A Place Stories

A Place Stories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Place Stories, Photographer, Yangon.

ချစ်ရတဲ့သူကို ပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင် ဝမ်းနည်းစရာတွေ ‌မပေးမိအောင် နေချင်တယ် ။ ကိုယ်တိုင်က အထိအရှ အရမ်းများရရင်တ...
13/03/2026

ချစ်ရတဲ့သူကို
ပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင်
ဝမ်းနည်းစရာတွေ ‌
မပေးမိအောင် နေချင်တယ် ။
ကိုယ်တိုင်က အထိအရှ
အရမ်းများရရင်တောင်
ချစ်ရတဲ့သူကိုတော့
အထိအရှ နည်းစေချင်ပါတယ် ။

#ခက်နှောင်

💭 || 13.2.2026

10/03/2026

Childhood memories

Life slows down when you stop rushing it.Maybe home isn’t a building.Maybe it’s who you walk beside.
01/03/2026

Life slows down when you stop rushing it.

Maybe home isn’t a building.
Maybe it’s who you walk beside.

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ဆီကနေ energy တွေကိုစုပ်ယူနေတဲ့ (energy vampires)ရှိတယ် အဲ့လိုလူတွေဟာဘယ်လိုလူတွေဖြစ်မယ်ဆိုတာကိ...
08/02/2026

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ဆီကနေ energy တွေကိုစုပ်ယူနေတဲ့ (energy vampires)ရှိတယ်
အဲ့လိုလူတွေဟာဘယ်လိုလူတွေဖြစ်မယ်ဆိုတာကို အလွယ် သိနိုင်မယ်နည်းလမ်းတွေကို share လုပ်ပြီး မှတ်တမ်းတင်ပါမယ်

🔹 1. အမြဲတမ်း ညည်းညူသူ
• ဘယ်လိုအကြောင်းမဆို အဆိုးဘက်ကပဲမြင်
• ဖြေရှင်းနည်းကို မလိုချင်
• သူပြောတာကိုနားထောင်ပေးပြီး ညည်းချင်ရုံပဲ

👉 သူ့စကားတွေကို နားထောင်ပြီးသွားရင်
ကိုယ့်စိတ်လည်း လေးလံသွားစေတာမျိုး

🔹 2. Drama ထဲမှာ နေတဲ့သူ
• ကိစ္စသေးသေးလေးကို အကြီးကြီးဖြစ်အောင်လုပ်
• သူ့ကိစ္စကို လူတိုင်းပါဝင်အောင် ဆွဲထည့်မယ်
• တဖက်လူရဲ့အပြစ်ကိုမီးမောင်းထိုးသလို စကားပြောမယ်

👉 သူ့အနားမှာနေရင်
စိတ်မတည်ငြိမ် မအေးမချမ်းဖြစ်စေတယ်

🔹 3. Boundary မသိတဲ့သူ
• ကိုယ့်ကိစ္စကို ဝင်ဆုံးဖြတ်
• ကိုယ့်အမြင်ကို သူ့အမြင်လို ပြောလိုပြော
• “နောက်တာပါ” ဆိုပြီး စိတ်နာစေတဲ့စကားတွေပြော
တတ်တဲ့သူ

👉 ဒီလူတွေက
energy အခိုးတတ်ဆုံးသူဖြစ်တယ်

🔹 4. Victim mode အမြဲတမ်းဖြစ်နေတဲ့သူ

• သူဘဝမကောင်းတာ ဟိုလူ့ကြောင့်
ဒီလူကြောင့်လို့ ပြောတဲ့သူ
• ကိုယ့်တာဝန်ကို မယူ
• အကူညီပေးရင်လည်း မပြောင်းလဲ

👉 သူ့ကိုကူညီလေလေ ကိုယ်ကပိုပင်ပန်းလေလေ

🔹 5. Comparison / Judgment လုပ်သူ
• ကိုယ့်ဘဝကို သူ့အမြင်နဲ့တိုင်းတာတဲ့သူ
• ကိုယ့်ဆုံးဖြတ်ချက်ကို ဝေဖန်ပြီးအပြစ်ပြောသူ
• ကိုယ့်ကိုယုံကြည်မှုကို လျော့စေတဲ့သူ

👉 သူစကားပြောတာကို နားထောင်ရင်
ကိုယ့်ကိုယ်ကို သံသယဝင်လာစေတတ်သူတွေ

အဲ့လိုလူတွေကိုတွေ့ရင် ဝေးဝေးရှောင်နိုင်တာအကောင်းဆုံးပါ ရေရှည်မှာ ကိုယ့်ဆီကိုပြသာနာတွေပဲသယ်လာတတ်တဲ့သူတွေဖြစ်ရင်ဖြစ်

သို့မဟုတ်

တချိန်မှာ သူတို့လိုချင်တာကိုယ်ဆီကမရဘူးဆိုရင် ကိုယ့်ကိုရန်သူလိူဆက်ဆံပြီး နောက်ကွယ်ကနေ တိုက်ခိုက်မယ်သူတွေပဲဖြစ်ပါတယ်

သဲကတော့ ကိုယ့်boundary ကိုတန်းဖိုးထားတည်ဆောက်နေတဲ့သူဖြစ်လို့ ဒီလိုလူမျိုးတွေကို ကိုယ့်အနားမှာ မထားနိုင်ပါဘူး

အတတ်နိုင်ဆုံး distance တခုထားပါတယ်
ကိုယ်တိုင်လည်း Boundaryမရှိ တခြားလူတယောက်ရဲ့ boundary ကိုလည်း Respect မရှိသူတွေကို ဝေးဝေးရှောင်ပါတယ်

All Respect ✊ ပါနော်

ချင်းမိုင်းမြို့၊ ဆာရာဖီ (Saraphi) နယ်မြေမှာရှိတဲ့ Wat Sri Don Moon (ဝပ်သီရိဒွန်မွန်း) ဘုရားကျောင်းဟာ ဒေသခံတွေနဲ့ နိုင်င...
14/01/2026

ချင်းမိုင်းမြို့၊ ဆာရာဖီ (Saraphi) နယ်မြေမှာရှိတဲ့ Wat Sri Don Moon (ဝပ်သီရိဒွန်မွန်း) ဘုရားကျောင်းဟာ ဒေသခံတွေနဲ့ နိုင်ငံတကာခရီးသွားတွေကြားမှာ အင်မတန်ကြည်ညိုလေးစားခြင်းခံရတဲ့ ကျောင်းတော်တစ်ခု ဖြစ်ပါတယ်။ ဒီကျောင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ ထူးခြားချက်တွေကို အနှစ်ချုပ်ပြီး တင်ပြပေးလိုက်ပါမယ်နော်။

၁။ သမိုင်းအကျဉ်းနှင့် တည်ထောင်မှု

ဒီကျောင်းတော်ဟာ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိပြီး လန်န (Lanna) ယဉ်ကျေးမှု ထွန်းကားတဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။ မူလက သာမန်ဘုန်းတော်ကြီးကျောင်းလေးတစ်ခုသာ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့ သီလ၊ သမာဓိတွေကြောင့် နာမည်ကျော်ကြားလာခဲ့တာပါ။

၂။ ဆရာတော်ကြီး Kruba Noi (ခရူးဘာနွိုင်း)

Wat Sri Don Moon ကို လူသိများရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လက်ရှိကျောင်းထိုင်ဆရာတော် Kruba Noi (Pinnakhorn) ကြောင့် ဖြစ်ပါတယ်။ ဆရာတော်ဟာ မြောက်ပိုင်းထိုင်း (Lanna) ရဲ့ နာမည်ကြီး ဆရာတော်တစ်ပါးဖြစ်ပြီး-
• မေတ္တာတရား: ဆရာတော်ရဲ့ မေတ္တာတရားကြီးမားမှုနဲ့ ဘာသာရေးကျင့်စဉ်တွေကို လူတွေက အထူးကြည်ညိုကြပါတယ်။
• ဘေးအန္တရာယ်ကင်း ဂါထာများ: ဆရာတော်ဆီကနေ ဘေးအန္တရာယ်ကင်းစေတဲ့ လက်ဖွဲ့တွေနဲ့ ကောင်းချီးမင်္ဂလာ ခံယူဖို့အတွက် ထိုင်းလူမျိုးတွေသာမက နိုင်ငံခြားသားတွေပါ လာရောက်လေ့ရှိပါတယ်။

၃။ ဗိသုကာလက်ရာနှင့် ထူးခြားချက်များ

ကျောင်းတော်အတွင်းမှာ လန်န (Lanna) လက်ရာ စစ်စစ်တွေကို တွေ့မြင်နိုင်ပါတယ်။
• ရွှေရောင်တောက်ပသော ကျောင်းဆောင်များ: ကျောင်းတော်တစ်ခုလုံးကို ရွှေရောင်၊ အနီရောင်နဲ့ အဖြူရောင်တွေ ပေါင်းစပ်ပြီး ခမ်းနားစွာ တည်ဆောက်ထားပါတယ်။
• Phra Upakut (ရှင်ဥပဂုတ္တမထေရ်မြတ်): ဒီကျောင်းမှာ ရှင်ဥပဂုတ္တမထေရ်မြတ်ကို အထူးတလည် ပူဇော်ထားတာကြောင့် စီးပွားလာဘ်လာဘ တိုးပွားချင်သူတွေ လာရောက်ဆုတောင်းလေ့ရှိပါတယ်။
• အေးချမ်းသော ပတ်ဝန်းကျင်: ကျောင်းဝင်းအတွင်းမှာ ကြီးမားတဲ့ သစ်ပင်ကြီးတွေနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဥယျာဉ်တွေရှိလို့ စိတ်အပန်းဖြေဖို့ ကောင်းပါတယ်။

၄။ ဘာကြောင့် သွားရောက်သင့်သလဲ

• ယဉ်ကျေးမှု: မြောက်ပိုင်းထိုင်းရဲ့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေကို လေ့လာနိုင်ပါတယ်။
• ကုသိုလ်ယူခြင်း: ဆရာတော်ကြီးကို ဖူးမြော်ပြီး ကောင်းချီးမင်္ဂလာ ခံယူနိုင်ပါတယ်။
• ဓာတ်ပုံရိုက်ခြင်း: လှပတဲ့ ဗိသုကာလက်ရာတွေကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် အကြိုက်တွေ့မယ့် နေရာဖြစ်ပါတယ်။

အကြံပြုချက်: ဆရာတော်ကြီးကို ဖူးမြော်ချင်တယ်ဆိုရင် ကျောင်းတော်ကို မနက်စောစော ဒါမှမဟုတ် နေ့လယ်ပိုင်း အချိန်တွေမှာ သွားရောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။
12:30 PM နောက်ပိုင်းတော့ဆိုရင်တော့ ဖူးလို့မရတော့ဘူး

ဓာတ်ပုံရိုက်ကူးခြင်းဆိုသည်မှာ ခလုတ်နှိပ်လိုက်ရုံဖြင့် ပြီးသွားသောအရာ မဟုတ်ပါ။ အချိန်၊ အလင်း၊ ရာသီဥတုနှင့် လူတို့၏ စိတ်ခံ...
02/01/2026

ဓာတ်ပုံရိုက်ကူးခြင်းဆိုသည်မှာ ခလုတ်နှိပ်လိုက်ရုံဖြင့် ပြီးသွားသောအရာ မဟုတ်ပါ။
အချိန်၊ အလင်း၊ ရာသီဥတုနှင့် လူတို့၏ စိတ်ခံစားမှုများ ပေါင်းစပ်ထားသည့် အနုပညာဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ A Place မှ အကောင်းဆုံးပုံရိပ်များကို ဖန်တီးပေးနိုင်ရန်အတွက် မိတ်ဆွေတို့ဘက်မှ အောက်ပါအချက်များကို ကြိုတင်နားလည် သဘောတူပေးစေလိုပါတယ်။

၁။ ဝန်ဆောင်မှု ပုံစံ (Service Scope)
• Photography Only: A Place သည် ဓာတ်ပုံရိုက်ကူးရေး ဝန်ဆောင်မှုကိုသာ အဓိကထားပြီး Video ရိုက်ကူးခြင်း မပါဝင်ပါ။
• Editing Style: ဓာတ်ပုံများကို A Place ၏ Signature Style (Colour Tone) ဖြင့်သာ ဖန်တီးပေးမည်ဖြစ်ပြီး ပုံစံအလွန်ကွဲထွက်သော ပြင်ဆင်မှုများ လိုအပ်ပါက သီးသန့်ညှိနှိုင်းပြီး ထပ်ဆောင်းကြေး ပေးသွင်းရပါမည်။
• Deliverables: ရွေးချယ်ပြီး Edit ပြုလုပ်ထားသော ဓာတ်ပုံများကိုသာ ပေးပို့ပါမည်။ (RAW File လုံးဝ ပေးမည်မဟုတ်ပါ)။
• Waiting Time: အလုပ်အပ်နှံမှု ပမာဏနှင့် ရာသီဥတုအပေါ် မူတည်၍ ဓာတ်ပုံရရမည့်အချိန်မှာ (၇) ရက်မှ (၁၄) ရက်အတွင်း ကြာမြင့်နိုင်ပါသည်။

---------------------

၂။ အချိန်နှင့် ကုန်ကျစရိတ်များ (Time & Fees)
• Time: ရိုက်ကူးချိန်ကို သဘောတူထားသော အချိန်မှစတင်၍ တွက်ချက်ပါမည်။ (ပြင်ဆင်ချိန်နှင့် နောက်ကျချိန်များကို ရိုက်ကူးချိန်ထဲမှ ခုနှိမ်တွက်ချက်သွားပါမည်။)
• Extra Cost: Location ဝင်ကြေးများနှင့် အခြားသတ်မှတ်ထားသော စည်းမျဉ်း/ကုန်ကျစရိတ်များကို Client ဘက်မှ ကျခံရပါမည်။

---------------------

၃။ မမျှော်လင့်ထားသော အခြေအနေများ (External Factors)
• ရာသီဥတု အခြေအနေ၊ မမျှော်လင့်ဘဲ လူရှုပ်ထွေးခြင်း၊ နေရာပိတ်ခြင်းနှင့် အလင်းအမှောင် အပြောင်းအလဲများသည် ထိန်းချုပ်ရခက်ခဲသော အခြေအနေများဖြစ်သည့်အတွက် ယင်းအကြောင်းပြချက်များဖြင့် Reshoot ပြုလုပ်ခြင်း (သို့) Booking Cancel ခြင်းကို လက်မခံပါ။
• ရိုက်ကူးရေးတွင် ပုံအရေအတွက် (Quantity) ထက် ပုံအရည်အသွေး (Quality) ကိုသာ အဓိက အာမခံချက်ပေးပါသည်။

---------------------

Booking & Confirmation
ရက်ချိန်းအတည်ပြုရန်အတွက် Deposit 20% ပေးသွင်းပြီးပါက Booking Confirm ဖြစ်ပါသည်။ ( အကြောင်းပြချက် မခိုင်လုံပဲ Booking Cancel ပါက Deposit ငွေပြန်အမ်းမည် မဟုတ်ပါ။)

အချိန်ကို လေးစားတန်ဖိုးထားသူများနှင့် လက်တွဲရသည်ကို A Place မှ အထူးကျေးဇူးတင်ပါသည်။

Khon Kiyotaka
https://line.me/ti/p/2nxYt2JH4Z
https://line.me/ti/p/2nxYt2JH4Z

I believe moments speak softly.So I photograph them the same way.Unrushed.Unforced.A Place Stories📷 - Khon Kiyotaka
24/12/2025

I believe moments speak softly.

So I photograph them the same way.

Unrushed.
Unforced.

A Place Stories

📷 - Khon Kiyotaka





09/12/2025

ချစ်ရတဲ့ငါရေ
အပင်ပန်းရဆုံးနှစ်တစ်နှစ်ရဲ့အဆုံးသတ်အထိ
တောင့်ခံနိုင်လို့ ကျေးဇူးတင်ပါတယ်

ပျော်ရွှင်ခြင်းပန်းဝါလေးတွေဆီ ရောက်တဲ့အထိ
ဆက်သွားကြအောင်..

အများကြီးဝမ်းနည်းမိစေခဲ့လို့
အမှားတွေလုပ်မိခဲ့လို့ တောင်းပန်ပါတယ်

ရခဲ့တဲ့စိတ်ဒဏ်ရာတွေအတွက်
ထပ်မရအောင်ကာကွယ်ပေးမယ်

ပိုပြီးချစ်သွားပေးပြီး စောင့်ရှောက်ပေးပါမယ်
တန်ဖိုးထားပါမယ်ကွယ်

-7 လာဗန်ဒါပန်
8.12.2025
#အဝါရောင်ရပ်ဝန်းငယ် စာအုပ်မှ

သမီးလေးရေလူတော်တွေဟာ အရည်အချင်းရှိတဲ့သူကို လေးစားတယ် တန်ဖိုးထား ဆက်ဆံတယ်။လူမိုက်တွေကအရည်အချင်းရှိတဲ့သူတွေဆိုမနာလို ဝန်တိ...
11/11/2025

သမီးလေးရေ

လူတော်တွေဟာ
အရည်အချင်းရှိတဲ့သူကို လေးစားတယ်
တန်ဖိုးထား ဆက်ဆံတယ်။

လူမိုက်တွေက
အရည်အချင်းရှိတဲ့သူတွေဆို
မနာလို ဝန်တိုတယ်။
ရန်ရှာပြီး ဒုက္ခပေးတတ်တယ်
လူတော်နဲ့ လူမိုက်ကို
သမီးလေး ခွဲခြားတတ်ပါစေ။

ဒီစာပိုဒ်လေးကိုဖတ်လိုက်တဲ့အချိန်မှာ
အသိတရားလေးတခုကိုရလိုက်တယ်။

မိတ်ဆွေတို့လည်း ထို့နည်းတူစွာပဲ
ကျမလို့တွေးမိမယ်လို့ထင်တယ်

ဒီစာလေးကိုဖတ်ပြီးချိန်မှာ
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
လူတွေကို တန်းမြင်မိကြလိမ့်မယ်
ဘယ်သူကတော့ လူတော်
ဘယ်သူကတော့ လူမိုက် ဆိုပြီး မြင်မိကြမယ်ထင်တယ်နော်

တကယ်တော့
အပြင်ကလူတွေကိုကြည့်ရမှာမဟုတ်ပါဘူး
မိမိကိုယ်ကိုပြန်ပြီး စမ်းစစ်ရမှာဖြစ်ပါတယ်

မိမိဟာ
တဖက်သားအပေါ်
လေးစားတန်ဖိုးထားဆက်ဆံမယ်ဆိုရင်
မိမိက လူတော်ဖြစ်ပြီး

တဖက်သားအပေါ်မှာ
မနာလိုဝန်တိုတယ်
ရန်ရှာပြီး ဒုက္ခပေးတတ်တဲ့သူဆိုရင်
မိမိကိုယ်တိုင်ဟာလည်း
လူမိုက်ဖြစ်ပါတယ်

မိမိကိုယ်တိုင်
လူတော်လား
လူမိုက်လားဆိုတာ ပိုပြီး သိသင့်တယ်

ကိုယ်တိုင်က လူတော်ဖြစ်နေလား
လူမိုက်ဖြစ်နေတာလားဆိုတာကိုမသိပဲ

ပတ်ဝန်းကျင်ကိုပဲ ကြည့်ပြီးအဓိပ္ပာယ် ဖွင့်နေမယ်ဆိုရင်
လူမိုက်တွေနဲ့တွေ့လိုက်
လူတော်တွေနဲ့တွေ့လိုက်နဲ့
ဘဝကြီးကသံသရာလည်နေအုန်းမှာပါ

မိမိကိုယ်တိုင်က လူတော်လူကောင်းဖြစ်နေဖို့ပဲ
ပိုပြီး အဓိကကျတယ်လို့မြင်မိပါတယ် 🍀

Address

Yangon

Opening Hours

Monday 09:30 - 12:30
13:30 - 16:30
Tuesday 08:30 - 12:30
14:30 - 17:30
Wednesday 09:30 - 12:30
13:30 - 16:30
Thursday 08:30 - 12:30
14:30 - 17:30
Friday 10:30 - 12:30
13:30 - 16:30
Saturday 09:30 - 01:30

Website

Alerts

Be the first to know and let us send you an email when A Place Stories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category