Myanmar Telco Group

Myanmar Telco Group Dear Customers,
We would like to serve for your WiFi networks, PABX systems and LAN networks. And also we can provide security systems.

လေးစားရပါသော မိဘပြည်သူများ ခင်ဗျာ-
Myanmar Telco group မှ လူကြီးမင်းတို့၏ နေအိမ်၊ ကျောင်း၊ ဆေးရုံ၊ ရုံးခန်း၊ ဟိုတယ်များအတွက် အောက်ပါ ၀န်ဆောင်မှုများအား ပစ္စည်းမှန်၊ ၀န်ဆောင်ခ ချိုသာစွာဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း အသိပေးအပ်ပါသည်။
-WiFi networks (Point to Point, Point to Multipoints)
-Wire networks (LAN)
-Server solutions (File servers, Mail servers, DHCP, DNS, Authentication servers)
- IP PABX ( c

all recording, call pickup, call forward )
- IP CCTV cam ( motion detection )
- IP door locks, IP security systems
- Time-Lapse System for Site monitoring and Event Photography.
ဝန်ဆောင်မှုများအားလုံးအတွက် အထူး package စနစ်များလည်း ရှိပါသည်။
အထက်ပါ ၀န်ဆောင်မှုများအား အခမဲ့ မေးမြန်း ဆွေးနွေးနိုင်ပါသည်။

04/07/2022

လက်ရှိ အခြေအနေအရပ်ရပ်ကြောင့် လုပ်ငန်းများ ရပ်နားထားရာမှ Myanmar Telco Groupမှ လုပ်ငန်းများ ပြန်လည် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါသည်။

26/05/2018

ဘာကြောင့်ဝန်ထမ်းတွေအလုပ်ထွက်ကြတာလဲ?
***************************************

ဝန်ထမ်းထွက်နှုန်းတွေလည်း များလိုက်တာ၊ ၀န်ထမ်းတွေကလည်း မြဲကိုမမြဲဘူး။ ၀န်ထမ်းတွေက လုပ်ငန်းအပေါ်မှာ သစ္စာမရှိကြပါဘူး စတဲ့အသံတွေကို ကျယ်ကျယ် လောင်လောင်ကြားနေရပါတယ်။ ဘာကြောင့်ဝန်ထမ်းတွေမမြဲကြတာလဲ။ ဘာကြောင့် အလုပ်တွေထွက်နေကြတာလဲ။ ၀န်ထမ်းတွေအလုပ်ထွက်တာဟာ အကြောင်းအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ဟိုအရင်ကလို ၀န်ထမ်းတွေဟာ အလုပ်တစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲနဲ့ သူတို့ရဲ့ဘ၀ တလျှောက်လုံးလုပ်သွားမှာမဟုတ်တော့ပါဘူး။

ဒီဘက်ခေတ်ဟာ လုပ်ငန်းကျွမ်းကျင်သူတွေ၊ အရည်အချင်းပြည့်ဝသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရွေးချယ်စရာအများကြီးရှိနေပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ၀န်ထမ်းတွေကိုလည်း လုပ်ငန်းတွေကအပြိုင်အဆိုင်လုယူနေကြတဲ့စစ် Talent War ဖြစ်နေပါတယ်။ ဒီလိုအခြေအနေမှာ မိမိလုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းကောင်းတွေ ထွက်မသွားအောင်ထိန်းထားနိုင်ဖို့လိုအပ်ပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ၀န်ထမ်းကောင်းတွေဟာ အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောပါပဲ။

Apple ကုမ္ပဏီအောင်မြင်နေတာ စာဖတ်သူတိုင်းသိကြပါတယ်။ တကယ်လို့သာ Apple ကုမ္ပဏီက အင်ဂျင်နီယာကောင်းတွေ၊ ၀န်ထမ်းကောင်းတွေသာ အလုပ်ထွက်သွားပြီး Samsung ကုမ္ပဏီကိုရောက်သွားခဲ့ရင် နောက်လာမယ့်နှစ်တွေမှာ Apple ရဲ့ အောင်မြင်မှုနဲ့ Samsung ရဲ့အောင်မြင်မှု (၂) ခုမှာ ဘယ်လုပ်ငန်းက ပိုအောင်မြင်မလဲ ဆိုတာ ခန့်မှန်းဖို့ခက်သွားပါလိမ့်မယ်။ ဘယ်လောက်ပဲတိုးတက်အောင်မြင်နေတဲ့ လုပ်ငန်းမျိုးမှာမဆို ၀န်ထမ်းတွေဟာ အရေးကြီးကြောင်းစာဖတ်သူတို့နားလည်မှာ ဖြစ်ပါတယ်။ ၀န်ထမ်းကောင်းတွေဘာကြောင့်အလုပ်ထွက်ကြတာလဲဆိုတာကို ဖေါ်ပြလိုတယ်။

Disrespected and undervalued staff.
ဝန်ထမ်းတွေဆိုတာ လူသားတွေဖြစ်တဲ့အတွက် လူသားတွေရဲ့ သဘာဝအရ သူတို့ကို လေးစားတာ၊တန်ဖိုးထားတာကို လိုချင်တောင့်တကြပါတယ်။ ၀န်ထမ်းတွေရဲ့ လိုအပ်ချက်တွေဟာ အမျိုးမျိုးရှိကြတဲ့အကြောင်း စိတ်ပညာရှင် Maslow ကလည်းပြောခဲ့ပါတယ်။ ၀န်ထမ်းတွေဟာ လစာတစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာမဟုတ်ကြပါဘူး။ မတူညီတဲ့ဝန်ထမ်းအမျိုးမျိုးမှာ မတူညီတဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ ဘယ်လိုပဲ မတူညီနေပါစေ ၀န်ထမ်းတွေဟာ ရာထူး၊ လစာပြီးရင် လုပ်ငန်းဆီက မျှော်လင့်တဲ့အချက်တစ်ချက်ကတော့ သူတို့အပေါ်အသိအမှတ်ပြုတာ၊ လေးစားတာ၊ တန်ဖိုးထားတာကိုလိုချင် ကြပါတယ်။ စာဖတ်သူတို့မြင်တွေ့နေရမယ်ထင်ပါတယ်။ လစာတွေအများကြီး ရနေပြီးအလုပ်ကထွက်သွားကြတဲ့သူတွေရှိတယ်ဆိုတာ။ အကြောင်းကတော့ ၀န်ထမ်းတွေဟာ လစာတစ်ခုတည်းကြောင့်အလုပ်လုပ်နေတာမဟုတ်ကြောင်း စီမံခန့်ခွဲသူတွေအနေနဲ့သိရှိနားလည်ဖို့လိုအပ်ပါတယ်။

• No career progression
ဝန်ထမ်းတွေဟာ တူညီတဲ့အလုပ်တွေကိုပဲ ဘ၀တလျှောက်လုံး မလုပ်ချင်ကြပါဘူး။ သူတို့တွေရဲ့ အသိပညာ၊ အတတ်ပညာတိုးတက်မှုနဲ့ ရာထူးတိုးတက်မှုတွေကိုလိုချင်တောင့်တ ကြပါတယ်။ ဒီလုပ်ငန်းမှာလုပ်နေရတာ ဘာတိုးတက်မှမရှိပါဘူးလို့ ၀န်ထမ်းတွေ မြင်သွားရင် မိမိတို့လုပ်ငန်းကို ၀န်ထမ်းတွေစွန့်ခွာသွားနိုင်ပါတယ်။ သူတို့ကြိုးစားရင်ကြိုးစားသလောက် တိုးတက်မှုအခွင့်အလမ်းတွေ မရှိဘူးဆိုရင် လုပ်ငန်းတွေကိုစွန့်ခွာ သွားတတ်တယ်ဆိုတာ စီမံခန့်ခွဲသူတွေသိရှိနေဖို့လိုအပ်ပါတယ်။

• Inequality.
ဝန်ထမ်းတွေဟာ သူတို့အနေနဲ့ လုပ်ငန်းခွင်မှာ မမျှတမှုတွေ ကြုံတွေ့နေရတာ များလာရင် လုပ်ငန်းခွင်စိတ်ကျေနပ်မှုတွေပျောက်ဆုံးသွားပြီး အလုပ်ကိုစွန့်ခွာ သွားတတ်ပါတယ်။ ဒီနေ့ခေတ်ဝန်ထမ်းတွေဟာ အသိပညာပိုမိုပွင့်လင်းလာပါပြီ။ လုပ်ငန်းခွင်မမျှတမှုတွေကို လက်မခံနိုင်တော့တဲ့အခါမှာ အလုပ်ထွက်သွားတတ် ပါတယ်။ တကယ်လို့အလုပ်မထွက်ဘဲ ဆက်လုပ်နေရင်တောင် သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းအား Productivity တွေကို ထုတ်သင့်သလောက်မထုတ်တော့ဘဲ ရှိတတ်ပါတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ အသေအချာသိရှိနားလည်ဖို့ လိုအပ်ပါတယ်။

• Low morale.
ဝန်ထမ်းတွေရဲ့စိတ်ဓါတ်ရေးရာပျက်ပြားလာမှုတွေဟာ ၀န်ထမ်းကောင်းတွေ အလုပ်ကနေထွက်သွားစေတဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။ မညီမျှမှုတွေ၊ မတိုးတက်မှုတွေ၊ အသိအမှတ်မပြုတာတွေများလာတဲ့အခါမှာ ၀န်ထမ်းတွေဟာ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆသွားပြီးစိတ်ဓါတ်ရေးရာကျဆင်းမှုတွေဖြစ်လာတတ်ပါတယ်။ဒီလိုစိတ်ဓါတ် ရေးရာကျဆင်းမှုတွေရဲ့ အကျိုးဆက်အနေနဲ့ ၀န်ထမ်းတွေ ခဏခဏ ခွင့်ယူတာတွေ၊ အလုပ်နောက်ကျတာတွေ၊ အမှားအယွင်းများနေတာတွေ၊ ဆင်ခြေပေးတာတွေကို စီမံခန့်ခွဲသူတွေအနေနဲ့သိရှိနိုင်ပါတယ်။

• No recognition or reward.
စီမံခန့်ခွဲသူတွေအနေနဲ့ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်မှုအတွက် ပြန်လည်ချီးမြှင့်မှု reward တွေပေးရပါတယ်။ Reward (၂) မျိုးရှိပါတယ်။ လုပ်ခ၊ ခစာ၊ ဘောနပ်စ်၊ ကျွမ်းကျင်မှုကြေးစတဲ့ ငွေကြေးနဲ့ပေးတဲ့ Financial Reward ရှိသလို ငွေကြေးမဟုတ်တဲ့ Non-Financial Reward တွေဖြစ်တဲ့ အသိအမှတ်ပြုတာတွေ၊ ပိုမိုကောင်းမွန်တဲ့ လုပ်ပိုင်ခွင့်ပေးတာတွေ၊ အဓိပ္ပါယ်ရှိတဲ့အလုပ်ခွဲဝေမှုတွေပေးဖို့လိုအပ်ပါတယ်။ တချို့ဝန်ထမ်းတွေ အတွက် Financial Reward တွေဟာ အရမ်းအရေးကြီးပေမဲ့ တချို့ဝန်ထမ်းတွေ အတွက် Non-Financial Reward တွေဟာ မရှိမဖြစ်ပါပဲ။ စီမံခန့်ခွဲသူတွေဟာ Finanicail Reward နဲ့ Non-Finanical Reward ကို အခြေအနေအပေါ်မူတည် ပြီးမပေးနိုင်ဘူးဆိုရင် ၀န်ထမ်းတွေအလုပ်ကိုစွန့်ခွာသွားနိုင်ပါတယ်။

• Discouraging enthusiasm.
ဆန်းသစ်တီထွင်မှုတွေဟာ လုပ်ငန်းတွေရေရှည်တည်မြဲရေးအတွက် အရေးကြီးပါတယ်။ ၀န်ထမ်းတွေရဲ့ အတွေးအမြင်အသစ်တွေ၊ စိတ်ကူးအကြံ ဥာဏ်သစ်တွေကို အားပေးပါ။ ပြောင်းလဲသင့်ရင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ ပြောင်းလဲသင့်တဲ့လုပ်ငန်းပုံစံအသစ်တွေကို ၀န်ထမ်းတွေက အကြံပေးတဲ့အခါမှာ ပိုမိုကောင်းမွန်နိုင်ဖွယ်ရှိရင် ပြောင်းလဲဖို့လိုအပ်ပါတယ်။ ၀န်ထမ်းတွေဟာ အနည်းနဲ့အများတော့ သူတို့ရဲ့ စိတ်ကူးအကြံဥာဏ်အသစ်တွေနဲ့ လုပ်ငန်းတိုးတက်အောင်မြင်မှုအတွက် အကျိုးပြုချင်ကြတယ်ဆိုတာ စီမံခန့်ခွဲသူတွေနားလည်နေဖို့လိုအပ်ပါတယ်။ ၀န်ထမ်းတွေရဲ့ စိတ်အားထက် သန်မှုတွေကို လစ်လျူရှုဖန်များလာရင် ၀န်ထမ်းတွေကလည်း လုပ်ငန်းကို လစ်လျူရှုသွားတတ်ပါတယ်။

• Promoting the wrong people.
လုပ်ငန်းအတွက် တကယ်အကျိုးပြုနေသူတွေက ဘယ်သူလဲ။ ဘယ်ဝန်ထမ်းက လုပ်ငန်းကျွမ်းကျင်မှုရှိလဲ။ ဘယ်ဝန်ထမ်းက လုပ်ငန်းအတွက်အားထားရတဲ့သူ ဖြစ်တယ်ဆိုတာကို စီမံခန့်ခွဲသူတွေသိရှိနေဖို့လိုအပ်ပါတယ်။ တခါတလေ စာရေးသူတို့ ကိုယ်တိုင်မှားတတ်တာတစ်ခုက ကိုယ်နဲ့အဆင်ပြေနေတဲ့ဝန်ထမ်း၊ ကိုယ်နဲ့ ပလဲနံသင့်ဖြစ်တဲ့ဝန်ထမ်းတွေဆို တော်တယ်လို့ထင်တတ်ပါတယ်။ တကယ်တော့ ၀န်ထမ်းတစ်ယောက်ကိုတော်တယ်မတော်ဘူးဆိုတာ သူ့ကိုပေးအပ်တဲ့ လုပ်ငန်းတာဝန်နဲ့ပဲတိုင်းတာရမှာပါ။ တခါတလေမှာ ပုဂ္ဂိုလ်ရေးတွေနဲ့ရောထွေးတတ်ပါတယ်။ တကယ်လို့သာ စီမံခန့်ခွဲသူတွေအနေ နဲ့ တကယ်စွမ်းဆောင်ရည်ပြည့်ဝတဲ့ ၀န်ထမ်းမဟုတ်ဘဲ ပလဲနံသင့်ဖြစ်တဲ့ ၀န်ထမ်းတွေကို ရာထူး၊ ခံစားခွင့်တွေတိုးပေးလိုက်တဲ့အခါမှာ ၀န်ထမ်းကောင်း တွေအလုပ်ထွက်သွားနိုင်ပါတယ်။
ဖေါ်ပြခဲ့တဲ့အချက်တွေကို လစ်လျူရှုထားမယ်ဆိုရင် ၀န်ထမ်းထွက်နှုန်းတွေဟာ တက်မြဲတက်ဆဲဖြစ်နေမှာပဲဖြစ်ပါတယ်။

လေစားစွာဖြင့်

ပိုင်စိုး (Management)

Ref; Reasons Great Employees Quit by Diane Koopman, Human Resources Management

Proud to provide solution of Yeastar IP PABX solution.
06/03/2018

Proud to provide solution of Yeastar IP PABX solution.

Yeastar productလေးတွေ ရရှိနိုင်ပါပြီ
06/03/2018

Yeastar productလေးတွေ ရရှိနိုင်ပါပြီ

Great reseller conference in Dominica. Huge thanks to Solution Box for pushing Yeastar to the market. Thank you for all who showed their interest in Yeastar.

16/07/2015

Myanmar Telco Group မှ မိတ်ဆွေများ၏ Event ပွဲ အခမ်းအနားများ၊ အားကစားပွဲများ၊ အဆောက်အအုံကြီးများ ဆောက်လုပ်ခြင်း၊ စက်ရုံ အလုပ်ရုံများ ဆောက်လုပ်ခြင်းများအား မှတ်တမ်းကောင်းကောင်း ထားရှိနိုင်ရန်အတွက်
မီတာခမကုန် solar system သုံးသော Time-Lapse System ဖြင့် ပံ့ပိုး ကူညီပေးနိုင်ပါသည်။
ပုံထွက် အရည်အသွေး : 4K

16/07/2015

What is Time-Lapse System????
The Time-Lapse Camera system is a complete system for documenting construction projects, animal behavior monitoring, analyzing environmental changes, and an amazing variety of other long-term outdoor photographic tasks.

This equipment will yield significantly higher resolution and higher quality images than can be achieved with “web camera” equipment, and is designed to be completely autonomous. No connection to AC power, computers, networks, or video recorders are needed. You own the equipment, and there are no monthly charges!

Time-Lapse site Monitoring System installation Thilawa, Yangon, Burma
16/07/2015

Time-Lapse site Monitoring System installation Thilawa, Yangon, Burma

Wanna High Speed Internet !!!load balancing with mikrotik router 1 metro fiber + 2 Oreedoo
03/11/2014

Wanna High Speed Internet !!!
load balancing with mikrotik router 1 metro fiber + 2 Oreedoo

09/09/2014

Myanmar Telco Group မှ PABX (Private Automatic Branch Exchange) နှင့် ပတ်သက်၍ ဆောင်ပေးနိုင်သော ၀န်ဆောင်မှုများ
(၁) GSM SIM လိုင်းကတ်အ၀င်ကို ရုံးတွင်း Extension ဖုန်းလိုင်းများ ဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်း
(၂) ကြိုးဖုန်း ( auto telephone ) အ၀င်ကို ရုံးတွင်း Extension ဖုန်းလိုင်းများ ဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်း
(၃) ရုံးချုပ်မှ ရုံးခွဲများသို့ ဖုန်းခေါ်ဆိုမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် PABX စနစ်တည်ဆောက်ပေးခြင်း
စသည်များကို အထူးဈေးနှုန်းချိုသာစွာဖြင့် အရည်အသွေးမြင့် ပစ္စည်းများကိုသာ အသုံးပြု၍ ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

HO to Branch PABXs sample network
09/09/2014

HO to Branch PABXs sample network

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Telco Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Telco Group:

Share