MI Non Di Chan Non di chan

ปิดถาวร
သင့်ရဲ့ ဇနီးသည်ဆိုတာကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာသော မိန်းမတွေထဲက သင့်အတွက် အထိုက်တန်ဆုံးသောသူကိုသင့်ဘဝရဲ့ ပါရမီဖ...
26/06/2024

သင့်ရဲ့ ဇနီးသည်ဆိုတာ
ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်း
များစွာသော မိန်းမတွေထဲက
သင့်အတွက် အထိုက်တန်ဆုံးသောသူကို
သင့်ဘဝရဲ့ ပါရမီဖြည့်ဖက်အဖြစ်
ဘုရားသခင်က သင့်ကို လက်ဆောင်
ပေးထားတာပါ။ ။

သူမ ကိုတန်ဖိုးထားပေးပါ။
သူမဟာ သင့်ရဲ့ မိခင်လိုတမျိုး
သင့်ရဲ့ ဇနီးသည်လို တစ်ဖုံ
သင်လိုအပ်နေတဲ့ အချိန်တိုင်းမှာ
သင့်ရဲ့ နားဘေးမှာ အမြဲရှိနေပေးတဲ့
သင့်ဘ၀ရဲ့ ထာ၀ရ အဖော်မွန်ပါ။ ။

သင်နာကျင်ကြေကွဲနေတဲ့အချိန်၊
အခက်အခဲတွေနဲ့ ပူပင်သောက
ရောက်နေတဲ့ ချိန်မှာတောင် သူမဟာ
သင်နဲ့ အတူတူ အမြဲတမ်း ပူဆွေး
သောကရောက်နေရတဲ့ သူပါ။

သူမဟာ မိန်းမသားပီပီ
ထိလွယ်၊ရှလွယ်ပြီး မျက်ရည်လည်း
ကျလွယ်တဲ့ နူးညံ့ သိမ်မွေ့သော နှလုံးသား
တစ်စုံ ပိုင်ဆိုင်ထားသူပါ။ ။

သူမဟာ သင့်ရဲ့ ပြိုင်ဖက်
တစ်ယောက်မဟုတ်ပါဘူး။
သူမကို မယှဉ်ပြိုင်ပါနဲ့။ ။

သူမဟာ သင့်ရဲ့ ရန်သူတစ်ယောက်
မဟုတ်ပါဘူး။အားချင်းမမျှတတဲ့
သူမကို မထိုးကျိတ်ပါနဲ့။
သူမကို မနှိပ်စက်ပါနဲ့။

သူမဟာ သင့်ရဲ့ ဖြစ်တည်မှုတိုင်းကို
နားလည်လက်ခံပြီး သင့်ဘ၀ရဲ့
နောက်ဆုံးထွက်သက်ချိန်ထိ
သင့်ရဲ့ဘေးမှာ အမြဲရှိနေပေးမယ့်သူပါ။

သူမကို ပြုစုပေးပါ။
ယုယပေးပါ။မြတ်နိုးပေးပါ။

သူမရဲ့ မိဘတွေနဲ့
သူမရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို
စွန့်လွှတ်ပြီး သွေးမတော်
သားမစပ်တဲ့ သူစိမ်းယောကျာင်္း
ဖြစ်တဲ့ သင့်နောက်ကို လိုက်လာ
ခဲ့တဲ့သူပါ။

သင့်ရဲ့အချစ်တွေ အားလုံးကို
စုပုံကာ အတိုးချပြီး ချစ်ပေးလိုက်ပါ။
သူမဟာ သင့်ရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့
ထိုက်တန်တဲ့သူပါ..။ ။

သူမဟာ..
ဘုရားသခင် သင့်ကို ပေးထားတဲ့
ကောင်းချီးတွေ အများကြီးထဲက
တန်ဖိုးဖြတ်လို့မရတဲ့ ဆုလဒ် တစ်ခုပါ။ ။

#မြင်တာနဲ့စိတ်ထဲဖြစ်ပေါ်လာတဲ့
စိတ်ခံစားချက်လေးကိုမျှဝေပေးတာပါ။

01/02/2023

👶

ที่อยู่

Bangkok

เว็บไซต์

https://www.facebook.com/profile.php?id=1000815

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MI Non Di Chanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท