အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ

  • Home
  • Myanmar
  • Yangon
  • အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ

အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ Aiya Sãmaggĩ

မင်္ဂလာပါအိုင်လျားသာမဂ္ဂီကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ16.8.2026 Sun #ဦးတင်ဌေး+ #ဒေါ်အေးလုံးတို့ရဲ့ သမီးငယ် #မထွေး...
16/08/2026

မင်္ဂလာပါအိုင်လျားသာမဂ္ဂီ
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ

16.8.2026 Sun
#ဦးတင်ဌေး+ #ဒေါ်အေးလုံးတို့ရဲ့ သမီးငယ်
#မထွေးထွေးယဥ် အိုမန်ရောက်မြန်မာကောင်မလေးက
ဖခင်ကြီး ဦးတင်ဌေးကို ရည်စူးပြီး အိုင်လျားသာမဂ္ဂီ အသင်းကို တစ်သိန်းကျပ်လှူဒါန်းပါတယ်။

ရည်းစူးတဲ့ ဖခင်ကြီးဦးတင်ဌေးလည်း လူ့ဘဝ နတ်ဘဝ
သုဂတိဘုံဌာနမှာ သူတော်ကောင်းတရားတို့ဖြင့်
အေးချမ်းပါစေ...။
မိဘကျေးဇူးကို မှတ်မှတ်ရရ သတိရရင်း ကုသိုလ်ပြုပေးတဲ့ သမီးငယ်လေး #ထွေးထွေးယဥ်လည်း အစစအရာရာ အဆင်ပြေပါစေ...ဆူးခလုတ်တွေ ကင်းဝေးပြီး တိုးတက် အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုက်ပါစေ။
မိဘ ဆရာ ဇာတိရပ်ရွာကိုလည်း
ဒီထက်မက စောင့်ရှောက်နိုင်ပါစေ။

အားလုံးလည်း ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်းကင်းလို့ အေးချမ်းသာယာကြပါစေ14.8.2026 #ကိုလှိုင်းကို မွေးနေ့ကုသိုလ်အဖြစ်အိုင်လျားသာမဂ္ဂီ...
15/08/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်းကင်းလို့ အေးချမ်းသာယာကြပါစေ

14.8.2026
#ကိုလှိုင်းကို မွေးနေ့ကုသိုလ်အဖြစ်
အိုင်လျားသာမဂ္ဂီ အသင်းကို
၃၀၀၀၀ သုံးသောင်းကျပ် လှူဒါန်းပါတယ်။

မွေးနေ့မှစ၍ နောင်နှစ်ပေါင်းရာချီမှာ
တောင်းတိုင်း တတိုင်းသော ကောင်းကျိုးမှန်သမျှ
ချမ်းချမ်းသာသာ ပြည့်ဝပါစေ။
မိဘ ဆရာ ရပ်ရွာကိုလည်း ဒီထက်မက
စောင့်ရှောက်နိုင်ပါစေ။

အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါအိုင်လျားသာမဂ္ဂီဘေးအတန်တန် ရန်အသွယ်သွယ်တို့မှကင်းဝေးကြပါစေ...၊10.8.2026ကျန်းမာရေးအရ ကိုယ်တိုင်ဆေးစားနေရင်း #ဦး...
11/08/2026

မင်္ဂလာပါအိုင်လျားသာမဂ္ဂီ
ဘေးအတန်တန် ရန်အသွယ်သွယ်တို့မှ
ကင်းဝေးကြပါစေ...၊

10.8.2026
ကျန်းမာရေးအရ ကိုယ်တိုင်ဆေးစားနေရင်း
#ဦးမှတ်ရင်+ #ဒေါ်ဝင်းကြည်
#သားကိုဇော်စိုးထက် #သမီးမသော်ဇင်ငြိမ်း မိသားစုတို့က
အိုင်လျားသာမဂ္ဂီအသင်းကို နှစ်သိန်းကျပ် လှူဒါန်းပါတယ်။

အလှူရှင်မိသားစုတို့သည်
တွေ့ကြုံခံစားနေရသော ဝေဒနာတို့မှ
အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေ
ဘေးဘယာ ဘေးရောဂါအပေါင်းတို့မှလည်း
ကင်းဝေးကာ ကောင်းကျိုးအဖြာဖြာတို့ ပြည့်စုံကြပါစေ။
ပေးဝေလှူတန်းနိုင်သော လက်ပိုင်များဖြစ်ကြလျက်
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် သူတော်ကောင်းတရားတို့ဖြင့် ချမ်းချမ်းသာသာ အသက်ဆက်နိုင်ကြပါစေ။

အားလုံးလည်း ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန် အန္တရာယ်အသွယ်သွယ်တို့မှကင်းဝေးကြပြီး ကျက်သရေမင်္ဂလာအဖြာဖြာတို့နဲ့ပြည့်စုံကြပါစ ။5.8.202...
06/08/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန် အန္တရာယ်အသွယ်သွယ်တို့မှ
ကင်းဝေးကြပြီး ကျက်သရေမင်္ဂလာအဖြာဖြာတို့နဲ့
ပြည့်စုံကြပါစ ။

5.8.2026 wed
မိဘ ဘိုးဘွားတို့အား ဦးထိပ်ပန်ဆင်ကာ
သမိုင်း မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့နေ
#ကိုရဲရင့်ပိုင်မှူး(ခ) #ကိုဝေလင်းဟန် က
မွေးနေ့ကုသိုလ်အဖြစ် အိုင်လျားသာမဂ္ဂီ အသင်းကို
၅၀၀၀၀ ငါးသောင်းကျပ် လှူဒါန်းပါတယ်။

မွေးနေ့ရှင်နှင့်တကွ မိဘ ဘိုးဘွား မိသားစုများ
ရောဂါဘေးဘယအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြလျက်
ကောင်းကျိုးမှန်သမျှတို့ တောင်းတိုင်း တတိုင်း
မဆိုင်းမတွ ပြည့်ဝကြပါစေ။
ပေးဝေ လှူတန်းနိုင်သော လက်ပိုင်ရှင်များဖြစ်ကြပြီး
အချင်းချင်းလည်း စောင့်ရှောက်နိုင်ကြပါစေ။
မိဘ ဆရာ ဇာတိရပ်ရွာ တိုင်းနိုင်ငံကိုလည်း
စောင့်ရှောက်နိုင်ပါစေ။
အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါအိုင်လျားသာမဂ္ဂီဘေးရန်းတွေ ဝေးကြပါစေကောင်းကျိုးမှန်သမျှ ပြည့်ဝကြပါစေ။1.8.2026 Sat #ကိုမောင်ထွန်း +  #မဝင်းမြိုင...
02/08/2026

မင်္ဂလာပါအိုင်လျားသာမဂ္ဂီ
ဘေးရန်းတွေ ဝေးကြပါစေ
ကောင်းကျိုးမှန်သမျှ ပြည့်ဝကြပါစေ။

1.8.2026 Sat
#ကိုမောင်ထွန်း + #မဝင်းမြိုင် မိဘနှစ်ပါးကို အမှူးထားပြီး
ဂျပန်ရောက် မြန်မာမလေး #မမျိုးသော်တာခိုင် က
အိုင်လျားသာမဂ္ဂီအသင်းကို တစ်သိန်းကျပ် လှူဒါန်းပါတယ်။

အလှူရှင်မိသားစုများ အခက်အခဲမှန်သမျှ
လက်တွဲ ကြံဆ အောင်မြင်ကြပါစေ။
ကောင်းတဲ့ စိတ်အကြံမှန်သမျှတို့သည်လည်း
ဖိတ်လျှံ ပြည့်ဝ၍ အေးမြသောဘဝကို
တည်ဆောက်နိုင်ကြပါစေ ။
အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ၁၃၈၈ -2026 ခုနှစ်ရဲ့ ဝါဆိုလပြည့်နေ့ အလှူလေးတွေပါအရင်နှစ်တွေ...
30/07/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ

၁၃၈၈ -2026 ခုနှစ်ရဲ့ ဝါဆိုလပြည့်နေ့ အလှူလေးတွေပါ
အရင်နှစ်တွေက ဖုန်းမှတ်တမ်းထဲမှာပဲ သတိလက်လွတ်
ကျန်ကျန်နေခဲ့တော့ တကယ့်ကို ရိုးရိုးသားသား မေ့နေခဲ့တဲ့
အကြောင်း ပြောပြရင်း ခဏ ခဏ တောင်းပန်ခဲ့ရတယ်...။
ဒီနှစ်တော့ မှတ်မှတ်ရရပါပဲ... #ကိုတင့်ဇော်+ #မနီလာကျော်
(လှလွန်းပို ဗျူးတီးစလွန်း)မိသားစုက အိုင်လျားသာမဂ္ဂီအသင်းကို ၅၀၀၀၀ ငါးသောင်းကျပ် လှူဒါန်းပါတယ်။

နောက်တစ်ဦးကတော့ ... သူတို့ရဲ့ မောင်ငယ် ညီငယ်​လေးပါပဲ... #ကိုတောက်ပု ခေါ် #ကိုထွန်းထွန်းလင်း သူကလည်း အသင်းကို ၃၀၀၀၀၀ သုံးသိန်းကျပ် လှူဒါန်းပါတယ်။
(ဟိုတုန်းကတော့ ချစ်သူကို လှူခိုင်းနေကြ)

လပြည့်နေ့မှာ လှူကြတဲ့ အလှူရှင်မိသားစုများ
လပြည့်နေ့ရဲ့ လမင်းကြီးလို ကြည်ကြည်လင်လင်
အေးအေးမြမြ ဘဝမှာ တောက်ပနိုင်ကြပါစေ...။
ဘေးရောဂါ ကပ်ရောဂါ အပြစ်အနာဆာများ
ကင်းဝေးပြီး ကောင်ကျိုးမှန်သမျှ ပြည့်ဝကြပါစေ။
အားလုံးလည်း ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာ မနက်ခင်းလေးပါ အိုင်လျားသာမဂ္ဂီကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ။ထုံးစံအတိုင်း မတင်ပြရသေးတော့ အကြွေးတင်နေတဲ့အလှ...
26/07/2026

မင်္ဂလာ မနက်ခင်းလေးပါ အိုင်လျားသာမဂ္ဂီ
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေ။

ထုံးစံအတိုင်း မတင်ပြရသေးတော့ အကြွေးတင်နေတဲ့
အလှူရှင်လေးတွေကို ခွင့်လွတ်ကြပါလို့ တောင်းပန်ရင်း
တစ်ခါတည်း စုပေါင်းပြီးပဲ တင်ပြပါရစေ။

10.7.2026 fri
#ကိုမိုး+ #မသန်းခင် မိသားစု
မလေရှား+အိုင်လျား ၁၀၀၀၀၀ တစ်သိန်း ကျပ်

15.7.2026
#ကိုကာလူး နိုင်ငံခြားတစ်နေရာ
၅၀၀၀၀ ငါး​သောင်းကျပ်

20.7.2026
မကေသွယ်မိုး ညီမ #မအေးအေးသိမ့်မွေးနေ့ကုသိုလ်
စလုံးရောက် မြန်မာမလေး
၁၀၀၀၀၀ တစ်သိန်းကျပ်

23.7.2026
#ဒေါ်စန်းနွဲ့ သား #ကိုသန့်ဇင်ထွန်း
လင်းလက်ဟိန်း ကားဝပ်ရှော့
တပင်ရွှေထီးလမ်း၊ လှိုင်သာယာ၊ရန်ကုန်
၁၀၀၀၀၀ တစ်သိန်းကျပ်

အလှူရှင်မိသားစုအားလုံးတို့၏
ကောင်းသော စိတ်အကြံအစည်မှန်မျှတို့သည်
တောင်းတိုင်း တ တိုင်း ပြည့်ဝကြပါစေ
ပေးဝေ လှူဒါန်းနိုင်သော လက်ပိုင်ရှင်များ ဖြစ်ကြပါစေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
အေးချမ်း အောင်မြင် ပြည်စုံသောဘဝကို
လှလှပပ ပုံဖော် တည်ဆောက်နိုင်ကြပါစေ။
မိဘ ဆရာ ဇာတိရပ်ရွာကိုလည်း ဒီထက်မက
စောင့်ရှောက်နိုင်ကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာ မနက်ခင်းလေးပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေ ကင်းကွာပြီး ကောင်းကျိုးအဖြာဖြာပြည့်ဝကြပါစေ...။အလုပ်တွေနဲ့လည်း မကင်းသေးဘူ...
23/07/2026

မင်္ဂလာ မနက်ခင်းလေးပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေ ကင်းကွာပြီး ကောင်းကျိုးအဖြာဖြာ
ပြည့်ဝကြပါစေ...။

အလုပ်တွေနဲ့လည်း မကင်းသေးဘူး
အရှုပ်တွေနဲ့လည်း မရှင်းသေးဘူးဆိုတော့
ထုတ်ဖော် တင်ပြသင့်တာတွေ လစ်ဟင်းနေခဲ့ပေါ့
ဒီအတွက်
မတင်ရသေးတဲ့ မေတ္တာဖြန့်ဝေမှုလေးတွေကို
စုပေါင်းပြီးပဲ တင်ပြပါရစေ...။
၃၀.၆.၂၀၂၆ အင်္ဂါနေ့
မျက်စိ ကုသမှုခံယူဖို့လာတဲ့ ဦးဗိုလ်တုပ်ကို တစ်သိန်းကျပ်
အကြီးစားခွဲစိပ်ကုသထားရတဲ့ မစိန်စု သုံးသိန်းကျပ်၊
၅.၇.၂၀၂၆
ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့
ကိုဆန်းရှောင် နှစ်သိန်းကျပ်၊
၂၂.၇.၂၀၂၆
ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင် မယုံရဘူးတဲ့
ခုနောက်ပိုင်း ရွာမှာ ကိုယ့်ဒူးကိုယ် မယုံရဲတဲ့သူတွေ
တော်တော်တွေ့လာရတယ်... အဲ့ဒီထဲမှာ
ဦးညွန့်ရှောင်တို့ ဦးဝင်းဟန်(ဦးငသန်)တို့လည်း အပါဝင်ပေါ့
သူတို့ နှစ်ဦးကို နှစ်သိန်းကျပ်စီနဲ့ ဆေးစစ် ဆေးစားနေရတဲ့
မနွဲ့ကို တစ်သိန်းခွဲကျပ် အသီးသီး မေတ္တာဖြန့်ဝေထားပါတယ်ဆိုတာ ရွာသူ ရွာသားတွေကို သာဓုခေါ် ဝမ်းမြောက်
ကြည်နူးနိုင်ဖို့ မှတ်တမ်းတင်ပါတယ်။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

14/07/2026

8.7.2026 wed ၆-လပတ် စုံညီနေ့ အမှတ်တရ

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးဘယာတွေ ဝေးကွာကြပြီးကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းတို့နဲ့ ပြည့်ဝကြပါစေ။မမှားပေမယ့် မမှန်သေးတေ...
14/07/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးဘယာတွေ ဝေးကွာကြပြီး
ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းတို့နဲ့ ပြည့်ဝကြပါစေ။

မမှားပေမယ့် မမှန်သေးတော့
အချိန်နဲ့ တပြေးညီ ​ဖြစ်မနေနိုင်တာကို
ထုံးစံအတိုင်း တောင်းပန်ပါရစေ...

ဒီ ၂၀၂၆ ရဲ့ စာရင်းဇယားတွေကို ဖိုတိုလေးတွေနဲ့
တင်ပြထားပါတယ်... ဖြဲရဲ ကြည့်ပြီး ကိုယ့်နာမည် ပါ/မပါ
အမှား အမှန် စတာတွေကို စစ်စေးစေချင်ပါတယ်။
မှားနေရင် လိုနေရင် ပြင်ဖို့ပါ...

၈.၇.၂၀၂၆ စုံညီတွေ့ဆုံပွဲနေ့က လှူဒါန်းမှု စာရင်းတွေမှာ
အချို့က လစဥ်ကြေးအလှူငွေလို့ ခေါင်းစဥ်ပါနေပေမယ့်
ဒီနှစ်အတွက် လစဥ်ကြေးက ထည့်သွင်းလှူဒါန်းပြီးသား
ဖြစ်နေပါတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်တွေရဲ့ ထည့်ဝင်လှူဒါန်းခဲ့တာတွေကိုတော့ မ တည်လှူဒါန်းမှုထဲကို စာရင်းထည့်လိုက်ပါတယ်။ အရင်က ၆ လစာ ထည့်ပြီးသူတွေကိုတော့ သီးသန့်
စာရင်း မရိုက်တော့ဘဲ အရင်ရှိပြီးသားထဲကိုပဲ တစ်နှစ်စာ
ပေါင်းပြီး ထည့်လိုက်ပါတယ်။ ဒါလေးတွေကိုလည်း နားလည်ပေးကြပါ။

စုံညီနေ့က တက်ရောက်လာကြတဲ့ အိုင်လျားသူ/
အိုင်လျားသား တစ်ယောက်ချင်းစီကိုရော..နှလုံးသားချင်း
နီးနေပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့် ရောက်မလာနိုင်သူတွေကိုရော... ကျေးဇူးတင်ပါတယ်။

တက်ရောက်လာကြတဲ့ အိုင်လျားသာမဂ္ဂီ အသင်းဝင်
ဧည့်သည်တော်တွေကို မုန့်တီ ကော်ဖီတို့နဲ့ ဧည့်ခံကြွေးမွေး
လှူဒါန်းပေးပါသော #ရွာကျောင်းဆရာတော်ကြီးနဲ့အတူ

သံဃာတော်တွေကို ဆွမ်းခဲဖွယ် လှူဒါန်းပေးပါသော
#ကိုခိုင်မင်းဦး+ #မသီသီအောင် သားငယ်
#မောင်အဂ္ဂဘုန်းပြည့် မိသားစုတို့နှင့် ဝေယျာဝေစ္စ
ဆောင်ရွက်ကြပါသော အသင်းသူ/အသင်းသားအားလုံး
တို့ကို ရင်ထဲ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း မှတ်တမ်းတင်ပါတယ်။

အိုင်လျားနဲ့ ချစ်သူ
ဘယ်အရာကို ယူမလဲလို့ ရွေးခိုင်းခဲ့ရင်
ဒုတိယအရာကို ငြင်းမယ်...တဲ့။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

Address

KMD Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category