Created by Me

Created by Me ဓါတ်ပုံဝါသနာရှင်လေးတစ်ယောက် ��

07/05/2025

Today's photos

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူ...
22/05/2024

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

၁။ ဘုရားအလောင်းတော်
သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

၂။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

၄။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ
ရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

🇬🇳ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့

* ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
* ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
* ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
* စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင်
မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။

🇬🇳ကဆုန်လပြည့်နေ့တွင်
ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့ပါသည်။

🇬🇳ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော
သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း
ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ
ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။

🇬🇳မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး၊

🇬🇳 မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်။

🙏🙏🙏🙏🙏
Credit

-သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု ကဆုန်လပြည့် ၁၅ရက်နေ့ မှာ ‌ကျရောက်မဲ့ ဗုဒ္ဓနေ့မှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ မ...
22/05/2024

-သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု ကဆုန်လပြည့် ၁၅ရက်နေ့ မှာ ‌ကျရောက်မဲ့ ဗုဒ္ဓနေ့မှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘေးဒုက္ခ အန္တရာယ် ရန်စွယ် အားလုံးမှ ကင်းရှင်းကြရပါလို၏ 🙏
အပါယ်ဘုံသား အားလုံးလည်း ကျွတ်တန်း ဝင်ရပါလို၏ 🙏💗
-သံသရာ အဆက်ဆက်မှာ ဗုဒ္ဓ၏ အဆုံးအမများနှင့် မကင်းသော အရပ်၌သာ ရှင်သန်ကြီးပြင်းရပါလို၏ 🙏‎💗

08/05/2024

Returning from work

You are only here for a short visit.Don't hurry, don't worry. And be sure to smell the flowers along the way.
05/05/2024

You are only here for a short visit.
Don't hurry, don't worry. And be sure to smell the flowers along the way.

အမှတ်တမဲ့ရိုက်ထားတဲ့အရာတွေကတစ်ချိန်ကျရင်အမှတ်တရလေးတွေဖြစ်လာမှာပါ 📷
02/05/2024

အမှတ်တမဲ့ရိုက်ထားတဲ့အရာတွေကတစ်ချိန်ကျရင်အမှတ်တရလေးတွေဖြစ်လာမှာပါ 📷

cameraမရှိပေမဲ့ ရှိတဲ့phoneလေးနဲ့ပဲကြိုးစားပြီးရိုက်ရ📷    🇲🇾🇲🇾🇲🇾
30/04/2024

cameraမရှိပေမဲ့ ရှိတဲ့phoneလေးနဲ့ပဲကြိုးစားပြီးရိုက်ရ📷

🇲🇾🇲🇾🇲🇾

ကိုယ့်ရွာကပုံလေးကို photoleapနဲ့ပေါင်းစပ်လိုက်သောအခါ
30/04/2024

ကိုယ့်ရွာကပုံလေးကို photoleapနဲ့ပေါင်းစပ်လိုက်သောအခါ

အပျော်တမ်း water color painting
29/04/2024

အပျော်တမ်း water color painting

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Created by Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Created by Me:

Share