13/05/2017
*စည်းစောင့်ခြင်းရလဒ်*
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်
မယ်လှနဲ့မယ်မြဆိုတဲ့သူငယ်ချင်း၂ယောက်ရှိသတဲ့။
သူတို့ ဟာရွာမှာ အလျှူအတန်းလုပ်တဲ့ ရပ်ရေးရွာရေးကိစ္စတွေမှာ ဝိုင်းလုပ်ဝိုင်းစားပြုကြသတဲ့။
ကလေးတို့ ရေ အလျှူလုပ်တဲ့အခါမှာလည်း
စည်းစောင့်ရသတဲ့။
အဲ့ဒါကတော့ အလျှူရှင်မသိအောင် လျှူဒါန်းထားတဲ့စားဖွယ်တွေကို အလျှူရှင်ကမပေးဘဲယူရင် ခိုးယူသလိုသဘော ဖြစ်တတ်ပါတယ်ကွယ်။
ဒါတွေကိုသိနေပေမယ့်လည်း မယ်မြက "အများကြီးလျှူထားတာပဲ ငါနည်းနည်းလောက် စားဖွယ်ပစ္စည်းတွေကိုယူပြီး အိမ်သားတွေကျွေးတာ ဘာမှမဖြစ်ပါဘူး"ဟုတွေးမိပြီး နည်းနည်းယူသွားသတဲ့ကွယ်။
ဒါကိုသူက ခိုးတယ်လို့ မတွေးဘဲ နည်းနည်းယူတာ ဘာဖြစ်မှာမို့ လို့ လဲဆိုတဲ့ သဘောနဲ့ပေါ့ကွယ်။
ဒါပေမယ့်လည်း သူများမသိအောင် ယူမိတဲ့အတွက် ခိုးကံမြောက်သွားတယ်
ဒီလိုနဲ့ပဲနှစ်ပေါင်း၆၀ဖြတ်သန်းခဲ့ကြပြီး မယ်မြနဲ့မယ်လှတို့  ဆုံးသွားကြသတဲ့။
မယ်လှကဖြင့် နတ်ပြည်မှာ နတ်သမီးလေးဖြစ်သွားသတဲ့။
ဒါနဲ့မယ်လှဟာ သူနဲ့အတူလူ့ ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့မယ်မြ
ဘယ်ဘဝရောက်နေပါသလဲလို့  သူ့ အထက် ဘုံမြင့်မှာနေတဲ့ နတ်တွေက်ု မေးမြန်းသတဲ့ကွယ်။
အဲ့အခါနတ်တွေရဲ့တန်ခိုးမျက်စိနဲ့လှမ်းကြည့်ပြီး မယ်လှကို
"အင်း. . .ဒီလိုမယ်လှရဲ့. . .သင့်ရဲ့သူငယ်ချင်းမယ်မြဟာ သင်နဲ့ ရှေ့ ဆင့်နောက်ဆင့်သေဆုံးခဲ့တယ်
ဒါပေမယ့်. .မယ်မြဟာ. .အလျှူရှင်တွေဆီက မသိအောင် ခိုးစားခဲ့တဲ့အတွက်. . . သေလွန်တဲ့အခါ အလျှူရှင်တို့  အိမ်မှာ ကြောင်ကလေးသွားဖြစ်နေသတဲ့
ဒါပေမယ့်. .မကြာပါဘူး. . .သူတစ်နေ့  သတ္တဝါဘဝမှာ ကျွတ်တမ်းဝင်တဲ့အခါ သူနတ်ပြည်ရောက်မှာပါ
ဒီလိုနဲ့နေလာလိုက်တာ ၅နှစ်ကြာတော့ ကြောင်ကလေးဟာ ရောဂါတစ်ခုနဲ့သေဆုံးသွားသတဲ့ကွယ်။
ဒါပေမယ့်သေခါနီးမှာ ရွာကအလျှူတစ်ခုရဲ့အမျှဝေသံကို သူကြားလိုက်ရတာကြောင့် သာဓုခေါ်နိုင်ခဲ့တဲ့အတွက် ကျွတ်တန်းဝင်သွားသတဲ့ကွယ်
မယ်လှရယ် ငါသာမခိုးယူခဲ့မိရင် နင်နဲ့နတ်ပြည်ကို အတူတူရောက်မှာလို့  မယ်မြတစ်ယောက် ပြောနေရင်းနဲ့ နောင်တမျက်ရည်တွေကျနေမိသတဲ့ကွယ်
ကလေးတို့ ရေ အလျှူလုပ်တဲ့အခါမှာ သူများမသိအောင် မခိုးယူမိစေနဲ့နော်
ဒါကခိုးကံမြောက်တာနဲ့ပြန်လည်ပေးဆပ်ရတယ် ဆိုတာကလေးတို့ မမေ့ပါနဲ့နော်
ယဉ်ကျေးလိမ္မာတဲ့ကလေးတို့ ဖြစ်ပါစေကွယ်