Min ko naing

Min ko naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min ko naing, Camera/Photo, Kuala Lumpur.

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မြစ်ကြီးနားမြို့ရောက်ရှိ*************************အာဏာသိမ်းစစ်‌‌ ကောင်စီခေါင်းဆောင် ဗိုလ်...
18/09/2021

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မြစ်ကြီးနားမြို့ရောက်ရှိ
*************************
အာဏာသိမ်းစစ်‌‌ ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀နာရီဝန်းကျင် တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

"ဒီမနက် ၁၀နာရီလောက်မှာ ယာဉ်တန်းနဲ့ မြောက်ပိုင်းတိုင်းမှာ ရောက်လာပြီလို့ သိရတယ် "လို့ နီးစပ်သူ တစ်ဦးကပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ကောင်စီတပ် ခေါင်းဆောင်သည် ကချင်ပြည်နယ်အတွင်း(၂)ရက်တာ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

"ခုသတင်းတွေ ထွက်နေတာကတော့ ဒီ (၂)ရက်တာ ခရီးစဉ်အတွင်းမှာ နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိ သူတွေနဲ့ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ ရှိတယ်ဆိုတာ ကြားတယ်"လို့ မ.ပ.ခ.နဲ့ နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့အတွင်း၊အပြင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ရက်၊၂၀၂၁

လောင်းလုံးမြို့နယ်တွင် အသက် ၁၅နှစ်အရွယ် မောင်ရင်မောင်သန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ် ရန်ကုန်၊ စက်တင်ဘာ ၁၈ တနင်္သ...
18/09/2021

လောင်းလုံးမြို့နယ်တွင် အသက် ၁၅နှစ်အရွယ် မောင်ရင်မောင်သန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ရက်နေ့ ညနေ ၆နာရီ ၃ဝမိနစ် အချိန်ခန့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အသက် ၁၅နှစ်အရွယ် ကလေးငယ် မောင်ရင်မောင်သန့်ကို ပစ်သတ်ခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

" ပစ်ခံရတာကတော့ မောင်ရင်မောင်သန့်လို့သိရတယ်။ ဖြစ်တာက ညနေ ၆နာရီကျော်လောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေက ဘုန်းကြီး ကျောင်း တောင်ကုန်းပေါ်မှာ အဆင်သင့်နေရာယူထားတာ။ ကဒက်ငယ်ထိန်ရွာမှာက ညနေ ၆နာရီကျော်ရင် အပြင်မထွက်နဲ့လို့ ပြောထားတယ်။ မောင်ရင်မောင်သန့်က ၆နာရီကျော်မှ လမ်းပေါ်ထွက်လာတော့ စစ်သားတွေက လှမ်းခေါ်တာ အဲလိုခေါ်တော့ ကြောက်လို့ ထွက်ပြေးတာဖြစ်မယ်။ အဲဒါနဲ့ ပစ်လိုက်တာ"ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ယနေ့ လက်ရှိအချိန်ထိ ကဒက်ငယ်ထိန်ကျေးရွာ ဘုန်းကြီးကျောင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အဆင်သင့်နေရာယူလျက်လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် အောက်ရေဖြူ ကျေး ရွာအုပ်စု အပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က သိရသည်။

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ=========================(၁၈.၉.၂၀၂၁)အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ်...
18/09/2021

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================
(၁၈.၉.၂၀၂၁)
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အလက်များအရ (၁၇.၉.၂၀၂၁) ရက်နေ့တွင် ရန်သူ့စစ်ရေးပစ်မှတ် - ၆ အုပ်ချုပ်ရေးပစ်မှတ် - ၁၈ နေရာ၊ စီးပွားရေးပစ်မှတ် - ၈ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။
မှတ်ချက်။ ။ မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။

18/09/2021

ကျွန်းလှမြို့နယ်တွင် Mytel တာဝါတိုင်များ ထပ်မံ ဖျက်ဆီးခံရ
=============================

စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာရှိ Mytel တာဝါတိုင်နှင့် ညောင်ကိုင်းအုပ်စု ၊ပေါယောကျေးရွာရှိ Mytel တာဝါတိုင်များ စက်တင်ဘာ ၁၇ ရက် ညတွင်ည ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။

ကျွဲတဲကျေးရွာရှိ Mytel တာဝါတိုင် အောက်ခြေတွင်ရှိသည့် ပုံးအတွင်းက ဝါယာကြိုးများနှင့် စက်များကို သွေးသစ္စာအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ပြီး ပေါယောကျေးရွာရှိ Mytel တာဝါတိုင်ကို အမည်မသိ လူတစ်စုက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သွေးသစ္စာ အဖွဲ့ဝင်တစ်ဦးကပြောသည်။

"ကျွဲတဲရွာက တာဝါတိုင်အောက်က ပုံးတွေကိုတော့ ကျွန်တော်တို့အဖွဲ့က ည ၇ နာရီလောက်မှာ မီးရှို့ခဲ့တာပါ။ ည ၁၀ နာရီလောက်မှာ ပေါယောရွာက မိုင်တဲ တာဝါတိုင် မိုင်းခွဲခံရတယ်လို့သိရတယ်။ ဘယ်အဖွဲ့ကလုပ်တာလည်းတော့မသိဘူး။ နှစ်တိုင်စလုံးကတော့ မိုင်တဲတာဝါတိုင်တွေချည်းပါပဲ"ဟု သွေးသစ္စာ အဖွဲ့ဝင်ဖြစ်သူတစ်ဦးက ပြောသည်။

သွေးသစ္စာအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ည အချိန်က ကျွန်းလှမြို့နယ် ၊လိပ်ဆင်းတောင်ကျေးရွာရှိ Mytel တာဝါတိုင်ကို ထုရိုက်ဖျက်ဆီးခဲ့သည်။

စက်တင်ဘာ ၁၇ ရက် ညတွင် ပေါရောကျေးရွာနှင့် ကျွဲတဲကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်များကို သွေးသစ္စာအဖွဲ့နှင့် အမည်မသိ လူတစ်စုက ထပ်မံဖျက်ဆီးခဲ့ခြင်းကြောင့် ကျွန်းလှမြို့နယ်တွင် နှစ်ရက်အတွင်း မိုင်တဲတာဝါတိုင် သုံး တိုင် ဖျက်ဆီးခံခဲ့ရသည်။

U.S. Department of State Secretary Antony J. Blinken on the 8888 Uprising: “Today we remember the 8888 pro-democracy mov...
09/08/2021

U.S. Department of State Secretary Antony J. Blinken on the 8888 Uprising: “Today we remember the 8888 pro-democracy movement and the people of Burma's decades-long struggle for democracy and peace. The U.S. continues to support those in Burma calling for their human rights and fundamental freedoms to be respected.”

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Min ko naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category