Zaw Myo Naing

Zaw Myo Naing The greatest quality & fastest digital imaging service

အလှူလည်း လိုက်ဓါတ်ပုံလည်း ရိုက်ဟင်းပန်းကန်လည်း ဝိုက်
17/10/2024

အလှူလည်း လိုက်

ဓါတ်ပုံလည်း ရိုက်

ဟင်းပန်းကန်လည်း ဝိုက်

"ရှေ့ တစ်လှမ်းတိုးပြီး ဦးဆောင်ပါ"ပထမဦးဆုံး အကို့ စာအုပ်အတွက် Cover Design လုပ်ပေးရတာ အရမ်း ဂုဏ်ယူ ရပါတယ်ကိုယ်တတ်ကျွမ်းတဲ...
31/08/2024

"ရှေ့ တစ်လှမ်းတိုးပြီး ဦးဆောင်ပါ"

ပထမဦးဆုံး အကို့ စာအုပ်အတွက် Cover Design လုပ်ပေးရတာ အရမ်း ဂုဏ်ယူ ရပါတယ်

ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာ နဲ့ ခံစားရတဲ့ အနုပညာတို့ ပေါင်းစပ်ပြီး ထွက်လာတဲ့ ရသ ဟာ ပြီးပြည့်စုံတယ်

ဒါဟာ ကျနော့်ရဲ့ Milestones တွေထဲက တခုပဲ

လွတ်လပ်စွာ စိတ်ကြိုက် Design လုပ်ခွင့်ပေးတဲ့ အကို Pyay Khaing ကိုလည်း အထူး ကျေးဇူးတင်ပါတယ်

အကို့ စကားနဲ့ ပြောရရင် ဒါဟာ ကျနော့်ရဲ့ အောင်မြင် ပျော်ရွှင်တဲ့ နေ့ရက်တွေပါပဲ

ဒီပုံမှာ ကျနော် ထူးခြားနေတာ တခုလည်း ရှိတယ်

သိတဲ့သူ သိပါလိမ့်မယ်

လေးစားစွာဖြင့်
ဇော်မျိုးနိုင်
Cover Art Designer - Limited Person

ရိုးမတောထဲမှာ ဆင်ကောက် လိုက်ရင်း ရိုက်ခဲ့ Photo Essay တွေ ရှိတယ်။ တခါမှ မတင်ခဲ့ဘူးတာတွေေပါ့ တပုံစ နှစ်ပုံစ က လွဲရင်။ တင်...
28/08/2024

ရိုးမတောထဲမှာ ဆင်ကောက် လိုက်ရင်း ရိုက်ခဲ့ Photo Essay တွေ ရှိတယ်။ တခါမှ မတင်ခဲ့ဘူးတာတွေေပါ့ တပုံစ နှစ်ပုံစ က လွဲရင်။

တင်ဖို့ရှိပါတယ် စိတ်ပါတဲ့ တနေ့ပေါ့ သူတို့တွေရဲ့ Lifestyle ကို ရိုက်ထားတာ တချို့ အရာတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်၊ ခေတ်ကြီး ပြန်ကောင်းတာနဲ့ လုပ်ချင်တာက အဲ့ဒါတွေပဲ။

ONE Team One Dream
25/08/2024

ONE Team One Dream

အိပ်မက်တွေကို အကောင်ထည် ဖော်ဖို့ဈေးကြီးတဲ့ အိပ်မက်တွေ ဈေးပေါအောင် လုပ်နေပြီ
25/08/2024

အိပ်မက်တွေကို အကောင်ထည် ဖော်ဖို့

ဈေးကြီးတဲ့ အိပ်မက်တွေ ဈေးပေါအောင် လုပ်နေပြီ

2011 လောက်က ဖြစ်မယ် ထင်တာပဲအဲ့တုန်းက Core 2 Dual လောက် သုံးရရင်ကို အတော်ဟုတ်နေတာSoftware တွေက အဲ့လောက် မလေးသေးသလို Pixel...
23/08/2024

2011 လောက်က ဖြစ်မယ် ထင်တာပဲ

အဲ့တုန်းက Core 2 Dual လောက် သုံးရရင်ကို အတော်ဟုတ်နေတာ

Software တွေက အဲ့လောက် မလေးသေးသလို Pixel Depth အတွက် သိပ်ပူစရာမရှိတဲ့အချိန်တုန်းက ကိုယ်တွေသုံးရတဲ့ စက်က Core i3 Ram 16 GB Graphic 2GB နဲ့ Monitor က Flat ရဲ့ အစ ပဲ ထင်တယ်။ အများအားဖြင့် CRT တွေပဲ​ရှိကြတာ။

Airport Domestic အထွက်က Myanmar Beer Billboard Design လုပ်တာ ၃ ရက်တောင် ကြာတယ်

မှတ်မှတ်ရရ ဒီဇိုင်းဆိုဒ်က အလျား ၉၉ ပေ အနံ ၂၂.၅ ပေ

ဒီဘက်ခေတ် စက်တွေ အနေအထားနဲ့ ဆို ရယ်စရာကြီး
အဲ့ဘက်ခေတ်တုန်းက ဆို သေချင်စော်ကို နံလို့

အဲ့တုန်းက Animation မလုပ်တတ်လို့ Photoshop CS3 နဲ့ Frame တခု ချင်းစီ လုပ်ခဲ့ရတာ။

ဘာပဲဖြစ်ဖြစ်ပါ ဘဝ ဆိုတာ ကိုယ်ကိုယ်တိုင် ပြောင်းလဲ ချင်စိတ် ရှိမှ ပြောင်းလဲတာ။ ဘယ်လောက်တွန်းအားတွေ ဖိအားတွေ ပေးပေး လုပ်ချင်စိတ် မရှိရင် ဘာမှ မဖြစ်လာဘူး။ နောက်က Color Chat တွေ Color Wheel တွေ အကြောင်း လမ်းကြုံမှ ပြောပြဦးမယ်။

အဲ့တုန်း က ဘာလို့ ဆံပင်ရှည် ထားပြီး ဘာလို့ ခုလို အတို ပြန်ဖြစ်သွားသလဲဆိုတာ မရှင်းပြတတ်ဘူး။

၂၀၀၉ ခုနှစ်တည်းက စ လုပ်ဖြစ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ Graphic Design ကတော့ ခုချိန်မှာ တကယ့် အရင်းဆုံး လူတွေကိုပဲ လုပ်ပေးဖြစ်တော့တယ်။ အရင်လို ကွန်ပျူတာရှေ့ အကြာကြီး မထိုင်နိုင်တော့တာလည်း ပါ တာပေါ့လေ။

ဒီထဲမှာ ပြောစရာစကားက တခု ပဲ ရှိပါတယ်။

"ကိုယ် ကိုယ်တိုင် ပြောင်းလဲချင်စိတ်ရှိမှ ပြောင်းလဲ တာ" ဆိုတာလေးပါ

လေးစားစွာဖြင့်

Zaw Myo Naing
Production Director
SWARM Production

ကျနော်ရဲ့ မိတ်ဆွေကောင်း ဆရာသမားကောင်း ဖြစ်တဲ့ အကိုကြီး တစ်ယောက်လည်း ဖြစ်တဲ့ JUST ရဲ့ ဖခင်လည်း ဖြစ်တဲ့ Ko Aung Myo Win အတ...
15/08/2024

ကျနော်ရဲ့ မိတ်ဆွေကောင်း ဆရာသမားကောင်း ဖြစ်တဲ့ အကိုကြီး တစ်ယောက်လည်း ဖြစ်တဲ့ JUST ရဲ့ ဖခင်လည်း ဖြစ်တဲ့ Ko Aung Myo Win အတွက် Advance Technology Sharing Event မှာ သီးသန့် LIVE ရိုက်ပေးခဲ့ပါတယ်။ ပြင်ဆင်ချိန် Setting ချချိန် 15 မိနစ်အတွင်းမှာ ကျပ်တည်းတဲ့ နေရာ မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ကျနော့် ညီလေးတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ZARNI LED Sales & Rental Services က ကိုယ့်ညီလေးတွေကိုလည်း ကျေးဇူးတင်တယ်။ ဘာပဲပြောပြော ပြင်ဆင်ချိန် အနည်းဆုံးနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ စံချိန်တခုကိုလည်း အကောင်းဆုံးဆောင်ရွက်နိုင်တဲ့ ကိုယ် နဲ့ ကိုယ့် အဖွဲ့ ကိုလည်း ဂုဏ်ယူပါတယ်။ အကို့အတွက် အကောင်းဆုံး Service ပေးနိုင်တာကိုလည်း ဂုဏ်ယူမိပါတယ်။

ညီကို မောင်နှမများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မှတ်တမ်းတင် ရိုက်ကူးရေးများ၊ စီးပွားရေး ကြော်ငြာများ၊ မိမိလုပ်ငန်းရဲ့ Business Documentary များ၊ Social Media အတွက် ကြော်ငြာများ၊ Construction Company များအတွက် Project Documentary Short Clip များ ရိုက်ကူးချင်တယ် ဆိုရင်ဖြင့် SWARM Production မှ ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုပါတယ်၊
မိမိ ထုတ်ကုန်အတွက် Branding & Advertising ကို ဘယ်ကနေ စရမှန်း မသိလို့ဖြစ်ြဖစ် ဘာလုပ်ရမှန်းမသိလို့ လမ်းတွေပျောက်နေတာပဲဖြစ်ဖြစ် တုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ ကျနော့်တို့ကိုသာ ဆက်သွယ်လိုက်ပါ။ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း Free of Charge (FOC) ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ Survey လာပေးဖို့ လိုအပ်ရင်လည်း လာခဲ့ပေးပါမယ်။
မိတ်ဆွေတို့ရဲ့ စီးပွားရေး အောင်မြင်မှုဟာ ကျနော်တို့ရဲ့ အောင်မြင်မှုပါပဲ။
မိတ်ဆွေတို့အနေနဲ့ ကျနော့်ဆီက အကြံဉာဏ်ယူချင်တာပဲဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ် Messenger ကနေ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။ အရမ်းအရေးကြီးတဲ့ အချိန်မျိုးမှာ ကျနော် Reply မပြန်နိုင်ခဲ့ရင်တော့ 09251028195 ကို အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။
လေးစားစွာဖြင့်
ဇော်မျိုးနိုင်
Production Director
SWARM Production

အရင် ဘဝ လွမ်းလိုက်တာကွာ
05/07/2024

အရင် ဘဝ လွမ်းလိုက်တာကွာ

ကျနော့ MV တပုဒ်မှာ သရုပ်ဆောင်ဖို့ ကောင်မလေး နှစ်ယောက် ခေါ်တာ ရိုက်ခါနီး ကပ်ဖြုတ်တယ်  သွားပြီလို့ ထင်ထားတာ တကယ်က သူတို့ထက...
03/07/2024

ကျနော့ MV တပုဒ်မှာ သရုပ်ဆောင်ဖို့ ကောင်မလေး နှစ်ယောက် ခေါ်တာ ရိုက်ခါနီး ကပ်ဖြုတ်တယ်

သွားပြီလို့ ထင်ထားတာ တကယ်က သူတို့ထက် ပို ပြီး သရုပ်ဆောင် တော်တဲ့သူ ရ သွားတယ်

တကယ်က ဘဝ မှာ တချို့ အရာတွေက တမင် လွှဲရှောင် သွားတာ

ပိုကောင်းတာတွေ ရလာ ဖို့ အတွက်ပေါ့

ခု ချိန်က စ ပြီး ဆုံးဖြတ် လိုက်တာ တခု ရှိတယ်

ငကန်းသေ ငစွေ ပေါ်လိမ့်မယ်
ဘယ်အရာမှ လွမ်းမနေနဲ့
ဖက်တွယ် မနေနဲ့
ကိုယ် လုပ်စရာ ရှိတာ တစိုက်မတ်မတ်လုပ်

I'll ask for my video & photo
29/06/2024

I'll ask for my video & photo

Vertical လိုက်ပြီနော် ပိုက်ဆံတော့ ပို ပေး
28/06/2024

Vertical လိုက်ပြီနော်

ပိုက်ဆံတော့ ပို ပေး

focus မပြတ်လည်း ရှိတာလေးတော့ တင်ရမှာပဲကိုယ်စတိုင်လေးနဲ့ ဆိုလို့ ဒီပုံလေးပဲ ရှိလို့ ရိုက်ပေးတဲ့ ညီလေး ကျေးဇူးကွာ 😏😏😏
27/06/2024

focus မပြတ်လည်း ရှိတာလေးတော့ တင်ရမှာပဲ

ကိုယ်စတိုင်လေးနဲ့ ဆိုလို့ ဒီပုံလေးပဲ ရှိလို့ ရိုက်ပေးတဲ့ ညီလေး ကျေးဇူးကွာ 😏😏😏

Address

9/732, Sein Padathar Street, East Dagon Township
Yangon
11451

Alerts

Be the first to know and let us send you an email when Zaw Myo Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Myo Naing:

Share

Category