01/04/2026
Assalamualaikum 🙋🏻♂️
🆘 "ဒီသားလေးကို မကယ်နိုင်ရင် ကျမရဲ့ လူပျိုပေါက် သားလေးကို ဆုံးရှုံးရတော့မှာပါ" လို့ ငိုကြွေးပြီး အကူအညီတောင်းခံနေရတဲ့ မိခင်တစ်ဦးရဲ့ အသံ 🆘😪
လက်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း မှာ နေထိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် ညီလေးတစ်ဦးဟာ ကျောက်ကပ်ရောဂါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ မိဘနှစ်ပါးကလည်း ရွာမှာ အခြေခံလူတန်းစား ဆင်းရဲသားများဖြစ်သလို၊ တစ်ဖက်မှာလည်း အားကိုးရာမဲ့နေရှာပါတယ်။
ရောဂါပျောက်ကင်းဖို့အတွက် ဆေးကုသစရိတ် သိန်း ၄၀ ကျော် အရေးပေါ် လိုအပ်နေချိန်မှာ ညီလေးရဲ့ မိခင်ဖြစ်သူက -
"ဒီသားလေးရဲ့ ရောဂါကို မကူညီနိုင်ရင် ကျမရဲ့ လူပျိုပေါက် သားလေးကို ဆုံးရှုံးရတော့မှာပါ..." ဆိုပြီး မျက်ရည်စက်လက်နဲ့ အသည်းအသန် အကူအညီတောင်းခံနေရပါတယ်။😥 ညီလေးကိုယ်တိုင်လည်း ဝေဒနာကြောင့် "ကျနော် အသက်ရှင်ချင်သေးတယ်၊ ကယ်ကြပါဦး" လို့ ငိုကြွေးနေရတာ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။☹
လက်ရှိမှာ ကျနော်တို့ Support & Kindred Public Unity (SKPU) အဖွဲ့အနေနဲ့ ညီလေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အဖွဲ့ရန်ပုံငွေထဲမှ (၁၀) သိန်းကျပ် ကို မတည်လှူဒါန်းပေးထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း ကျန်ရှိနေတဲ့ ဆေးကုသစရိတ် သိန်း ၃၀ ကျော်အတွက် မိဘပြည်သူများ၊ ရွာသူရွာသားများနှင့် စေတနာရှင် အလှူရှင်များရဲ့ ဝိုင်းဝန်းကူညီမှုကို အထူးလိုအပ်နေပါတယ်။
"သဲချောင်းက မိခင်တစ်ဦးရဲ့ ရင်ကွဲပူကို ငြိမ်းသတ်ပေးပြီး လူငယ်လေးတစ်ဦးရဲ့ အသက်ကို အတူတကွ ကယ်တင်ပေးကြပါဦး။"
မိမိတို့ တတ်နိုင်သလောက် (ရင်းဂစ် 20 ၊ 30 ၊ 50) ဖြစ်စေ၊ ဝိုင်းဝန်း လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
📍 လှူဒါန်းရန် ဆက်သွယ်ရန် -
[ဖုန်းနံပါတ် 011-2816 8840
TNGအကောင့်မှာလဲ အလှူငွေထည်းပေးလို့ရတယ်။
ဒီပို့စ်လေးကို Share ပေးခြင်းဖြင့်လည်း မိခင်တစ်ဦးရဲ့ သားလေးကို ကယ်တင်ရာမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။ ညီလေး အမြန်ဆုံး ကျန်းမာရေး ပြန်လည်ကောင်းမွန်ပါစေကြောင်း SKPU အဖွဲ့မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။