31/05/2026
🌸မင်္ဂလာပါ🌸
🌷တစ်ခါတစ်လေမှာ ဓာတ်ပုံရိုက်တဲ့သူက ဘယ်လောက်တော်တော် ခန္ဓာကိုယ်အနေအထားမမှန်ဖူး ၊ မှန်အောင် မလုပ်တတ်ရင်လည်း ပုံရိုက်ပြီးတဲ့အခါ ကြည့်လို့မလှစေပါဖူး။
🌷ဓာတ်ပုံရိုက်တဲ့အခါမှာ မေဇင်လိုမျိုး ဘယ်လိုအနေအထားက ကိုယ့်ကိုကြည့်လို့မလှစေဖူး ၊ ဘယ်လိုအနေအထားကတော့ ကိုယ့်ကိုယုံကြည်မှုရှိစေတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ကြလားတော့မသိဖူး။
🌷မေဇင်အတွက် ဓာတ်ပုံရိုက်တဲ့အခါ ညာဘက်ကို အသားပေးပြီး ပို့စ်ထုတ်ခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိစေတယ်။ပိုလှတယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။
🌷ဘယ်ဘက်ကို အသားပေးပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ ကျွန်မအတွက်တော့ ကျွန်မရဲ့ယုံကြည်မှုကို လျော့စေပြီး လူကိုလည်း ကြည့်လို့မလှစေဖူးဆိုတဲ့ ခံစားချက်မျိုးကို ရစေခဲ့ပါတယ်။
🌷တချို့ဆိုရင် ဘယ်ဘက်ပဲနေနေ ကြည့်လို့ကောင်းနေတဲ့သူတွေလည်း ရှိနေကြပြန်တယ်။
🌷 ထမိန်ဝတ်တဲ့အခါမှာလည်း ကျွန်မက ဘယ်ဖုံးဖြစ်တဲ့အတွက် ခြေထောက်ကိုထုတ်တဲ့အခါမှာ ညာဘက်ထုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ကျွန်မရဲ့ပုံစံကို သပ်သပ်ရပ်ရပ်ရှိစေပါတယ်။
🌷ထမိန်စကပ်ပဲဖြစ်ဖြစ် ရိုးရိုးပဲဖြစ်ဖြစ် ကိုယ်က ဘယ်ဖုံး ညာဖုံးလားဆိုတာ သိသင့်ပါတယ်။အာ့လိုသိတဲ့အခါ ဓာတ်ပုံရိုက်တဲ့အချိန်ကျရင် ခြေထောက်ထုတ်တဲ့အခါ ဘယ်ဖုံးဆိုရင် ညာဘက်ခြေထောက်ထုတ်တာက ခန္ဓာကိုယ်ကို ကြည့်လို့လှစေပါတယ်။ဘယ်ဖုံးကိုမှ ခြေထောက်ကို ဘယ်ဘက်က ထုတ်လိုက်မယ်ဆိုရင် ထမိန်ကို လှန်သလိုပုံစံသွားပြီး ဖြစ်စေတယ်။
🌷ဝတဲ့သူပဲဖြစ်ဖြစ် အရပ်ပုတဲ့သူပဲဖြစ်ဖြစ် ခန္ဓာကိုယ်တည့်တည့်ပုံစံနဲ့ဓာတ်ပုံရိုက်တာက လူကို အရပ်ပိုပုစေသလို ခန္ဓာကိုယ်ကိုလည်း ပိုပြီး ဝသယောင်ဖြစ်စေပါတယ်။ဘေးလေး ၄၅ ဒီဂရီလောက်စောင်းတဲ့ ခန္ဓာကိုယ်အနေအထားနဲ့နေမယ်ဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ကိုပိုပြီးကြည့်ကောင်းသွားစေပါတယ်။
🌷ဓာတ်ပုံရိုက်တဲ့အခါ ဒီလိုအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ လှပတဲ့ပုံလေးတွေထွက်ရှိလာမှာ အမှန်ပါပဲရှင့်။