𝙿𝙾𝙿 - 𝙼𝙴𝙼𝙾𝚁𝙸𝙴𝚂

𝙿𝙾𝙿 - 𝙼𝙴𝙼𝙾𝚁𝙸𝙴𝚂 💛 "POP'' also stands for ''Pa Oh Pay" 💛

01/07/2026

သီထနယ်နဝ် ဝင်အီအံသီသွူတသီဆွူ 🥺
#ခွန်သန်းထက်
#ပအိုဝ်

ဟိုပုံးမြို့ဂုဏ်ဆောင် တေးသံရှင် ခွန်သန်းထက်၏ ဂုဏ်သိက္ခာကို ပအိုဝ်းတိုင်းရင်းသားများ အားလုံး အတူတကွ ကာကွယ်ကြပါစို့မိမိတို...
01/07/2026

ဟိုပုံးမြို့ဂုဏ်ဆောင် တေးသံရှင် ခွန်သန်းထက်၏ ဂုဏ်သိက္ခာကို ပအိုဝ်းတိုင်းရင်းသားများ အားလုံး အတူတကွ ကာကွယ်ကြပါစို့

မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ၏ ဇာတိမြေဖြစ်သော ဟိုပုံးမြို့၏ဂုဏ်ကို အနုပညာဖြင့် မြှင့်တင်ပေးနေသည့် ချစ်ရသော မောင်ခွန်သန်းထက်သည် လတ်တလောတွင် မမျှော်လင့်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဆေးကုသမှု ခံယူနေရပါသည်။ထိုသို့ ခက်ခဲနေချိန်တွင် အွန်လိုင်းပေါ်၌ ၎င်း၏ ဂုဏ်သိက္ခာကို တမင်တကာ ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသော အခြေအမြစ်မရှိသည့် သတင်းအမှားများနှင့် ကောလာဟလများ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။သတင်းအမှန်ကိုသာ ယုံကြည်ပါ - ခွန်သန်းထက်သည် ထိုင်းနိုင်ငံတွင် ဓားပြတိုက် ဓားခုတ်ခံရခြင်းသာ ဖြစ်ပြီး လတ်တလောတွင် ဆေးရုံ၌ ဒဏ်ရာများ ပြန်လည်သက်သာရန် ကုသမှု ခံယူနေရဆဲ ဖြစ်ပါသည်။သတင်းတုများကို ဆန့်ကျင်ပါ - မိဘပြည်သူများနှင့် ပအိုဝ်းသွေးချင်းများအနေဖြင့် စော်ကားပုတ်ခတ်ထားသော သတင်းအမှားများကို လုံးဝ မယုံကြည်ကြရန်နှင့် ထပ်ဆင့် မျှဝေခြင်း (Share) မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။မိမိတို့ မြို့ဂုဏ်ဆောင်၊ တိုင်းရင်းသားဂုဏ်ဆောင် အနုပညာရှင်တစ်ဦး အခက်အခဲများကို ကျော်ဖြတ်ပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ပအိုဝ်းသွေးချင်းများအားလုံးမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#ခွန်သန်ထက်

လူကုန်ကူးအန္တရာယ် ကြုံခဲ့သည့် ပအိုးဝ်တိုင်းရင်းသူများကို ရွာသူကြီးကိုယ်တိုင် မူဆယ်သို့ သွားကယ်မဲခေါင်၊ ဇွန် ၅ရှမ်းပြည်တေ...
06/06/2026

လူကုန်ကူးအန္တရာယ် ကြုံခဲ့သည့် ပအိုးဝ်တိုင်းရင်းသူများကို ရွာသူကြီးကိုယ်တိုင် မူဆယ်သို့ သွားကယ်

မဲခေါင်၊ ဇွန် ၅

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာ(ဒုံကောင်လွို)မှ ပအိုဝ်းတိုင်းရင်းသူ ၁၄ ဦးသည် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ မူဆယ်ဒေသသို့ ခေါ်ဆောင်ခံခဲ့ရပြီး လူကုန်ကူးရောင်းစားခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရရာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် သွားရောက် ကူညီကယ်တင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယင်းအမျိုးသမီးများကို အလုပ်ရရှိမည်ဟု လိမ်လည်ပြောဆိုကာ မူဆယ်ဒေသသို့ ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ရောင်းစားရန် စီစဉ်နေကြောင်း သိရှိရသဖြင့် အမျိုးသမီးများက ကျေးရွာသို့ အကူအညီတောင်းခံခဲ့ကြသည်။

အကူအညီတောင်းခံမှု ရရှိပြီးနောက် တောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့် တာဝန်ရှိသူများသည် မူဆယ်ဒေသသို့ ကိုယ်တိုင်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကလေးမတွေက အလုပ်ရမယ်ဆိုပြီး လိုက်သွားကြတာ။ မူဆယ်မြို့က ဂိုထောင်တစ်ခုမှာ ၂ လနီးပါး ပိတ်လှောင်ခံခဲ့ရတယ်။ နောက်ပိုင်း ၁၀ ဦးက ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပေမယ့် ၄ ဦးကတော့ အခုချိန်ထိ ပိတ်လှောင်ခံထားရဆဲဖြစ်တယ်။ ထွက်ပြေး လွတ်မြောက်လာတဲ့ ၁၀ ဦးက ပွဲစားတွေ ရောင်းစားဖို့ စီစဉ်နေတာကို သိလာလို့ ရွာကို အကူအညီ တောင်းလာကြတာပါ။ ဒါကြောင့် ရွာသူကြီးနဲ့ အဖွဲ့က ကိုယ်တိုင်သွားပြီး ပြန်ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အမျိုးသမီး ၁၄ ဦးအနက် ၁၀ ဦးကို ယမန်နေ့ ဇွန် ၄ ရက်၌ ဘေးကင်းလုံခြုံစွာ မိသားစုများထံ ပြန်လည် ပို့ဆောင်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၄ ဦးနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

“ပိတ်လှောင်ခံထားရတဲ့ ဂိုထောင်ထဲမှာ အမျိုးသမီး ၅၀ လောက် ရှိတယ်လို့ ပြောတယ်။ ဒီ ၁၀ ဦး ထွက်ပြေးနိုင်သွားတဲ့နောက် ကျန်တဲ့သူတွေရဲ့ နေရာကိုလည်း ပွဲစားတွေက ပြောင်းရွှေ့ထားတယ်လို့ သိရတယ်။ ဖုန်းတွေ၊ မှတ်ပုံတင်တွေကိုလည်း သိမ်းထားကြတယ်။ အခုချိန်မှာတော့ ကျန်ရှိနေတဲ့ ပင်လောင်းဒေသခံ ၄ ဦးအတွက် အတော်လေး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးငယ်များသည် TikTok ပေါ်တွင် တွေ့ရှိသည့် အလုပ်ခေါ်စာများကို ယုံကြည်ကာ လစာကောင်းကောင်း ရရှိမည်ဟု ထင်မြင်ပြီး လိုက်ပါသွားခဲ့ရာမှ ယခုကဲ့သို့ လိမ်လည်လှည့်ဖြားခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“အွန်လိုင်းပေါ်က အလုပ်ခေါ်စာတွေ တွေ့ရင် သေချာစိစစ်ပြီးမှ သွားသင့်ပါတယ်။ မဟုတ်ရင် အခုလို ဖြစ်စဉ်မျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ အလွယ်တကူ အယုံမလွယ်ဖို့လည်း အရေးကြီးပါတယ်” ဟု ဒေသခံတစ်ဦးက သတိပေး ပြောကြားသည်။

ကျန်ရှိနေသည့် အမျိုးသမီး ၄ ဦးကို အမြန်ဆုံး ကယ်ဆယ်ပေးနိုင်ရေးနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။


#လူကုန်ကူးအန္တရာယ်
#ပအိုးဝ်တိုင်းရင်းသူ
#ရွာသူကြီး
#မူဆယ်

//ပအိုဝ်းရိုးရာဝတ်စုံနဲ့ လှနေတဲ့မိုးဟေကို🇬🇲 #ကရီးခရီး
11/02/2026

//ပအိုဝ်းရိုးရာဝတ်စုံနဲ့ လှနေတဲ့မိုးဟေကို🇬🇲
#ကရီးခရီး

ဘယ်သူမှ မယှဥ်နိုင်တဲ့ ''ပအိုဝ်း'' မလေးရဲ့ ချစ်ဖို့ကောင်းတဲ့အပြုံးလေး 😍
11/02/2026

ဘယ်သူမှ မယှဥ်နိုင်တဲ့ ''ပအိုဝ်း'' မလေးရဲ့ ချစ်ဖို့ကောင်းတဲ့အပြုံးလေး 😍

သမ်းဖုဲင်ꩻရက်ခရာꩻ နီမွိုးပနံ 😍
06/02/2026

သမ်းဖုဲင်ꩻရက်ခရာꩻ နီမွိုးပနံ 😍

05/02/2026

//လူသိနည်းတဲ့ ပအိုဝ်းရိုးရာဓားသိုင်းအက
#ပအိုဝ်းဓားသိုင်းအက
_crdvd

ဖုဲင်ꩻရက်နင်ꩻဗွာꩻလွား 🥰
05/02/2026

ဖုဲင်ꩻရက်နင်ꩻဗွာꩻလွား 🥰

15/01/2026

လင်နောက်လိုက်ခြင်း၏အတွေ့အကြုံကို Sharing လုပ်ခြင်း 😅

𝙿𝙾𝙿 - 𝙼𝙴𝙼𝙾𝚁𝙸𝙴𝚂

//ပအိုဝ်းရှင်ပြုပွဲလို့ပြောလိုက်ရင် “တီးရီးရီးရော့”သီချင်းဟာ မပါမဖြစ်ပါဘဲ🇬🇲🤭 #ပအိုဝ်းရှင်ပြုပွဲ
02/01/2026

//ပအိုဝ်းရှင်ပြုပွဲလို့ပြောလိုက်ရင် “တီးရီးရီးရော့”သီချင်းဟာ မပါမဖြစ်ပါဘဲ🇬🇲🤭
#ပအိုဝ်းရှင်ပြုပွဲ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝙿𝙾𝙿 - 𝙼𝙴𝙼𝙾𝚁𝙸𝙴𝚂ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์