Kapin village lover &ကပင်ရွာ ချစ်သူများ

Kapin village lover &ကပင်ရွာ ချစ်သူများ ရွာကိုချစ်မြတ်နိုးလွမ်သောကြောင့်

14/01/2026

I got over 2,250 reactions on my posts last week! Thanks everyone for your support! 🎉

"ရပ်နီးရပ်ဝေးမှ ကျောင်းသား၊ ကျောင်းသူများ၏ စေတနာ၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြသော အလှူငွေများထဲမှ တစ်စ...
04/01/2026

"ရပ်နီးရပ်ဝေးမှ ကျောင်းသား၊ ကျောင်းသူများ၏ စေတနာ၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးခဲ့ကြသော အလှူငွေများထဲမှ တစ်စိတ်တစ်ဒေသအား ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများထံသို့ ပူဇော်ငွေအဖြစ် စုပေါင်းကန်တော့ခဲ့ကြပါသည်။"
​ဤပူဇော်ကန်တော့ခြင်းသည် ရုပ်ဝတ္ထုပစ္စည်း ပေးအပ်ခြင်းထက် ဆရာတို့၏ ကျေးဇူးတရားကို သိတတ်သော တပည့်တို့၏ ဂါရဝတရားကို ဖော်ကျူးခြင်းပင် ဖြစ်ပါသည်။ လာရောက်မကန်တော့နိုင်သော်လည်း အဝေးမှနေ၍ စိတ်ရောကိုယ်ပါ ငွေအားဖြင့် လှူဒါန်းပေးကြသည့် သူငယ်ချင်းများ၏ ကိုယ်စား တက်ရောက်လာကြသော သူငယ်ချင်းများက ဆရာ၊ ဆရာမ တစ်ဦးချင်းစီထံသို့ စနစ်တကျ ပူဇော်ကန်တော့ပေးခဲ့ကြသည့် အမှတ်တရ မြင်ကွင်းများပင် ဖြစ်ပါသည်။
#ဓါတ်ပုံများကျန်ခဲ့သည်ရှိသော် တောင်းပန်အပ်ပါသည်ခင်ဗျာ၊live လွှင့်နေရင်းနဲ့ရိုက်ရတာဖြစ်လို့ မစုံလိုက်ပါဘူးခင်ဗျား

ယနေ့ ကျင်းပပြုလုပ်ခဲ့သော "ဆရာကန်တော့ပွဲနှင့် ကျောင်းသားကျောင်းသူဟောင်းများ တွေ့ဆုံပွဲ" အစီအစဉ်သည် ဆရာ၊ ဆရာမများ၏ မေတ္တာ၊...
04/01/2026

ယနေ့ ကျင်းပပြုလုပ်ခဲ့သော "ဆရာကန်တော့ပွဲနှင့် ကျောင်းသားကျောင်းသူဟောင်းများ တွေ့ဆုံပွဲ" အစီအစဉ်သည် ဆရာ၊ ဆရာမများ၏ မေတ္တာ၊ ကျောင်းသား/သူဟောင်းများ၏ ညီညွတ်မှုတို့ကြောင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ကြသော်လည်း ဆရာ့ခြေရင်းမှာ ပြန်လည်စုံစည်းခွင့်ရသည့် ဤခဏသည် ကျွန်တော်/ကျွန်မတို့အတွက် ဖော်ပြမတတ်နိုင်အောင် ဝမ်းမြောက်ကြည်နူးရသည့် ပီတိတစ်ခု ဖြစ်ခဲ့ရပါသည်။ ဆရာ၊ ဆရာမများ၏ ဆုံးမဩဝါဒများကို တစ်ခေါက်ပြန်လည် ကြားယောင်ခွင့်ရခြင်းက ကျောင်းသားဘဝက နွေးထွေးမှုတွေကို ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။
တက်ရောက်ချီးမြှင့်ပေးခဲ့ကြသော ဆရာ၊ ဆရာမများ၊ ပွဲဖြစ်မြောက်အောင် ဘက်ပေါင်းစုံမှ အပင်ပန်းခံ ဝိုင်းဝန်းကူညီပေးခဲ့ကြသော သူငယ်ချင်းများနှင့်တကွ အဝေးရောက်နေသော်လည်း Live မှတစ်ဆင့် စိတ်ရောကိုယ်ပါ ကြည့်ရှုကန်တော့ကြသည့်အပြင် ငွေအားဖြင့်ပါ တတ်အားသရွေ့ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ အားလုံး၏ စုပေါင်းအား၊ စေတနာနှင့် သဒ္ဓါတရားများကြောင့်သာ ဤပွဲလေးသည် ခမ်းနားတင့်တယ်စွာ ပြီးမြောက်ခဲ့ခြင်း ဖြစ်ပါသည်။
ဆရာ၊ ဆရာမများအားလုံး သက်ရှည်ကျန်းမာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်းနှင့် ကျွန်တော်/ကျွန်မတို့ သူငယ်ချင်းများအားလုံးလည်း ယခုထက်မက ပိုမိုစည်းလုံးလျက် နောင်နှစ်ပေါင်းများစွာတိုင် ဆရာ့ခြေရင်းမှာ အတူတူ ပြန်လည်ကန်တော့ခွင့်ရပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

03/01/2026

မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် "ဆရာကန်တော့ပွဲနှင့် ကျောင်းသားကျောင်းသူဟောင်းများ တွေ့ဆုံပွဲ" အစီအစဉ်ကို တက်ရောက်နိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုနိုင်ရန်အတွက် ယခု pageမှ မနက်(၇)နာရီအချိန်မှာတိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားပါမည်ခင်ဗျာ
အဝေးရောက် ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် မလွတ်တမ်း ကြည့်ရှုနိုင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kapin village lover &ကပင်ရွာ ချစ်သူများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์