Tv Tvkoko ကျွန်တော်အခု့မှစန်းလုပ့်ကြည့်တာဘာ

ปิดถาวร
အဆုတ်ကို သန့်ရှင်းဖို ဂျင်းရေနွေးကြမ်း ❤️အဆုတ်ထဲက အဆိပ်အတောက်တွေကို ဂျင်းနဲ့ ဘယ်လို ဖယ်ရှားမလဲ...?လူတစ်ယောက် အသက်ရှင်ဖို...
05/03/2026

အဆုတ်ကို သန့်ရှင်းဖို ဂျင်းရေနွေးကြမ်း ❤️
အဆုတ်ထဲက အဆိပ်အတောက်တွေကို ဂျင်းနဲ့ ဘယ်လို ဖယ်ရှားမလဲ...?
လူတစ်ယောက် အသက်ရှင်ဖိုအတွက် အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ အဆုတ် လည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် အဆုတ် ကျန်းမာရေးက အရေးကြီးပြီး အဆုတ်ကို သန့်စင်အောင် ထားရှိဖို လိုအပ်ပါတယ်။ အထူးသဖြင့် ဆေးလိပ် သောက်တတ်သူတွေဆိုရင် အဆုတ်ကို သတိထားပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသင့်ပါတယ်။
ဂျင်း
ဂျင်းကို အသုံးပြုပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က တွေ့ရှိခဲ့တဲ့ သုတေသနအရ ဂျင်းမှာ အဆုတ်ကင်ဆာ ရောဂါကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။
အဆုတ်ကို သန့်ရှင်းဖို ဂျင်းရေနွေးကြမ်း
မီးဖိုပေါ်မှာ ရေနွေးကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပြီးရင် ဂျင်းကို ပါးပါးလှီးထားပါ။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ကို ရေနွေး ၁ ခွက်ခွဲစာလောက်ထဲ ခပ်လိုက်ပါ။ ဂျင်းဖတ်တွေ ဖယ်လိုက်ပြီး သံပုရာသီးလေး အနည်းငယ်ညှစ်ပြီး သောက်လိုက်ပါ။ ဟင်းချက်တိုင်းလည်း ဂျင်းကိုထည့်ပြီး ချက်ပြုတ်ပေးပါ။ ဒီလို နည်းလမ်းတွေက ကိုယ်ခံအားကို တက်စေပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
မှတ်ချက်: သွေးတိုးရှိသူတွေ၊ နှလုံးရောဂါ ရှိသူတွေကတော့ ဂျင်းကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။
✅ အဆုတ်ရောင် ရောဂါ တိုင်းရင်းဆေးနည်း
အဆုတ်ရောင် ရောဂါဖြစ်လျှင် -
၁ - သံပုရာရည် မကြာမကြာ သောက်ပေးပါ။
၂ - သံပုရာသီး ပေါင်းလည်း စားသုံးပေးပါ။
၃ - ချင်းရည်၊ ချင်းသုတ်၊ ချင်းပေါင်း စားသုံးပေးပါ။
၄ - နနွင်းပွင့်၊ နနွင်းမှုန့်၊ နနွင်းရွက်၊ နနွင်းတက် စားသုံးပါ။
၅ - ငရုတ်ကောင်းမှုန့်၊ ငရုတ်ကောင်းသီး စားသုံးပါ။
၆ - မွန်းလွဲချိန်မှာ ရေမချိုးပါနဲ့။ နံနက်ချိန်မှာ ရေချိုးပါ - ရေမချိုးမီ ခြေ ၂ ဘက်လုံးကို ရေအရင်လောင်းပေးပါ။ ပြီးမှ ရေချိုးပါ (ဒါဟာ အလွန်အရေးကြီးတယ်)။
၇ - ရှောက်ရွက်ကို မီးနဲ့ကင်ပြီး လက်ဖက်ရည်အဖြစ် သုံးပါ။
၈ - ရေနွေးကြမ်း သောက်ပါ။ ဟင်းရည်ပူပူကိုသာ သောက်ပါ။
၉ - ကြက်သွန်ဖြူကို ထမင်းနဲ့ အတူတူ စားပေးပါ။
၁၀ - အိပ်ရေးအပျက်မခံဘဲ အိပ်ချိန်မှန်မှန် အိပ်ပေးပါ။
၁၁ - တစ်နေ့ကို ၁ နာရီတိတိ လမ်းလျှောက်ပေးပါ။
👆 ဒီ ၁၁ ချက်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး နေထိုင်ပါက အဆုတ်နာ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်ရောဂါ ဖြစ်ပွားစေသော အရာအားလုံးကို ကာကွယ်ပေးနိုင်ပါတယ်။
✅ တိုင်းရင်းဆေးနည်း ဆရာကြီး ဦးရန်အောင်
၁၃ - အဆုတ်အားကောင်းချင်ရင် လမ်းမှန်မှန် လျှောက်ပါ။
၁၄ - လေသန့်ရတဲ့နေရာမှာ လေဝဝရှူပါ - လေကို နှာခေါင်းက အဆုတ်ထဲ လေပြည့်အောင် ရှူသွင်းပြီး ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ အောင့်ထားပါ။ ပါးစပ်ကနေ ဗိုက်ရှပ်သွားတဲ့အထိ ပြန်မှုတ်ထုတ်ပါ။
၁၅ - ရေမှန်မှန်သောက်ပြီး ဆီးနဲ့ ချွေး မျှမျှတတထွက်ရင် အဆုတ်အားကောင်းလာမှာပါ။
၁၆ - အချဉ်နဲ့ အခါးကို မှန်မှန်စားပေးပါ - အကြော်၊ အဖန်၊ အစပ်၊ အဆိမ့် အလွန်အကျွံ စားမယ်ဆိုရင် အဆုတ်ကို တာဝန်ကြီးစေပါတယ်၊ ရှောင်ပါ။

မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာပြီး အနာရောဂါမှ ကင်းဝေးကြပါစေခင်ဗျာ။ 🙏🏻🙏🏻🙏🏻

#ကျန်းမာရေးဗဟုသုတ #

သူဌေးက "မနက်ဖြန် အလုပ်မဆင်းနဲ့တော့" လို့ ပြောလိုက်ရင်... ဝမ်းနည်းမနေပါနဲ့၊ ပျော်လိုက်ပါ။ ခင်ဗျားကို ပိုက်ဆံ သိန်းချီ ပေး...
19/02/2026

သူဌေးက "မနက်ဖြန် အလုပ်မဆင်းနဲ့တော့" လို့ ပြောလိုက်ရင်... ဝမ်းနည်းမနေပါနဲ့၊ ပျော်လိုက်ပါ။ ခင်ဗျားကို ပိုက်ဆံ သိန်းချီ ပေးရတော့မယ်။ 💰 (ထိုင်းဥပဒေက ပေးတဲ့ လျော်ကြေး ၆ မျိုး)

​အလုပ်ဖြုတ်ခံရတိုင်း ခေါင်းငုံ့ပြီး အထုတ်ဆွဲ ပြန်လာတာ ခင်ဗျားပဲလား?
ဒါဆိုရင်တော့ ခင်ဗျား သူဌေးကို ပိုက်ဆံတွေ အလကား ပေးခဲ့မိပြီ။
​ထိုင်းအလုပ်သမား ဥပဒေ (ပုဒ်မ ၁၁၈) မှာ အလုပ်ရှင်က အကြောင်းမဲ့ အလုပ်ဖြုတ်ရင် လုပ်သက်အလိုက် လျော်ကြေး (Compensation) မဖြစ်မနေ ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
​ဘယ်လောက်ရနိုင်လဲ တွက်ကြည့်ရအောင် 👇
​✅ လုပ်သက် ၁၂၀ ရက်ပြည့်ပြီး ၁ နှစ်မပြည့်သေးရင် = လစာ ၁ လစာ (၃၀ ရက်စာ)
✅ ၁ နှစ်ကနေ ၃ နှစ်အထိ လုပ်ထားရင် = လစာ ၃ လစာ (၉၀ ရက်စာ)
✅ ၃ နှစ်ကနေ ၆ နှစ်အထိ လုပ်ထားရင် = လစာ ၆ လစာ (၁၈၀ ရက်စာ)
✅ ၆ နှစ်ကနေ ၁၀ နှစ်အထိဆိုရင် = လစာ ၈ လစာ (၂၄၀ ရက်စာ)
✅ ၁၀ နှစ်နဲ့အထက် ဆိုရင် = လစာ ၁၀ လစာ (၃၀၀ ရက်စာ)
​⚠️ အထူးသတိထားရမည့် "ထောင်ချောက်" ⚠️
သူဌေးက "မင်းထွက်စာ (Resignation Letter) မှာ လက်မှတ်ထိုးလိုက်၊ ဒါမှ စာရွက်စာတမ်းလုပ်ပေးမယ်" လို့ ပြောရင် လုံးဝ (လုံးဝ) မထိုးပါနဲ့။
ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ် ထွက်ပါတယ်လို့ လက်မှတ်ထိုးလိုက်တာနဲ့ အပေါ်က လျော်ကြေးတွေ တစ်ပြားမှ မရတော့ပါဘူး။ (ဒါကို လူတွေ အများဆုံး မှားကြပါတယ်)
​ကိုယ့်အခွင့်အရေး ကိုယ်မဆုံးရှုံးဖို့၊ ဥပဒေအကြောင်း အသေးစိတ်သိဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ Smart Labour App ကိုဆောင်ထားပါ။ ပြဿနာတက်မှ ဒေါင်းလုဒ်မဆွဲပါနဲ့၊ အခုကတည်းက ရှိထားမှ စိတ်ချရမှာပါ။

​👇 အလုပ်သမားဝန်ကြီးဌာန Official App ကို ဒီမှာ ဒေါင်းပါ:
📲 Android: https://clk.bz/hkPFm
🍏 iOS: https://clk.bz/hkPFm

​(မိတ်ဆွေတို့ရော... အလုပ်ဖြုတ်ခံရတုန်းက လျော်ကြေးရခဲ့လား၊ လက်မှတ်ထိုးပြီး အလိမ်ခံလိုက်ရလား? Comment မှာ ရင်ဖွင့်ခဲ့ပါ၊ တခြားသူတွေ သင်ခန်းစာရတာပေါ့)

Post By Jame Smith
ထိုင်းစာထိုင်းစကား​လေ့လာကြမယ်
​ #

အီမေးပတ်ဝှတ်ပြောင်နည်း။  #
17/02/2026

အီမေးပတ်ဝှတ်ပြောင်နည်း။
#

လိုအပ်ရင်saveထားပါ #  #
15/02/2026

လိုအပ်ရင်saveထားပါ #
#

ကျန်းမာရေးအတွက် အသည်းကိုဆေးပေးခြင်းလူ့ကိုယ်ခန္ဓာမှာ အသည်း ကျန်းမာရေးဟာ အရေးကြီးဆုံးပါ။ဒါကြောင့် တပတ်တကြိမ်အဆိပ်အပုပ်ထုတ်...
09/02/2026

ကျန်းမာရေးအတွက် အသည်းကိုဆေးပေးခြင်း
လူ့ကိုယ်ခန္ဓာမှာ အသည်း ကျန်းမာရေးဟာ အရေးကြီးဆုံးပါ။
ဒါကြောင့် တပတ်တကြိမ်အဆိပ်အပုပ်ထုတ်တဲ့ အစီအစဉ်အရ အခုအပတ်မှာအလှည့်ကျတာကတော့ အသည်းကိုဘယ်လို ဆေးမလဲ ဆိုတာ မျှဝေပေးမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ အသည်းဟာအရေးကြီးတဲ့ အင်္ဂါတခုဖြစ်သလို အလုပ်အများဆုံးသော ကလီစာလည်း ဖြစ်ပါတယ်။ စားသမျှအစာတွေက အဆိပ်တွေကို ဖြေပေးရပါတယ်။ နေ့စဉ်စားနေတဲ့အစာတွေထဲမှာ အဆိပ်တွေက အများကြီးပဲ။ ဒါကြောင့်အသည်းကောင်းဖို့ သိပ်အရေးကြီးပါတယ်။

အသည်းကိုဆေးဖို့ အကောင်းဆုံးကတော့ မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။ မန်ကျည်းသီးဟာ အသည်းအတွက် သဘာဝက ပေးထားတဲ့ဆေးလည်း ဖြစ်ပါတယ်။ အသည်းကိုနုပျိုစေပါတယ်။ အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

မန်ကျည်းမှည့်လက်တဆုပ်၊ ထန်းလျှက်သင့်ရုံ၊ ဆားအနည်းငယ်ကို မတ်ခွက်ထဲမှာထည့်ပြီး ရေနွေးဆူကိုလောင်းထည့်ပါ။ မနက်ထဲကနှပ်ထားရင် ညနေဆိုသောက်လို့ရပါပြီ။ ဆန်ကာနဲ့စစ်လိုက်ရင် အရသာရှိတဲ့ မန်ကျည်းဖျော်ရည်ကို ရပါပြီ။ သံပရာသီးကြိုက်ရင်ညှစ်ထည့်၊ အေးအေးလေးသောက်ချင်ရင် ရေခဲထည့်သောက်ပါ။

အသည်းကအဆိပ်အပုပ်တွေသာမက ဝမ်းဗိုက်ထဲက အပူအပုပ်တွေအားလုံးလည်း ထွက်သွားပြီး လူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ အဆိပ်အပုပ်အပူအစပ်တွေ ကင်းရှင်းပြီး သွေးသားသန့်စင်၍ ကျန်းမာဝဖြိုး အလှတိုးစေပါတယ်။ 💚
#

dtac စမတ်နည်းများလိုအရင် saveထားလိုက်။  #
29/01/2026

dtac စမတ်နည်းများလိုအရင် saveထားလိုက်။
#

သရက်ပင်ကို အစေ့ကနေစိုက်ရင် အသီးစားရဖို့ နှစ်အကြာကြီး စောင့်ရတတ်ပါတယ်။ ဒါပေမဲ့ အပင်ရဲ့ ထိပ်ဖျားကိုင်း (Shoots) ကို အသုံးပ...
26/01/2026

သရက်ပင်ကို အစေ့ကနေစိုက်ရင် အသီးစားရဖို့ နှစ်အကြာကြီး စောင့်ရတတ်ပါတယ်။ ဒါပေမဲ့ အပင်ရဲ့ ထိပ်ဖျားကိုင်း (Shoots) ကို အသုံးပြုပြီး အမြစ်ဖောက်စိုက်မယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာတင် အပင်ဖြစ်ထွန်းပြီး အသီးစားရမှာဖြစ်ပါတယ်။

နေရာကျဉ်းကျဉ်းမှာ စိုက်ချင်သူတွေအတွက် အထူးသင့်တော်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်!

🛠 လိုအပ်တဲ့ ပစ္စည်းများ
• သရက်ကိုင်း (မျိုးကောင်းပြီး သန်စွမ်းတဲ့ အပင်ရဲ့ ထိပ်ဖျားကိုင်း)
• ရေသန့်ဗူး (ရေဖြည့်ထားပါ)
• အားဖြည့်အချိုရည် (M-150 ကဲ့သို့ - အမြစ်ထွက်မြန်စေရန်)
• တစ်ရှူး (သို့မဟုတ်) ဂွမ်း (အစိုဓာတ်ထိန်းရန်)
• စိုက်ပျိုးရေးသုံး ပလတ်စတစ် (ပတ်ရန်)

👨‍🍳 ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကိုင်းရွေးချယ်ခြင်း
မိမိစိုက်ချင်တဲ့ သရက်မျိုးကောင်းပင်ကနေ သန်စွမ်းပြီး အဖျားပိုင်းနားက ကိုင်းတစ်ကိုင်းကို ရွေးချယ်ဖြတ်ယူပါ။

၂။ အောက်ခြေပိုင်းကို ပြင်ဆင်ခြင်း
ဖြတ်ယူထားတဲ့ ကိုင်းရဲ့ အောက်ခြေ (အရင်းပိုင်း) ကို အခွံအနည်းငယ် ခွာထုတ်လိုက်ပါ။ ပြီးရင် ရေဆွတ်ထားတဲ့ တစ်ရှူး (သို့မဟုတ်) အုန်းမှုံ့လေးတွေနဲ့ အရင်းပိုင်းကို ပတ်ပြီး အစိုဓာတ်ထိန်းပေးပါ။

၃။ အမြစ်ဖောက်ခြင်း
ရေသန့်ဗူးထဲမှာ ရေထည့်ပြီး အားဖြည့်အချိုရည် တစ်ဖုံးခန့် ရောစပ်လိုက်ပါ။ (ဒါက အမြစ်ထွက်နှုန်းကို မြန်ဆန်စေတဲ့ လျှို့ဝှက်ချက်ပါပဲ)။ ပြီးနောက် ပြင်ဆင်ထားတဲ့ သရက်ကိုင်းကို ဗူးထဲထည့်ပြီး အမြစ်ထွက်လာတဲ့အထိ စောင့်ပါ။

၄။ မြေချစိုက်ပျိုးခြင်း
အမြစ်တွေ အားရပါးရ ထွက်လာပြီဆိုရင်တော့ မြေဆွေးကောင်းကောင်းထည့်ထားတဲ့ အိုးထဲကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။

၅။ ပြုစုစောင့်ရှောက်ခြင်း
နေရောင်ခြည် ခပ်ဖျော့ဖျော့ရတဲ့နေရာမှာ ထားပေးပြီး ရေကို ပုံမှန်လောင်းပေးပါ။ အပင်လေး အားကောင်းလာပြီဆိုရင်တော့ မိမိနှစ်သက်တဲ့နေရာမှာ ချစိုက်နိုင်ပါပြီ။

✨ ဒီနည်းလမ်းရဲ့ အားသာချက်များ
✅ အချိန်မကုန်ခြင်း- အစေ့ကစိုက်တာထက် အများကြီး ပိုမြန်ပါတယ်။
✅ မျိုးသန့်ရရှိခြင်း- မိမိဖြတ်ယူတဲ့ အပင်အတိုင်း အရသာတူတဲ့ အသီးကို ရရှိစေပါတယ်။
✅ နေရာမရွေးခြင်း- အိမ်ရှေ့ဝရန်တာ ဒါမှမဟုတ် ပန်းအိုးထဲမှာတင် အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။

အသီးစားရဖို့ နှစ်အကြာကြီး မစောင့်ချင်တဲ့ စိုက်ပျိုးရေးဝါသနာရှင် သူငယ်ချင်းတွေအတွက် ဒီ Post လေးကို Share ပေးလိုက်ပါဦးနော်!🥭
#

Dtac 3လစာသုံးလို့ရတယ်။  #
24/01/2026

Dtac 3လစာသုံးလို့ရတယ်။
#

ပင်စိမ်းရွက်နဲ့ ပျောက်ကင်းစေမဲ့ ရောဂါ အမျိုး(၄၀)ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင...
22/01/2026

ပင်စိမ်းရွက်နဲ့ ပျောက်ကင်းစေမဲ့ ရောဂါ အမျိုး(၄၀)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။🥰🥰

ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက် ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။

မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။

မြေသြဇာ အထူးမလိုအပ်လှ ပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။

နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့လိုအပ်လှပေသည်။

အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။

အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။

အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။

အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။

တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။

အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍

ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊

လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။

လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။

ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။

ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေ ပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဏ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

Credit -

ဒီစာသည် ကျန်းမာရေးဗဟုသုတအတွက် တစ်ခုတည်းကိုရည်ရွယ်ပြီး ပြန်လည်မျှဝေပါသည်
#

Dtac.စမတ်နည်းများလို့အပ်ရင်saveထားလိုက်ပါ..  #
22/01/2026

Dtac.စမတ်နည်းများလို့အပ်ရင်saveထားလိုက်ပါ..
#

လိုအပ်သူယူပါခ 🙏🙏🙏🙏🙏အားလုံးပဲမဂ်လာပါဗျဒီတခါတော့ အင်တာနက်ပက်ကေ့စမတ်နည်းမဟုတ်ပါဘူးနော် true dtac ais သုံးသူများတွက်  ဖုန်ဘေ...
16/01/2026

လိုအပ်သူယူပါခ 🙏🙏🙏🙏🙏အားလုံးပဲမဂ်လာပါဗျ
ဒီတခါတော့ အင်တာနက်ပက်ကေ့စမတ်နည်းမဟုတ်ပါဘူးနော် true dtac ais သုံးသူများတွက် ဖုန်ဘေစစ်နည်း ဖုန်းနံဘတ်စစ်နည်း စင်းကဒ် သက်တန်းစစ် သက်တန်းတိုး စတဲ သိထားရမဲ cod ကုပ်နံဘတ်တွေ လာပြပေးမှာ ဖြစ်ပါတယ်ဗျ အရင်ကလဲတင်ပေးဖူးပါတယ်
ဒါပေမဲ လူသစ်တွေလာအမေးများလို ပြန်လယ်တင်ပေးရခြင်ဖြစ်ပါတယ်ဗျ အားလုံးပဲ စာလေးကိုဆုံးအောင်ဖတ်ပါ သင်တိုအတွက်အသုံးဝင်ပါလိမ့်မယ်😊

Dtac ကနေအရင်စမယ်နော်
ဖုန်းဘေစစ်ရန် *101 #ကိုနိပ်ပါ
ဖုန်းနံဘတ်စစ်ရန် *102 # ကိုနိပ်ပါ
လက်ကျန်ပက်ကေ့စစ်ရန် *101*1 #ကိုနိပ်ပါ
လက်ရှိပက်ကေ့စစ်ရန် *103*8 #ကိုနိပ်ပါ
စင်းကပ်သက်တန်စစ်ရန်*101*9 #ကိုနိပ်ပါ
ဖုန်ဘေချေးရန် *110 #ကိုနိပ်ပါ
ဖုန်းဘေစားတဲစာအိပ်ဖျက်ရန်*137ကိုဖုန်းထိုးပါ
အင်တာနက်ဖွင်ရန် *104*71 #နိပ်ပါ
အင်တာနက်ပိတ်ရန် *104*72 #နိပ်ပါ
ပရိုမိုးရှင်းစစ်ရန် *103 #နိပ်ပါ
မြန်မာဘာသာပြောင်ရန် *107*7 #နိပ်ပါ



နောက်တခု စင်းကပ်သက်တန်းတိုးနည်း
ရက် 30 သက်တန်အတွက် *113*30 # 3ဘတ်
ရက် 90 သက်တန်းအတွက် *113*90 # 9ဘတ်
ရက် 180သက်တန်းတွက် *113*180 # 15ဘတ်

နောက်တခု ဖုန်ပြောသီးသန်စမတ်နည်း
ဖုန်ပြော ၁ ရက်စာဝယ်ရန်
*103*241 # ကိုနိပ်ပါ 13ဘတ် 1ရက်

ဖုန်းပြော ၇ ရက်စာဝယ်ရန်
*900*9906 # ကိုနိပ်ပါ 85ဘတ် 7ရက်

ဖုန်းပြော ၁ လစာဝယ်ရန်
*103*100 # ကိုနိပ်ပါ 199ဘတ် 1လ

Truemove အတွက်
ဖုန်းငွေလက်ကျန်စစ်ရန် *123 # ကိုနိပ်ပါ
ဖုန်းနံဘတ်စစ်ရန် *933 # ကိုနိပ်ပါ
ဖုန်ခေါ်ဆိုမူလက်ကျန်စစ်ရန် *510*10 # ကိုနိပ်ပါ
အင်တာနက်လက်ကျံစစ်ရန် *900 # ကိုနိပ်ပါ
လက်ရှိပက်ကေ့စစ်ရန် *935 # ကိုနိပ်ပါ
အင်တာနက်ဖွင်ရန် *902*01 # ကိုနိပ်ပါ
အင်တာနက်ပိတ်ရန် *902*02 # ကိုနိပ်ပါ
ဖုန်ဘေချေးရန် *827 # ကိုနိပ်ပါ
ဘေစားတဲစာအိပ်ဖျက်ရန် *137 သိုဖုန်းထိုးပါ
မြန်မာဘာသာပြောင်းရန် 9304 သိုဖုန်ခေါ်ပီး 4 ကိုနိပ်ပေးပါ
Autoသက်တန်းတိုးတဲပက်ကေ့ဖျက်ရန် *901*0 # နိပ်ပါ
လက်ရှိအင်တာနက်ပက်ကေ့ဖျက်ရန် *190 #နိပ်ပါ

နောက်တခုစင်းကပ်သက်တန်းတိုနည်း
ရက် 30 တွက် *398*30 # 2ဘတ်
ရက် 90 တွက် *398*90 # 6ဘတ်
ရက် 180 တွက် *398*180 # 12ဘတ်

ဖုန်းပြောသီးသန်စမတ်နည်း
ဖုန်ပြော ၁ရက်စာ
*900*9905 # 1ရက်စာ 13ဘတ်

ဖုန်းပြောသီးသန် ၇ရက်စာ85ဘတ်
ဝယ်ယူရန်*900*9906 #ကိုနိပ်ပါ

ဖုန်းပြောသီးသန် ၁လစာ199ဘတ်
ဝယ်ယူရန်*900*9908 #ကိုနိပ်ပါ//

Ais 12call တွက်
လက်ကျံငွေစစ်ရန် *121 #ကိုနိပ်ပါ
ဖုန်းနံဘတ်စစ်ရန် *454 #ကိုနိပ်ပါ
ပရိုမိုးရှင်းစစ်ရန် *777 #ကိုနိပ်ပါ
အင်တာနက်လက်ကျံစစ်ရန် 121*32 #ကိုနိပ်ပါ
Wifiကုပ်တောင်းရန် *388 #ကိုနိပ်ပါ
ဘေစားစာအိပ်ဖျက်ရန် *137 ခေါ်ပါ
အင်တာနက်ပိတ်ရန် *129*1 #နိပ်ပါ
အင်တာနက်ဖွ့ရန် *129*2 # နိပ်ပါ

စင်းကပ်သတ်တန်းတိုးရန် *500*9 # နိပ်ပါ
30ရက်တွက် 30ဘတ်ကုန်ပါမည်

ဖုန်းပြောစမတ်နည်းသီးသန်
၁ရက် ၂၀ဘတ်
*777*236 #ကိုနိပ်ပါ

အားလုံးပဲဆင်ပြေကြပါစေဗျာ #

တစ်ရက်အတွင်း ချောင်းဆိုးသက်သာစေမည့် ဆေးနည်းတုပ်ကွေးဖျားနာရောဂါ အင်မတန် ထူပြောနေချိန်မှာ ချောင်းဆိုးဝေဒနာ ခံစားနေရသူများအ...
16/01/2026

တစ်ရက်အတွင်း ချောင်းဆိုးသက်သာစေမည့် ဆေးနည်း
တုပ်ကွေးဖျားနာရောဂါ အင်မတန် ထူပြောနေချိန်မှာ ချောင်းဆိုးဝေဒနာ ခံစားနေရသူများအတွက်...
ထိုင်းရိုးရာ ဆေးဖက်ဝင် နည်းလမ်းကောင်းလေးတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အိမ်တိုင်းမှာ အလွယ်တကူရှိတတ်တဲ့ ပစ္စည်းလေးတွေနဲ့တင် ကုသနိုင်မှာဖြစ်ပါတယ် (စေတနာဖြင့်)။
• လက်တွေ့စမ်းသပ်ပြီးသူများ၏ အဆိုအရ ချောင်းဆိုးခြင်း၊ သလိပ်ကပ်ခြင်းနှင့် လည်ချောင်းအတွင်း အကျိအချွဲများ ကပ်ငြိနေခြင်းတို့ကို သိသိသာသာ ပျောက်ကင်းသက်သာစေပါသည်။
ပါဝင်ပစ္စည်းများ
• ကွမ်းရွက် (၁) ရွက်
• ကြက်သွန်နီ (၁) ဥ
• သံပုရာသီး (၁) စိတ်
• ဆား အနည်းငယ်
ပြုလုပ်သုံးစွဲပုံ
အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို အတူတကွ လှီးဖြတ်ပြီး ကွမ်းရွက်ဖြင့် ထုပ်ကာ တစ်နေ့လျှင် (၃) ကြိမ် စားသုံးပေးပါ။
မှတ်ချက် - အကယ်၍ ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူရခက်ခဲခြင်း (သို့မဟုတ်) အဖျားတက်ခြင်းများ ရှိပါက နီးစပ်ရာ ဆေးခန်းသို့ အမြန်ဆုံးပြသရန် အကြံပြုလိုပါတယ်။

#

ที่อยู่

Bang Na

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tv Tvkokoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์