Min Myat ဘဝကို ရိုးရှင်းစွာနဲ့ အကောင်းဆုံး နေထိုင်ဖြတ်သန်းသွားချင်တယ် . . .

ချစ်သမီးလေး💗💗💗17.10.2025(Fri)၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်
17/10/2025

ချစ်သမီးလေး💗💗💗
17.10.2025(Fri)
၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်

 #အိန်ဂျယ်လ်ရေတံခွန်အိန်ဂျယ်လ်ရေတံခွန် ( Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံတွင် တည်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြ...
13/10/2025

#အိန်ဂျယ်လ်ရေတံခွန်

အိန်ဂျယ်လ်ရေတံခွန် ( Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံတွင် တည်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်သည်။ စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိသည်။ ရေတံခွန်၏ ရေစတင်ကျဆင်းရာ နေရာမှ အမြင့်မှာ ၈၀၇ မီတာ(၂၄၆၈ ပေ) ရှိသည်။

 #စစ်ကိုင်းပြတ်ရွေ့ကြော(မြန်မာနိုင်ငံရှိ ငလျင်ပြတ်ရွေ့ကြော) #စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိက...
10/10/2025

#စစ်ကိုင်းပြတ်ရွေ့ကြော
(မြန်မာနိုင်ငံရှိ ငလျင်ပြတ်ရွေ့ကြော)

#စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိသည်။

 #မြဘုရားမြဘုရား သို့မဟုတ် ဗုဒ္ဓမဟာမဏီ ရတနပဋိမာကရဘုရားသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသည...
05/10/2025

#မြဘုရား

မြဘုရား သို့မဟုတ် ဗုဒ္ဓမဟာမဏီ ရတနပဋိမာကရဘုရားသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသည့် ထိုင်တော်မူ သမာဓိ မုဒြာ ဂေါတမမြတ်စွာဘုရား ဆင်းတုတော်တစ်ဆူဖြစ်သည်။ ဉာဏ်တော်မှာ ၆၆ စင်တီမီတာ (၂၆လက်မ) ရှိသည်။ ထိုင်းနိုင်ငံ၏ အထွတ်အမြတ် ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်သည်။ နှစ်ပေါင်းများစွာ လာအိုတလှည့်၊ ထိုင်းတလှည့်၊ ဗီယက်နမ် တလှည့် ကိုးကွယ် ရောက်ရှိနေရာမှ ၁၇၇၉ တွင် ရာမ ၁ က ဗီယက်ကျန်းကို သိမ်းပိုက်လိုက်သည့်အခါ ဆင်းတုတော်အား ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တော်ဝင်နန်းတော်ရှိ မြဘုရားဗိမာန်တော်( (Wat Phra Kaew)၌ အပူဇော်ခံထားရှိသည်

  Aung La Nsang 👏👏👏
04/10/2025

Aung La Nsang 👏👏👏

 #ဧဝရတ်တောင်🏔️ဧဝရတ်တောင် (အင်္ဂလိပ်: Mount Everest; နီပေါ: सगरमाथा, ရောမအက္ခရာ: Sagarmāthā; တိဘက်: Chomolungma ཇོ་མོ་གླང...
02/10/2025

#ဧဝရတ်တောင်

🏔️ဧဝရတ်တောင် (အင်္ဂလိပ်: Mount Everest; နီပေါ: सगरमाथा, ရောမအက္ခရာ: Sagarmāthā; တိဘက်: Chomolungma ཇོ་མོ་གླང་མ; တရုတ်: 珠穆朗玛峰; ပင်ယင်: Zhūmùlǎngmǎ Fēng)၊ အမည်ကွဲအားဖြင့် ချိုမိုလန်းမားတောင် (Mount Chomolungma) သည် ကမ္ဘာ့အမြင့်ဆုံး နေရာအဖြစ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၈၈၄၈.၈၆မီတာ (၂၉၀၂၃၁.၇ပေ) မြင့်မားသည်။ ဟိမဝန္တာတောင်တန်းတွင် အပါအဝင်ဖြစ်ပြီး နီပေါ နှင့် တရုတ်နိုင်ငံ(တိဗက်ဒေသ) တို့က တစ်ဖက်စီတည်ရှိသည်။

ပင်မတောင်တန်း-ဟိမဝန္တာတောင်တန်း(Mahalangur Himal)

အောင်မြင်စွာ ပထမဆုံးတက်ရောက်သူ (၂၉ မေ ၁၉၅၃)
🧗အက်ဒမန် ဟီလာရီ - Edmund Hillary (နယူးဇီလန်)
🧗‍♂️တင်ဇင်းနော်ဂေး - Tenzing Norgay (နီပေါ)

တည်နေရာ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်း
နီပေါ နှင့် တရုတ်(တိဗက်)နိုင်ငံ နယ်စပ်
ကိုသြဒိနိတ် 27° 59' 17" N 86° 55' 31" E

အမြင့်ဆုံးအမှတ်
၂၉,၀၃၁.၇ပေ၊ ၈၈၄၈.၈၆မီတာ

၁၈၄၁ခုနှစ်တွင် အိန္ဒိယအစိုးရ မြေတိုင်းဌာနအရာရှိချုပ် ဆာဂျော့ အဲဗရက် (Sir George Everest) ဆိုသူသည် တောင်ထိပ်တည်နေရာနှင့် အမြင့်ကို ပထမဦးဆုံးတိုင်းတာသတ်မှတ်ခဲ့သည်။ (ထိုစဥ်က-၂၉,၀၂၈ပေ)

ကိုးကား-မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

me

 #ဖူဂျီတောင်ယာမာနာရှီနှင့် ရှီဇူအိုကာ စီရင်စုဒေသရှိ မီးတောင်ဖူဂျီတောင် (富士山) သည် ၃၇၇၆ မီတာ (၁၂,၃၈၈ ပေ) မြင့်ပြီး ဂျပန်နိ...
02/10/2025

#ဖူဂျီတောင်
ယာမာနာရှီနှင့် ရှီဇူအိုကာ စီရင်စုဒေသရှိ မီးတောင်

ဖူဂျီတောင် (富士山) သည် ၃၇၇၆ မီတာ (၁၂,၃၈၈ ပေ) မြင့်ပြီး ဂျပန်နိုင်ငံတွင် အမြင့်ဆုံးတောင် ဖြစ်သည်။ တာတဲ့တောင်၊ ဟခုတောင်တို့နှင့် အတူ ဖူဂျီတောင်သည် ဂျပန်၏ တောင်မြတ် ၃ တောင်ဟု အမည်တွင်သည်။ တိုကျိုမြို့ အနောက်ဘက်တွင် တည်ရှိသည့် မီးတောင်ဖြစ်သည်။ ၁၇၀၇ ခုနှစ်နှင့် ၁၇၀၈ ခုနှစ်များတွင် နောက်ဆုံး ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။ နှစ်ဘက်ညီ ကတော့ပုံသဏ္ဌာန် ရှိသည့် ဖူဂျီတောင်သည် ဂျပန်တို့၏ သင်္ကေတသဖွယ် ဖြစ်ပြီး ဓာတ်ပုံနှင့် ပန်းချီပုံများတွင် အမြဲလိုလို ပုံဖော်လေ့ရှိကြသည်။

me

 #အာဖရိကတောခွေးအာဖရိက တောခွေး (Lycaon pictus) သည် အာဖရိကတွင်သာ တွေ့ရသော ခွေးမျိုးရင်းဝင် တိရစ္ဆာန် ဖြစ်ပြီး အရွယ်အစား ကြ...
02/10/2025

#အာဖရိကတောခွေး

အာဖရိက တောခွေး (Lycaon pictus) သည် အာဖရိကတွင်သာ တွေ့ရသော ခွေးမျိုးရင်းဝင် တိရစ္ဆာန် ဖြစ်ပြီး အရွယ်အစား ကြီးမားသည်။ ဆာဗားနားမြက်ခင်းပြင်များနှင့် တောအုပ်ပါးလျသော နေရာများတွင်သာ တွေ့ရသည်။ ကိပ်အမဲလိုက်ခွေး၊ ဆေးရောင်ခြယ်ခွေး၊ ဆေးရောင်ခြယ် ဝံပုလွေ၊ ဆေးရောင်ခြယ် အမဲလိုက်ခွေးစသည်ဖြင့် အမည် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

အရွယ်ရောက်ပြီးသော အာဖရိက တောခွေး အကောင်ရေ ၆၆၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။ အာဖရိက တောခွေးများသည် ၁၉၉၀ ခုနှစ်ကတည်းက IUCN ၏ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။

me

09/09/2025
❤️❤️❤️တူလေးအောင်ဇေဖြိုး
23/12/2021

❤️❤️❤️
တူလေးအောင်ဇေဖြိုး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Min Myatผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท