30/04/2026
ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ်။
ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။
မေနဲ့ဩဂုတ်မှာ
အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။
ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ
မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။
#သန်းတင့်