18/09/2024
မှတ်မှတ်ရရပေါ့ ၁၆နှစ်(၇တန်း)လောက်မှာ
ရည်းစား စပြီးထားခဲ့ဖူးတယ်...(လူငယ်တိုင်း Frist love ကို
စတင်ထိတွေ့တဲ့အသက်အရွယ်မျိုးပေါ့)
ငယ်ရွယ်တဲ့အချစ်လို့ပဲပြောရမလား၊ဘဝရဲ့အချိုမြိန်ဆုံး အချစ်လို့ပဲ
ပြောရမလား ..
အပူအပင်ကင်းတယ်၊သောကကင်းတယ်၊ဒေါသကင်းတယ်၊တဏှာရမက်ကင်းတယ်
အချစ်ဆိုတာ ငယ်ရွယ်ချိန်တုန်းမှာပဲ ချိုမြိန်မှုကို
ခံစားခဲ့ရဖူးတယ်...
ခေတ်လူကြီးတွေထင်သလို ရယူလိုစိတ်၊အတ္တစိတ်၊မာနစိတ် မရှိဘူး
သူပျော်နေရင်၊သူနဲ့စကားလေးများ ပြောနေရရင်၊သူပြုံးနေတာလေးမြင်ရရင်
အရာရာဟာပြီးပြည့်စုံပြီလို့ ခံစားရတဲ့အချိန်ပေါ့..
ဘဝရဲ့တစ်ချို့တကွေးဟာ အသက်အရွယ်တစ်ခုထိခေါ်လာခဲ့တဲ့အခါ
အချစ်ဆိုတာတာ စဥ်းစားတွေးခေါ်ရတယ် ၊ ညှိယူလာရတယ် ၊
မလိုချင်ပါပဲနဲ့ လက်လွတ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်..
ဒီလိုနဲ့ အချစ်ဆိုတဲ့ မဟာတံတိုင်းကြီးကို မသိမသာရော၊သိသိသာသာပါ
ကင်းကွာလာခဲ့ကြတယ် လူတစ်ယောက်က ချစ်တယ်လို့ပြောလာခဲ့ရင်တောင်
ယုံမှားသံသယတွေဖြစ်လာကြတယ် ၊ ဖောက်ပြန်လာကြတယ် ၊ စည်းဆိုတာ
စကားလုံးတွေသာရှိပြီး ထိန်းကွက်ဖို့ မေ့လာကြတယ်..
ပျော်ရွှင်ပြီးကြည်နှုးစရာကောင်းတဲ့အချစ်ဆိုတာ အပြင်မှာတကယ်ရှိပေမယ့်
အများစုက မုသားအောက်မှာ နစ်မွန်းလာကြတယ်
တစ်ချို့ကြ မှားနေမှန်းသိရက်နဲ့ ဆွဲထားခဲ့ကြတယ်..
ပြန်စဥ်းစားမိတိုင်း ငယ်ရွယ်တဲ့အချစ်ဆိုတာကို
လွမ်းမော့တမ်းတမိတယ်..
ယောကျာ်းလေးတွေဆိုလည်း ကိုယ့်မျက်စိကျနေတဲ့ သူကိုတောင်
ရင်ထဲက မေတ္တာတရားကို ရဲရဲဝံ့ဝံ့ဖွင့်ပြဖို့ တုန်းယင်နေကြရတယ်
ဒါလည်း အကြောင်းတရားတော့ ရှိပါတယ်လေ တစ်ချို့ကြ
ကိုယ့်ရဲ့ မပြည့်စုံတဲ့ဘဝကြောင်း ၊ တစ်ချို့ကြ သိမ်ငယ်စိတ်ကြောင်း ၊
ကိုယ်ဘဝထဲကို လူတစ်ယောက်ကို ဝင်လာခိုင်းဖို့ဆိုတာ
ဘယ်လောက်ခက်ခဲပြီး နက်ရှိုင်းတဲ့ ကိစ္စမျိုးလဲဆိုတာ
စဥ်းစားတွေခေါ် ဆင်ခြင်နိုင်စွမ်းရှိတဲ့ အမျိုးသားတိုင်း သိတဲ့
အရာကြီးပေါ့..
မိန်းကလေးတွေဆိုတော့လည်း ကိုယ့်ကိုယ်ချစ်ရေးဆိုလာပါပြီရဲ့
မုသားလား၊အစစ်အမှန်လား ခွဲခြားရသိပ်ခက်ခဲတဲ့
ခေတ်ကြီးဖြစ်နေတော့ တော်ရုံလက်ခံဖို့ လက်တွန့်ကြတယ်
ဟုက်ပါတယ်လေ သူတို့တွေမှာလည်း ဘဝတစ်ခုလုံးစာကို
ပုံအပ်ရလောက်တဲ့ အထိ စဥ်းစားဖို့ ထိုက်တန်ရလောက်တဲ့
ယောကျာ်းမျိုး ရှားသွားပြီကို ( မရှိလို့မပြောပါ)..
တစ်ချို့ကျ တစ်ယောက်တည်းပဲ ဘဝကိုကြိုးစားရင်း
ရုန်းကန်ရင် လွတ်လပ်စွာတောက်ပကြတယ် ကျွန်တော်ကတော့
အားပေးတယ်..
မိန်းကလေးတစ်ချို့တွေ အချစ်ရေးအဆင်မပြေလို့ လာပြီး တိုင်ပင်ဖူးတဲ့တွေ
ရှိတယ် ၊ တကယ်တော့ သူတို့မှာ ရှိနေတဲ့အဖြေကို လာမေးတာ
ဖြစ်လို့ ကိုယ့်ဘာသာအဖြေရှာကြဖို့ တိုက်တွန်းလေ့ ရှိတယ်..
ကြည်ကြည်နူးနူးနဲ့ ချစ်သူစုံတွဲလေးတွေကို ( Social platform ) မှာ
တွေ့ရင် အားကျတယ်..... ( အားကျတယ် ဒီလောက်ပါပဲ )
Relationship Book စာအုပ်တွေ အများကြီး ဖတ်ဖူးပါတယ်
သိလေတော့ခက် မသိလေမှအကောင်း ဆိုတဲ့စကားအတိုင်း
အခုခေတ် လူငယ်အများစုက အချစ်ရေးကို နှောကြေနေအောင်သိနေကြလေတော့
ရည်းစားထားဖို့ကို မတွေးဝံ့ကြတော့တာ..(တစ်နည်းအားဖြင့် ကြောက်သွားတာမျိုးပေါ့)
တစ်ချို့ကြတော့လည်း အိမ်သာထဲက Tissue လောက်တောင်
တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး
ဒါကြောင့်လည်း ရှေ့လူကြီးတွေပြောတဲ့ ဆိုရိုးရှိခဲ့တာပေါ့
"ငယ်ကချစ် နှစ်တစ်ရာ မမေ့သာ" တဲ့
တစ်ချို့ကျ ဒီစကားရဲ့ အဓိပ္ပါယ်ကို ငယ်ချစ်ဦးကို မမေ့နိုင်တာလို့
ပြောကြတယ် မမှားပါဘူးလေ
သို့ပေမယ့် ကျွန်တော့်အတွက် ငယ်ရွယ်စဥ်က ပူပင်သောက ကင်းတဲ့
အချစ်မျိုးကို မမေ့နိုင်တာလို့ပဲ ခံယူထားပါတယ်..
မည်သို့ပင်ဆိုစေကမူ ငယ်ရွယ်မှုကိုလွမ်းသည်၊သတိရမိသည်၊
တမ်းတမိသည်..... 📖🖋
🖋 Jo Ker (အတွေးစာစု)
🕕 2:45 am