12/10/2025
မလေးရှားလည်း Visa Free ရနေပြီဆိုတော့ 🇲🇾
လာလည်မယ်ဆိုရင် လည်ပတ်စရာနေရာတစ်ခုဖြစ်တဲ့ Port Dickson Beach ကိုတော့ မမေ့သင့်ပါဘူး 🌊
KL ကနေ တစ်နာရီကျော်လောက်ပဲ
ကားစီးရတဲ့ အနီးဆုံးကမ်းခြေတစ်ခု ဖြစ်ပြီး ပင်လယ်လေညှင်းအေးအေးနဲ့ အေးချမ်းမှုကို ခံစားနိုင်တဲ့နေရာလေးပါ။
ညအိပ်မယ်ဆိုရင်လည်း အနီးနားမှာ ဟိုတယ်တွေအများကြီးရှိပေမဲ့,
အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ အနားယူချင်တဲ့သူတွေအတွက်ဆိုရင်တော့
စျေးအသင့်သင့်နဲ့ Luxury ဆန်ပြီး ရေပေါ်မှာ တည်ဆောက်ထားတဲ့
Grand Lexis Port Dickson Hotel လေးကိုတော့ မဖြစ်မနေ သွားတည်းသင့်ပါတယ် 🏡
တစ်ခန်းချင်းစီမှာ Private Pool ပါဝင်ပြီး
🌅 အခန်းကျယ်ကျယ်လေးနဲ့ ပတ်ဝန်းကျင်လည်း တိတ်တိတ်ဆိတ်ဆိတ်
🍴 မနက်စာ buffet လည်း တော်တော်စုံအောင် ကျွေးတယ်
👨👩👧👦 မိသားစုလိုက်သွားဖို့ သင့်တော်ပြီး Couple တွေအတွက်လည်း Romantic mood ရစေတယ် 💞
ပင်လယ်လေညှင်းနဲ့ နေဝင်ရဲ့အလှကို တစ်ခန်းထဲကနေ ခံစားနိုင်တာကတော့
ဒီနေရာရဲ့ အဓိကဆွဲဆောင်မှုပဲ 🌅
မကောင်းတာလေးတစ်ခုကတော့ 😅
Hotel ကနေရေကစားလို့ရတဲ့ ကမ်းခြေကို ၁၅ မိနစ်လောက် ကားစီးရတာပဲ 🥹
(Video ထဲမှာတော့ Hotel ရဲ့ view တချို့ပါ 🌤️)