Nbaw Pa

Nbaw Pa work hard...
big dream...

🚨Update UNHCR Card ရဖို့က အရေးကြီးသွားပြီ    မလေးရှား လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေတို လော့ခ်မန်က ၂၀...
19/01/2026

🚨Update UNHCR Card ရဖို့က အရေးကြီးသွားပြီ


မလေးရှား လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေတို လော့ခ်မန်က ၂၀၂၅ ခုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုများကြောင့် နိုင်ငံခြားသား ၉၂,၃၆၀ ဦးအား နှင်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်အရ တစ်နှစ်အတွင်း စစ်ဆေးရေး ၁၃,၉၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး လူ ၂၃၉,၃၂၆ ဦးအား စစ်ဆေးခဲ့ကြောင်း၊ ထို့အပြင် အလုပ်ရှင်များအနက် ၂,၁၆၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်အတွင်း စစ်ဆေးရေး ၅၀၀ ကြိမ်ပြုလုပ်ရန် စီစဉ်ထားပြီး လူ ၆,၀၀၀ အား စစ်ဆေးသွားမည်ဖြစ်ကာ အလုပ်ရှင် ၃၅ ဦးအား ဖမ်းဆီးသွားမည်ဟု ဆိုသည်။

ပြည်သူများအား သတိပေးချက်တွင် ဥပဒေမဲ့ နေထိုင်သူများအား ခိုလှုံခွင့်မပေးရန်၊ အလုပ်မခိုင်းရန်နှင့် ကူညီထောက်ပံ့မှုများ မပြုရန် သတိပေးထားပြီး ထိုသို့ပြုလုပ်ပါက တရားစွဲဆို ခံရမည်ဟု ဆိုသည်။ ထို့အပြင် ဥပဒေမဲ့ နေထိုင်သူများ ရှိသည့်အခါ သတင်းပေးပို့ရန် တိုက်တွန်းထားသည် ။

မလေးရှားတွင် UN ကတ်ပြားပိုင်ဆိုင်ထားခြင်း ( ဒုက္ခသည် အဆင့်အတန်း ) သည်ပင်လျှင် ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဥပဒေမဲ့ နေထိုင်သူများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် သူတို့တွင် တရားဝင်နေထိုင်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့် မရှိကြောင်း ရှင်းလင်းထားသည်။ မလေးရှားအစိုးရသည် မည်သည့်အခြေအနေတွင်မဆို ဒုက္ခသည်များအား နှင်ထုတ်မည် မဟုတ်ဘဲ ဥပဒေမဲ့ နေထိုင်သူများ ( သို့မဟုတ် ) စာရွက်စာတမ်း မရှိသူများကိုသာ နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Âgapê Joy Ful
19-1-2026

Night view 🌃  ゚viralvideo
16/01/2026

Night view 🌃
゚viralvideo

07/07/2025

ပရိုမိုးရှင်းဟောင်း ရဲ့ ညစ်ကွက်တွေကို ဖွင့်ချလိုက်တဲ့ တာကေးရု
-----------

ပရဟိတဖိုက်တာကြီး တာကေးရု က အနေအေးသူပါ။ တစ်ဖက်သားကိုလဲ ကြမ်းတမ်းတဲ့စကားလုံးမျိုးတွေ ပြောဆိုလေ့မရှိပါဘူး။

ဒါပေမယ့် မနေ့ကတော့ ထူးထူးဆန်းဆန်း သူ့ရဲ့ ပရိုမိုးရှင်းဟောင်း K-1 က Producer ဟောင်းဖြစ်သူ မစ္စတာ Carlos Kikuta နဲ့ အွန်လိုင်းမှာ အပြန်လှန် စကားလုံးတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဖြစ်တာမှ တစ်ကမ္ဘာလုံးက မီဒီယာတွေ သတိထားမိသွားလောက်အောင်ကို အကြီးကျယ်ဖြစ်တာပါ။

ပြသနာ အခြေတည်က သူတို့နှစ်ယောက်ကနေ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုင်ငံတကာ မီဒီယာ တစ်ချို့က ONE Championship ဘဏ္ဍာရေး အကျပ်တည်းကြုံနေရပြီ ၊ ဝန်ထမ်းတွေလဲ လျှော့ချတယ် ၊ ရင်းနှီးမြုပ်နှံတဲ့သူတွေကလဲ စိတ်မရှည်တော့ဘူး စတဲ့ ပုံစံမျိုးတွေ ရေးသားလာကြပြန်ပါတယ်။

အဲဒီသတင်းတွေကို မစ္စတာ Carlos Kikuta က ပြန်ရှဲတာကနေ ဖြစ်ကြတာပါ။ သူက ဘယ်လိုပုံစံမျိုးနဲ့ ပြန်ရှဲလဲ ဆိုတော့ ONE Championship က ဒေဝါလီခံရလုစဲစဲ ၊ အနီရောင် အဆင့်ရောက်နေပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးသားပါတယ်။

အဲဒီမှာ တာကေးရု က "ဒါက လုပ်ငန်းတူ အချင်းချင်း တိုက်ခိုက်ရမယ့် နေရာမဟုတ်ဘူး ၊ အခြားသော ကစားနည်းတွေ ၊ အခြားသော ဖျော်ရေး ကစားနည်းတွေနဲ့ ယှဉ်ပြီး တိုက်ခိုက်ရမှာ။ K-1 Producer နေရာမှာ လုပ်ကိုင်ခဲ့တဲ့ ရာထူးကြီး ဝန်ထမ်းဟောင်းတစ်ယောက်က (Carlos Kikuta) အခြားသော ပရိုမိုးရှင်းတစ်ခုကို လိုက်ပြီး တိုက်ခိုက်နေတာ K-1 သိက္ခာကျသလို ၊ ဒီနယ်ပယ်အတွက်လဲ အကျည်းတန်စေတယ်။ စင်မြင့်ထက်မှာ ကိုယ့်ဘ၀ ရပ်တည်မှုအတွက် တိုက်ခိုက် ထိုးနှက်ပြနေကြတဲ့ ဖိုက်တာတွေအပေါ်ကိုလဲ မလေးစားရာရောက်ပါတယ်" ဆိုပြီး မှတ်ချက်ပေးပါတယ်။

ဘာလို့လဲ ဆိုတော့ တာကေးဟာ K-1 နှစ်ပေါင်းများစွာ လက်တွဲပြီးမှ ONE Championship ကို ရောက်လာခဲ့သူဖြစ်လို့ ဒီလိုရေးတာ နေမှာပါ။

အဲဒီမှာ Carlos Kikuta ကလဲ အခုလို ပြန်လည် ချေပ ပါတယ်။

" ငါက ဘ၀နဲ့ရင်းပြီး တိုက်ခိုက်နေကြတဲ့ ဖိုက်တာတွေအပေါ် လေးစားမှု ရှိလွန်းလို့ကို ဒီလိုပြောနေတာ ဘာလို့လဲ ဆိုတော့ ဖိုက်တွေကို ညှစ်ထားတဲ့ Management ပုံစံမျိုးကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ နောက်ကွယ်က လှိုက်စားနေရင် ရှေ့တန်းမှာ ဘယ်လောက်ထိပဲ ကြိုးစားတိုက်ခိုက်ပါလေ ၊ ထိုက်တန်တဲ့ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ကို အသံကုန် အော်ဟစ်ပြောနေတာ ၊ အဲဒီလိုမျိုး မမြင်နိုင်ဘူးလား" ဆိုပြီး ချေပ ပါတယ်။

အဲဒီလို Management အကြောင်းတွေ စကားထဲ ပါလာချိန်မှာတော့ တာကေးရုကလဲ သူ့ရဲ့ K-1 ဖိုက်တာဘ၀တုန်းက ညှစ်ခံခဲ့ရတာတွေကို အခုလို တစ်ရစ်ခြင်း ဖွင့်ချသွားခဲ့ပါတယ်။

" ကျေးဇူးပြုပြီး K-1 က ဖိုက်တာတွေနဲ့ ထိုက်တန်တာတွေကို ပြန်ပြီးပေးနိုင်အောင် အရင်ဆုံး လုပ်ပြပါဦး။ ထိုးကြေးက မျှတမှုရှိရမယ် ၊ ဒဏ်ရာပြသနာတွေအတွက် ကုသစာရိတ် ပေးနိုင်ရမယ် ၊ ဖိုက်တာတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆက်ဆံပေးနိုင်ရပါမယ်။

တစ်ရက်ထဲနဲ့ ၃ ပွဲထိုးရတဲ့ Tournament ပြိုင်ပွဲတွေမှာ ဆိုရင် ဖိုက်တာတွေဟာ ဒဏ်ရာတွေ ပရပွနဲ့ အဆုံးသတ်ရတာပါ။ ဒါပေမယ့် ထိုးကြေးရတော့ တစ်ပွဲစာလေးပဲ ရကြပါတယ်။

တကယ်လို့များ ဒဏ်ရာကြီးကြီးမားမားရလို့ ဆေးရုံမှာ ခွဲစိတ်ကုသမှုတွေ ခံယူရတယ် ဆိုရင်တောင် ဖိုက်တာတွေက ကိုယ့်အိတ်ထဲကစိုက်ပြီး ကုသကြရပါတယ်။

ပြည်တွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲမျိုး မဟုတ်ဘူးဆိုရင် ပွဲမထိုးခင် အချိန်ထိ ဖိုက်တာတွေက ဟိုတယ်အခန်းခတွေကို ကိုယ့်ဖာသာ စိုက်ထုတ်ပေးရပါတယ်။

စာချုပ်တွေကလဲ အလိုလျှောက်ကြီး သက်တမ်းတိုးနေတဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဖိုက်တာတွေဟာ စာချုပ်ကြီးတွေနဲ့ ပိတ်မိကြပါတယ်။ စာချုပ်ကာလအတွင်း နှုတ်ထွက်ဖို့ ကြိုးစားမယ် ၊ အခြား ပရိုမိုးရှင်းကို ပြောင်းဖို့ ကြိုးစားမယ်ဆိုရင် ရတဲ့ ထိုးကြေးထက် အဆပေါင်းများစွာပိုတဲ့ လျော်ကြေးမျိုး ပြန်ပေးရဦးမှာပါ။

စာချုပ်သက်တမ်း ကုန်ပြီထားလိုက်ပါတော့ ၊ နောက်ထပ် ၆ လ အထိ အခြားနေရာမှာ သွားထိုးလို့မရအောင် စာချုပ်ပါ အချက်လက်တွေက ထိန်းချုပ်ထားဆဲပါပဲ။

အဲဒီလို ပရိုမိုးရှင်းမျိုးက အခြား ပရိုမိုးရှင်းတစ်ခုကို "ဖိုက်တာတွေကို ညစ်တွန်း ထားတယ်ဆိုပြီး ပြောလို့ရလား? နောက်ကွယ်က Management က လှိုက်စားနေတယ် လို့ ပြောနိုင်လို့လား?

ONE Championship မှာလဲ ပြသနာတွေ မရှိဘူး မဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် ငါ့ဘ၀မှာတော့ ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ကျကျ ဆက်ဆံခံရတာ ဒီရောက်မှပဲ ကြုံဖူးတယ်။

ထိုးကြေးရတယ် ၊ ဘ၀နဲ့ရင်းပြီး ထိုးရဲလောက်တဲ့ ထိုးကြေးမျိုးကို ရတယ်။ ဒဏ်ရာတွေ ၊ ဆေးဝါးကုသစာရိတ်တွေကို ကာဗာ လုပ်ပေးတယ်။

ခင်ဗျား အနေနဲ့ ဖိုက်တာတွေ အပေါ် တကယ်ပဲ စေတနာရှိလို့ စိုးရိမ်တယ် ၊ စိတ်ပူတယ် ၊ ဒီနယ်ပယ်ကြီး အတွက် စဉ်းစားပေးတယ် ဆိုတာ ဘာဖြစ်လို့ Social Media ပေါ်မှာ တင်နေတာလဲ။ ONE Championship က လူတွေကို တိုက်ရိုတ်လှမ်းပြီး ပြောလို့ မရဘူးလား" ဆိုပြီး တုန့်ပြန်သွားခဲ့ပါတယ်။

👋 🤗 hello...
27/06/2025

👋 🤗 hello...

Good 🎨 Art.
27/06/2025

Good 🎨 Art.

အမေ🥺🥺
25/06/2025

အမေ🥺🥺

😐

Address

Sri Pelangi Condo
Kuala Lumpur

Telephone

+60149448303

Website

Alerts

Be the first to know and let us send you an email when Nbaw Pa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nbaw Pa:

Share