အလင...
25/08/2026

KANI HT PRO+ MC ND Filter 100×100mm

Landscape Photography နဲ့ Long Exposure Photography ကို ရိုက်ကူးတဲ့အခါ နေ့ခင်းဘက် အလင်းရောင်များနေတဲ့အချိန်မှာ Shutter Speed ကို အချိန်ကြာကြာ ဖွင့်ထားဖို့ဆိုတာ မလွယ်ကူပါဘူး။ အလင်းဝင်အားကို မထိန်းနိုင်ရင် ပုံက Over Exposure ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုအခြေအနေတွေအတွက် KANI HT PRO+ MC ND Filter 100×100mm က Camera ထဲဝင်လာတဲ့ အလင်းပမာဏကို လျှော့ချပေးပြီး ကိုယ်လိုချင်တဲ့ Slow Shutter Effect ကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်စေတဲ့ Professional ND Filter Series ဖြစ်ပါတယ်။

ရေတံခွန်၊ မြစ်ချောင်းနဲ့ ပင်လယ်ရေတွေကို နူးညံ့စီးဆင်းနေတဲ့ Silky Water Effect အဖြစ် ရိုက်ချင်တာ၊ ကောင်းကင်ပေါ်က တိမ်တွေ ရွေ့လျားနေတဲ့ Motion ကို Long Exposure နဲ့ ဖမ်းယူချင်တာ၊ လူသွားလူလာများတဲ့နေရာမှာ လူတွေကို ပျောက်သွားအောင် Long Exposure ရိုက်ချင်တာတွေအတွက် ND Filter က မရှိမဖြစ် အသုံးဝင်ပါတယ်။

100×100mm Square Filter ဖြစ်တာကြောင့် KANI ရဲ့ 100mm Filter Holder System နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Lens တစ်လုံးချင်းစီအတွက် ND Filter သီးသန့်ဝယ်စရာမလိုဘဲ Adapter Ring ပြောင်းပြီး Lens အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Landscape Photographer တွေအတွက် Filter System တစ်ခုတည်းနဲ့ Lens အမျိုးမျိုး အသုံးပြုနိုင်တာကလည်း Square Filter System ရဲ့ အဓိကအားသာချက်တစ်ခု ဖြစ်ပါတယ်။

KANI ရဲ့ HT PRO+ MC Series ဟာ High Quality Optical Glass နဲ့ Multi-Coating Technology ကို အသုံးပြုထားတာကြောင့် ND Filter အထူကြီးတွေ အသုံးပြုတဲ့အချိန်မှာ ဖြစ်တတ်တဲ့ မလိုလားအပ်တဲ့ Color Cast ကို လျှော့ချပေးပြီး မူလအရောင်နဲ့ Image Detail ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ Water နဲ့ Oil တွေ ကပ်ငြိမှုကို လျှော့ချပေးတဲ့ Coating ပါဝင်တာကြောင့် Outdoor Landscape Shooting တွေမှာလည်း သန့်ရှင်းရေးလုပ်ရ လွယ်ကူပါတယ်။

ND Strength အမျိုးမျိုး ရွေးချယ်နိုင်တာကြောင့် ရိုက်ကူးမယ့်အခြေအနေနဲ့ လိုချင်တဲ့ Shutter Speed အလိုက် Filter ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ND16 / ND64 လို Filter တွေကို နေ့စဉ် Long Exposure အတွက် အသုံးပြုနိုင်သလို ND1000၊ ND10000 နဲ့ ND32000 လို Strong ND Filter တွေကို နေ့ခင်းဘက်မှာတောင် အချိန်ကြာကြာ Exposure ပြုလုပ်တဲ့ Creative Photography တွေအတွက် အသုံးပြုနိုင်ပါတယ်။

Landscape Photography ကို စတင်လေ့လာနေသူကနေ Professional Landscape Photographer အထိ Long Exposure ကို စိတ်ကြိုက်ထိန်းချုပ်ပြီး ပုံအရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးချင်သူတွေအတွက် KANI HT PRO+ MC ND Filter 100×100mm Series က Filter Bag ထဲမှာ ဆောင်ထားသင့်တဲ့ ND Filter Series တစ်ခု ဖြစ်ပါတယ်။

လက်ရှိ Stock အဆင့်သင့် ရရှိနိုင်သော Filter များ -

• HT PRO+ MC ND16 100×100mm
• HT PRO+ MC ND64 100×100mm
• HT PRO+ MC ND400 100×100mm
• HT PRO+ MC ND1000 100×100mm
• HT PRO+ MC ND10000 100×100mm
• HT PRO+ MC ND32000 100×100mm

အထက်ပါ (၆)မျိုးလုံး ပစ္စည်းအဆင့်သင့် ရရှိနိုင်ပါတယ်။

🇲🇲 Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd.
📍 No.199 (Ground Floor),
33rd Street (Upper Block),
Kyauktada Township, Yangon
☎️ 09261244944















KANI Light Pollution Reduction Filter (LPRF)Milky Way၊ Star Trail နဲ့ Night Landscape Photography ကို ဝါသနာပါတဲ့ Photogr...
15/08/2026

KANI Light Pollution Reduction Filter (LPRF)

Milky Way၊ Star Trail နဲ့ Night Landscape Photography ကို ဝါသနာပါတဲ့ Photographer တွေအတွက် KANI Light Pollution Reduction Filter (LPRF) ဟာ မြို့ပြအလင်းရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ Color Cast တွေကို လျှော့ချပေးပြီး ညကောင်းကင်ကို ပိုမိုသဘာဝကျစွာ ဖမ်းယူပေးနိုင်တဲ့ Premium Filter တစ်ချပ် ဖြစ်ပါတယ်။ ဂျပန်နာမည်ကြီး Astrophotographer Akio Nakanishi နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Filter ဖြစ်တာကြောင့် Astro Photography အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

Night Photography ရိုက်တဲ့အခါ မြို့ပြမီးရောင်၊ Sodium Lamp၊ Mercury Lamp စတဲ့ Artificial Light တွေကြောင့် ကောင်းကင်က အဝါရောင်၊ လိမ္မော်ရောင်သန်းပြီး ကြယ်တွေရဲ့ Detail တွေ ပျောက်သွားတတ်ပါတယ်။ KANI LPRF က 570nm–600nm ဝန်းကျင်က မလိုအပ်တဲ့ အလင်းလှိုင်းတွေကို ထိရောက်စွာ လျှော့ချပေးတာကြောင့် အရောင်ကပ်မှု (Color Cast) ကို သက်သာစေပြီး ကြယ်တွေ၊ Milky Way နဲ့ Night Sky ရဲ့ အသေးစိတ်အချက်အလက်တွေကို ပိုမိုထင်ရှားစွာ ဖမ်းယူနိုင်ပါတယ်။

KANI ရဲ့ အရည်အသွေးမြင့် German SCHOTT B270 Optical Glass ကို အသုံးပြုထားပြီး နှစ်ဖက်စလုံးကို Ultra Precision Polishing ပြုလုပ်ထားတာကြောင့် Flatness Accuracy အလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် Image Sharpness ကို မထိခိုက်ဘဲ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိစေပါတယ်။

ထို့အပြင် Premium Multi Coating System ပါဝင်တာကြောင့် Waterproof၊ Oil Resistant၊ Dust Resistant ဖြစ်ပြီး Reflection၊ Ghosting နဲ့ Flare တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Outdoor Shooting တွေမှာ Filter ကို သန့်ရှင်းရေးလုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။

Astrophotography အပြင် Night Cityscape၊ Night Landscape၊ Star Trail၊ Aurora Photography နဲ့ Long Exposure Photography တွေမှာလည်း အလွန်အသုံးဝင်ပါတယ်။ Camera ထဲကတင် ပိုမိုသန့်ရှင်းတဲ့ Night Sky ကို ရရှိစေတာကြောင့် Editing လုပ်ရတဲ့ အချိန်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ -
KANI Light Pollution Reduction Filter (LPRF), Protective Filter Case

Available Sizes :
40.5mm / 46mm / 48mm / 52mm / 67mm / 72mm / 77mm / 82mm / 95mm / 105mm / 112mm
Square Filter (75mm / 100mm / 170mm) နှင့် HT100 Filter Holder System အတွက် Version များလည်း ရရှိနိုင်ပါသည်။

🇲🇲 Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd
📍 အမှတ် (199) ၊ မြေညီထပ်
33 လမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
☎️ 0926 124 4944










10/08/2026

KANI Star Effect Filter 4X Short / 6X Short

သာမန်ဓာတ်ပုံတွေထက် ပိုပြီး ထူးခြားတဲ့ Light Effect တွေ ဖန်တီးချင်တဲ့ Photographer တွေအတွက် KANI Star Effect Filter 4X Short / 6X Short ဟာ ညဘက် Night Photography၊ Cityscape၊ Christmas Illumination၊ Portrait နဲ့ Product Photography တွေကို ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Creative Effect Filter တစ်ချပ် ဖြစ်ပါတယ်။

ဒီ Filter ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အလင်းရောင်ပြင်းတဲ့ Point Light Source တွေကို လှပတဲ့ Star Effect (Cross Effect) အဖြစ် ဖန်တီးပေးတာ ဖြစ်ပါတယ်။ နေရောင် သစ်ရွက်ကြားထဲက ဝင်လာတဲ့အလင်း၊ မြို့ပြညရှုခင်း၊ မီးအလှဆင်၊ Candle Light နဲ့ Reflection တွေကို ပိုပြီး Dramatic ဖြစ်တဲ့ ပုံရိပ်တွေအဖြစ် ဖန်တီးနိုင်ပါတယ်။

Star 4X Short က အလင်းတန်း (၄)ချောင်း ကို ဖန်တီးပေးတာကြောင့် သဘာဝကျပြီး Classic Cross Effect ကို ရရှိစေပါတယ်။ Portrait၊ Landscape နဲ့ Table Photography တွေအတွက် အလွန်သင့်တော်ပါတယ်။

Star 6X Short ကတော့ အလင်းတန်း (၆)ချောင်း ကို ဖန်တီးပေးတာကြောင့် ပိုပြီး တောက်ပလှပတဲ့ Decorative Effect ကို ရရှိစေပါတယ်။ Night Cityscape၊ Wedding၊ Illumination နဲ့ Festival Photography တွေမှာ အထူးလှပတဲ့ ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။

Short Type ဖြစ်တာကြောင့် Light Ray တွေက အရမ်းရှည်မနေဘဲ ထိန်းချုပ်ထားတဲ့ Elegant Effect ကို ရရှိစေပါတယ်။ ဒါကြောင့် ပုံတစ်ပုံလုံးကို မဖုံးလွှမ်းသွားဘဲ Subject ကို ဆက်လက်ထင်ရှားစေပြီး Professional Look ကို ပေးစွမ်းနိုင်ပါတယ်။ Portrait၊ Food Photography၊ Product Photography နဲ့ Close-up Photography တွေမှာလည်း သဘာဝကျတဲ့ Sparkle Effect ကို ဖန်တီးနိုင်ပါတယ်။

KANI ရဲ့ Premium Optical Glass နဲ့ Multi Coating Technology ကို အသုံးပြုထားတာကြောင့် Image Quality ကို မထိခိုက်ဘဲ Waterproof၊ Oil Resistant၊ Dust Resistant နဲ့ Anti-static Coating ပါဝင်ပါတယ်။ Outdoor Shooting တွေမှာ သန့်ရှင်းရေးလုပ်ရတာ လွယ်ကူပြီး Reflection ကိုလည်း ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

Creative Photography ကို နှစ်သက်သူ၊ Night Scene တွေကို ပိုပြီး ဆွဲဆောင်မှုရှိရှိ ရိုက်ချင်သူ၊ Camera ထဲကတင် လှပတဲ့ Starburst Effect ကို ရယူချင်သူတွေအတွက် KANI Star Effect Filter 4X Short / 6X Short က Camera Bag ထဲမှာ ဆောင်ထားသင့်တဲ့ Creative Filter တစ်ချပ် ဖြစ်ပါတယ်။

Available Types

* ⭐ Star 4X Short
* ⭐ Star 6X Short

🇲🇲 Available at KANI Filter Myanmar
Official Distributor

Parallax Imagine Co., Ltd
📍 အမှတ် (199) ၊ မြေညီထပ်
33 လမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
☎️ 0926 124 4944










ဒီနေ့ VND2-400 + CPL အတွက် ပစ္စည်းအရေအတွက် အနည်းငယ် ထပ်ရောက်ထားပါတယ်ဗျ📣
04/08/2026

ဒီနေ့ VND2-400 + CPL အတွက် ပစ္စည်းအရေအတွက် အနည်းငယ် ထပ်ရောက်ထားပါတယ်ဗျ📣

Address

No(199), Ground Floor, 33rd Street (Upper Block), Kyauktada Tsp
Yangon
11181

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959740804733

Alerts

Be the first to know and let us send you an email when Kani Filter Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kani Filter Myanmar:

Shortcuts

Share

Category