03/06/2026
လူတစ်ယောက် အောင်မြင်ဖို့
လူတစ်ယောက် ကျရှုံးပေးစရာ မလိုပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံတကာဓာတ်ပုံဆုတွေ ရရှိအောင် ကြိုးစားသလို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ဆုတွေ အသီးသီးရအောင် ဒီနှစ်တွေမှာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။
လူတစ်ယောက်အနေနဲ့ လောဘရှိတယ်ဆိုပေမယ့် အဖက်ဖက်က ခက်ခဲနေတဲ့ ကာလတွေမှာ မြန်မာနိုင်ငံကလူငယ်တွေကို ဓာတ်ပုံပညာနဲ့ ကိုယ်တတ်နိုင်တာကို လုပ်ပေးနေခြင်း ဖြစ်ပါတယ်။
လူငယ်တွေ ဆုတွေ အသီးသီးရလာကြလို့ ကျွန်တော်ရနေတဲ့ ဆုတွေလည်း မရပ်သွားပါဘူး။ သူတို့ နေရာတစ်ခုရလာလို့ ကျွန်တော် နေရာဖယ်ပေးစရာလည်း မလိုပါဘူး။ အခွင့်အလမ်းတွေ များစွာရှိနေတဲ့ ဒီခေတ်ကြီးမှာ လူတိုင်းက ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ရယူခွင့်ရှိကြပါတယ်။ ပင်လယ်ရေ တစ်ယောက်တည်းသောက်လို့ မကုန်ပါဘူး။
အဲ့လို လူငယ်တွေကို ဖြစ်ထွန်းစေချင်တဲ့ ကောင်းတဲ့ စိတ်ကြောင့်ပဲ ဘာမှမရှိတဲ့ ဘဝကနေ အချိန်တိုတွင်း တိုးတက်ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံမှာ သူများမရဖူးတဲ့ ဆုတွေ၊ အခွင့်အလမ်းကောင်းတွေလည်း ကိုယ်တိုင် အများကြီးရခဲ့ပါတယ်။
ကျွန်တော်ကတော့ အမြဲဆက်သွားနေမှာပါ။
သွားနေရင်း လက်တွဲခေါ်လို့ရတဲ့သူတွေကိုလည်း တတ်နိုင်သလောက် လမ်းပြပြီး တွဲခေါ်သွားမှာပါ။ ထိုက်တန်တဲ့ နေရာတစ်ခုရဖို့ကတော့ ကိုယ့်ကြိုးစာမှုပေါ်မှာ အများကြီး မူတည်ပါတယ်။
ဓာတ်ပုံနဲ့ ပတ်သတ်ရင် ကျွန်တော်ရှိပါတယ် 📸