May's Diary

May's Diary Make a day brighter with your smile.

သူလေး ဒီနေ့ ဘာ Snacks တွေစားဖြစ်လဲ။
24/08/2026

သူလေး ဒီနေ့ ဘာ Snacks တွေစားဖြစ်လဲ။

23/08/2026

6လသားGabrielရဲ့တစ်နေ့တာ

Gabriel ၆လသားအရွယ်တုန်းက နေ့စဉ်ပုံမှန် routines လေးကို Mommy May ကနေ ရိုက်သိမ်းထားတာလေးပါ။

ပုံမှန်ဆို ၇နာရီအိပ်ယာထ
Daddy အိပ်ယာသွားပြီးနှောက်ယှက် ။ Gabriel က ကိုယ်ပိုင် အိပ်ခန်း ရှိနေဘီလေ 🤓

Daddy နှိုးပြီးရင် မိသားစု အောက်ဆင်းပြီး Gabriel က ကစား၊ mommy နဲ့ daddy ကလုပ်စရာရှိတာလုပ်

၈:၃၀ မှာ Breakfast စား။

တစ်ရေး အိပ်၊ ရေချိုးပြီးရင် ၁၁:၃၀ ရောက်သွားရော။

စျေးဝယ်စရာ ရှိရင် စျေးသွား၊ ဒါမှမဟုတ် Mall ပတ်။

နေ့လည်စာ ၁နာရီမှာ ပြန်စား။ ပြီးရင် အိပ်။

ထ၊ ကစား၊ ပြန်ကစား။

ဒီနေ့တော့ ဆံပင်ရှည်လာလို့ တီတီ စီသွားညှပ်။

Daddy နဲ့ ပြန်ကစား။

ညနေ ၆:၃၀ အိပ်ပေါ်တက်။ မအိပ်ခင် အင်အားဖြုန်းပြီး
ည ၇-၈နာရီ ဆို First Sleep။ ၉နာရီလောက် ထပြီး နို့သောက်။ ည၁၀နာရီဆို Deep sleep က Gabriel ရဲ့ ပုံမှန် နေ့လေးတွေပေါ့ ။

နေ့လည်နေ့ခင်းSolid meal တွေကြား ၄ ခါလောက်တော့ နို့တိုက်ဖြစ်ပါတယ်။

18/08/2026

ဖိုးဖိုး ဖွားဖွား တို့နဲ့ အတူ။

12/08/2026

နောက်ဆုံးတော့ Us Time ယူနိုင်ခဲ့ဘီ 😂

04/08/2026

Gabriel လေးကိုဒီနေ့ ပထမဆုံး သဲနဲ့ စထိဆော့ခိုင်းခဲ့တယ်။ သူလေးကြည့်ရတာတော့ ပျော်နေရှာတယ်။ ခြေနဲ့ကန်ထားတာ တွင်းတောင်ဖြစ်တော့မယ်။

30/07/2026

Gabriel လေးကတော့ စာအုပ်ဖတ်ရတာ သဘောအကျဆုံးထဲမှာပါတယ်။ ခုဆို ၇လထဲ ဝင်လာဘီ။ သူ့ရဲ့ တစ်ခြားကစားစရာ တွေကို ဝေငှပေမယ့် သူ့စာအုပ်ထိရင်တော့ လုပ်နေတာတွေ အကုန်ရပ်ပြီး အနားမှာ လာစောင့်ကြည့်တတ်တဲ့ သူလေးပေါ့။

20/07/2026

Gabriel လေး ၆လထဲ ဝင်လာဘီဆိုတော့ Solid Meal တွေကျွေးဖို့ စတင်ပြင်ဆင်လာပါဘီ။ ဒီ Video လေးထဲမှာတော့ ကျွေးနေကြ သီးစုံပူရီ နဲ့ Bone Marrow စကျွေးတုန်းကဟာလေးဖြစ်ပါတယ်။

01/07/2025

ကံမကောင်းခဲ့တဲ့ ဆောင်းရာသီ ငါးမျှားခြင်း အတွေ့အကြုံ။

Youtube Link : https://youtu.be/U3zns7QYQxY

Address

Singapore

Telephone

+6593824558

Website

Alerts

Be the first to know and let us send you an email when May's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May's Diary:

Shortcuts

Share