LoveTa Aung ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LoveTa Aung, ช่างภาพ, bang, Bangkok.

02/09/2024
မျှတွေးပါ ••••••••ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ  သူ့မှာလည်း နားလည်ပေးရတာ များလာတော့    စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာ...
27/07/2024

မျှတွေးပါ
••••••••
ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။

ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့
စိတ်ပျက်လာမှာပဲလေ။

ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတလေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။

ဘယ်လောက်ပဲ တော်နေတဲ့သူ ဖြစ်ပါစေ
လောကဓံဖိအား ပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။

ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ
ကိုယ်ကပဲ အလိုက်တသိ လျော့ပေးနေရပြီး
မနိုင်ဝန်ထမ်းတာ များလာတော့
အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ
ဖြူ စင်မှုကို အသုံးချခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ
အလိမ်ခံရတာ များလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိုင်တာပဲလေ။

ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက် ကိုယ့်ဘက် မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာ မဖြစ်စေနဲ့နော်။
လူဆိုတာ ခံနိူင်ရည်ထက် ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။

သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမှ ကိုယ် တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

#𝘾𝙧𝙚𝙙𝙞𝙩 #

ที่อยู่

Bang
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LoveTa Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท