Annt Hmue Mahr I’m a 22-year-old Burmese street photographer from Myanmar. After the 2021 coup, I document the stories of Burmese refugees amidst the chaos.

On this page, I share my street photography and documentaries, highlighting resilience and hope.

A portrait of a KNDF soldier wearing handmade shoes crafted from the patches of enemy soldiers killed in battle. KNDF is...
27/05/2026

A portrait of a KNDF soldier wearing handmade shoes crafted from the patches of enemy soldiers killed in battle. KNDF is a defence force for the local Karenni federal state formed in response to the 2021 Myanmar military coup.

In January 2025. © Annt Hmue Mahr

Kodak ColorPlus 200 သို့မဟုတ် နွေးထွေးတဲ့ မှတ်ဉာဏ်များရဲ့ အရောင် Kodak ColorPlus 200 က Kodak ထုတ်တဲ့ color negative film...
06/03/2026

Kodak ColorPlus 200 သို့မဟုတ်
နွေးထွေးတဲ့ မှတ်ဉာဏ်များရဲ့ အရောင်

Kodak ColorPlus 200 က Kodak ထုတ်တဲ့ color negative film တွေထဲမှာ လူသုံးများတဲ့ ဖလင်တစ်လိပ်ပါ။ ကျွန်တော့်ရဲ့ ရိုက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ ဒီဖလင်ဟာ warm tone လေးနဲ့ contrast အသင့်တင့် ရှိတဲ့ အရောင်ကို ပေးနိုင်ပါတယ်။ အနီရောင် နဲ့ အဝါရောင်တွေက တောက်ပပြီး အစိမ်းရောင်တွေကတော့ အနည်းငယ် soft ဖြစ်နေတယ်လို့တော့ ခံစားရတယ်။ နေရောင်ကောင်းတဲ့နေ့တွေမှာ ရိုက်လိုက်ရင် ပုံတွေက ငယ်ဘဝ မှတ်ဉာဏ် တခုလိုလိုနဲ့ နွေးနွေးထွေးထွေးခံစားသွားစေနိုင်တာကတော့ သူ့ရဲ့ အရသာပါပဲ၊
ColorPlus 200 မှာ သဘောကျမိတာ တခုက natural skin tone ဖြစ်တာပါ။ လူပုံပဲဖြစ်ဖြစ် street scene တွေကို ရိုက်တဲ့အခါ အဖြစ်ဖြစ် သူ့ရဲ့ အရောင်တွေက မကြမ်းမရမ်းဘဲ သဘာဝဆန်ဆန် ထွက်လာတတ်ပါတယ်။ Grain ကလည်း အရမ်းမကြမ်းပေမယ့် ဖလင်ရဲ့ texture ကို သဘာဝကျကျ မြင်နိုင်ပါတယ်။ ဒီ grain တွေဟာ digital camera တွေမှာ မြင်ရတဲ့ noise လို မရှုပ်ဘဲ frame ထဲကို film feeling တခု ထည့်ပေးနိုင်ပါတယ်။
ကျွန်တော့်အတွေ့အကြုံအရ ဒီဖလင်ကို နေရောင်ပြင်းပြီး အလင်းရောင်ကောင်းတဲ့ နေ့တွေမှာ ISO 200 (box speed) နဲ့ ရိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ correct exposure ဖြစ်ဖို့အတွက်တော့ metering ကိုတော့ သေချာဂရုစိုက်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဖလင်ကင်မရာက light meter အလုပ်မလုပ်တော့တာမျိူးဖြစ်နေရင် light meter app တခုခုသုံးပြီး ရိုက်ဖို့အကြံပေးပါရစေ။
ColorPlus 200 ဟာ landscape, portrait, street photography အပြင် နေ့စဉ်ရိုက်ဖို့အတွက်တောင် အထူးသင့်တော်ပါတယ်။ Flash သုံးပြီး low light မှာလည်း ရိုက်လို့ရပေမယ့် သူ့ရဲ့ အကောင်းဆုံး အရသာကတော့ ကတော့ daylight မှာပဲ ပိုထွက်တတ်ပါတယ်။
ကျွန်တော့်အမြင်အရ ဒီဖလင်ရဲ့ အရသာက ရိုးရှင်းမှုထဲက နွေးထွေးတဲ့ အမှတ်တရတွေကို ဖမ်းယူပေးနိုင်တာပါ။ တချို့ frame တွေမှာ သာမန် moment တခုတောင် နွေးထွေးတဲ့ မှတ်ဉာဏ်အဟောင်းလိုလို လို ခံစားရစေပါတယ်။
တကယ်လို့ မိတ်ဆွေက color film နဲ့ ပေါ့ပေါ့ပါးပါး ရိုက်ချင်တယ်၊ စျေးလည်းသက်သာပြီး film mood လေးလည်း ရချင်တယ်ဆိုရင် Kodak ColorPlus 200 က ရွေးချယ်သင့်တဲ့ ဖလင်တစ်လိပ်ပါပဲ။
အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ရော ဒီတလော ဖလင်တွေရိုက်ဖြစ်ကြလား ?

A moment of stillness before the noise returns2025 Karenni State, Myanmar.©Annt Hmue Mahr
27/02/2026

A moment of stillness before the noise returns
2025 Karenni State, Myanmar.
©Annt Hmue Mahr

07/02/2026
🎞️ HP5 plus ရိုးရှင်းမှုရဲ့ အလှတရား 🎞️Film Review Based on My Porsonal Shooting Experienceby Annt Hmue Mair HP5 Plus 400...
18/01/2026

🎞️ HP5 plus ရိုးရှင်းမှုရဲ့ အလှတရား 🎞️

Film Review Based on My Porsonal Shooting Experience
by Annt Hmue Mair

HP5 Plus 400 ဖလင် ဟာ Ilford ထုတ်သမျှ Black & White ဖလင် တွေကြားမှာ အချိန်ကြာကြီး လူကြိုက်များနေဆဲ ဖြစ်တဲ့ ဖလင်ပါ။
ကျွန်တော့်ရိုက်ခဲ့တဲ့ အတွေ့အကြုံအရ ဒီဖလင်ဟာ Contrast ပြင်းပြင်းနဲ့ ရိုးရိုးရှင်းရှင်းဖြစ်တယ်။ ကျွန်တော်ရဲ့ တကိုယ်ရည် သဘောအရ ကျွန်တော်က Contrast တွေ grain ကြိုက်သူမို့ HP5 plus ကို အချိန်တခုပေးပြီး ရိုက်ဖြစ်သွားတယ်။ သူ့ရဲ့ Gain က Noise တွေလို့မခံစားရဘူး။ ဒစ်ဂျစ်တယ် ရိုက်နေကြသူတွေအဖို့တောင် လက်ခံလို့ရတဲ့ Gain တွေ က တော့ HP5 plus ကို နောက်တလိပ် ထပ်ရိုက်ဖို့ ပိုတွန်းအားပေးလာတယ်။ ပုံတိုင်းမှာ Grain တွေမြင်ရပေမယ့် Noise တွေလိုတော့ မရှုပ်ပါဘူး။ပုံကို မဖျက်ဘဲ စိတ်ခံစားမှုကို ပိုပြီး ထည့်ပေးနိုင်ပါတယ်လို့ခံစားရတယ်။
HP5 plus ရဲ့ အလှဆုံးအချက်က သူ့ရဲ့ highlights soft ဖြစ်မှု ပါ။ ဒစ်ဂျစ်တယ် ပုံတွေမှာ Contrast ပြင်းပြင်းပုံတွေတိုင်းဟာ sharpness ဖြစ်တဲ့ ကြည်လင်ပြတ်သားတဲ့ HDR ပုံတွေဖြစ်နေမှာ။ HP5 plus မှာတော့ အဲ့ဒီ
highlights soft ဖြစ်မှု သဘာဝကျကျ အသက်ရှုနေတဲ့ အမှတ်တရလို ခံစားရစေပါတယ်။
ဒီ ဖလင်က တော်တော်များများ က stock ISO 400 ထက် ပိုပြီး Push လုပ်ပြီးရိုက်ကြတယ်။ သူ့ကို
ISO 400 နဲ့ရိုက်လည်းရ၊ 800 / 1600 ထိ push လုပ်လိုက်လည်း သူ့ရဲ့ ပေးနိုင်စွမ်းနဲ့ ရိုးရှင်းတဲ့ ဖလင်အရသာကြောင့် နာမည်ကြီးတဲ့ Black and White ဖလင်ဆို မမှားပါဘူး။
ဒါကြောင့်ဖို့ ဖလင်နဲ့ ရိုက်ကြတဲ့ street သမားတွေ ၊ ဓာတ်ပုံသတင်းသမားတွေနဲ့ မှတ်တမ်းသမားတွေ က ဒီဖလင်ကို ရွေးခြယ်ကြတယ် ထင်ပါတယ်။ HP5 plus က ရိုးရှင်းတဲ့ အခိုက်အတန့်တွေကို အလှဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတင်ပေးနိုင်ပါတယ်။

တချို့ပုံတွေမှာ သာမန်ရိုးရှင်းလွန်းတဲ့ အခိုက်အတန့်တွေတောင် Reality ထပ်ပိုတဲ့ အိပ်မက်တခုလိုလို ထင်သွားနိုင်စေတာ ဟာ သူ့ရဲ့ အရသာပဲလို့ ကျွန်တော် ထင်မိတယ်။
အချို့ frame တွေမှာ အချိန်နဲ့အတူ contrast ပိုထင်ရှားသွားတယ်။ကလေးတွေ အိပ်နေကြတဲ့ စာသင်ခန်းတခုရဲ့ အသက်ရှုသံတွေ ပြန်ကြားရတယ်လို့တောင်ခံစားမိတယ်။
တကယ်လို့ မိတ်ဆွေလည်း ဖလင်ရိုက်ရတာ သဘောကျတယ် Monochrome ရိုက်ရတာမျိုးသဘောကျရင် Ilford HP5 plus 400 ဖလင် က မိတ်ဆွေ ရွေးခြယ်ဖို့ အသင့်ဆုံးပါပဲ။
အဆုံထိ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး Exprience sharing content ဖြစ်တဲ့အတွက် အမှားပါခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုပါတယ်။

Throughout 2025 by Annt Hmue Mahrဒီဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ထိုင်းနိုင်...
05/01/2026

Throughout 2025

by Annt Hmue Mahr

ဒီဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင် နှင့် ကန်ချနဘူရီ စတဲ့
နေရာအသီးသီးမှာ ရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်တော် သွားခဲ့တဲ့နေရာတွေ၊ မြင်ခဲ့တဲ့အရာတွေ၊ မှတ်ဉာဏ်တွေဟာ
၂၀၂၅ ဆိုတဲ့ အတိတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ဘယ်အရာမှ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့သလို ခံစားရတဲ့
ကျွန်တော့်အတွက် အတိတ်ကာလတွေကို ဓာတ်ပုံအဖြစ်နဲ့
သိမ်းဆည်းနိုင်ခဲ့ခြင်းဟာ ဒီတစ်နှစ်လုံးစာအတွက် ချမ်းသာခြင်းတစ်ရပ်ပါပဲ။
အားလုံးပဲ လာမယ့်နှစ်မှာ ကောင်းမွန်စွာ ရှင်သန်နိုင်ကြပါစေ။

These photographs were taken throughout 2025 across different places Mon State and Karenni State in Myanmar, and Mae Sot and Kanchanaburi in Thailand. The places I traveled to, the things I witnessed, and the memories I carried last year
have now become the past called 2025.

For someone like me, who feels they have achieved so little, holding onto moments of the past through photographs has become my greatest wealth this year. I wish everyone a life lived softly and meaningfully in the year to come.

Photo by ©Annt Hmue Mahr, 2025

04/01/2026

2025 was not a good year for the people of Myanmar. The country faced severe drought caused by climate change, economic hardship, and devastating earthquakes that claimed over 5,000 lives in central Myanmar. At the same time, foreign criminal networks expanded call-scam centers across the country, conflict areas widened, civilians were killed by Myanmar military airstrikes, and displacement and forced conscription intensified.

Despite all these hardships, the resilience of the people of Myanmar remains stronger than ever.

The Docuteller editorial team would like to highlight the realities of 2025 through A Year in Pictures: 2025. We have invited Myanmar photographers who are documenting and storytelling through photography. Please note that one photograph from each photographer has been selected as an excerpt from their larger body of work. The sequence is thematic rather than chronological.

Article link can be found in the comment section.

The Way Back (2023)By Annt Hmue Mahr This photo essay presents The Way Back (2023) by Annt Hmue Mahr, a photo essay abou...
20/12/2025

The Way Back (2023)

By Annt Hmue Mahr

This photo essay presents The Way Back (2023) by Annt Hmue Mahr, a photo essay about people living along the border after leaving their homelands for political reasons. Photographed in their current living or working spaces, each participant appears with a projected image of what they consider “home.” The work explores displacement as an ongoing state of waiting, memory, and connection to home.

This photo essay documents individuals who have migrated from their homeland to another country for political reasons and are currently living along the border. Bringing together people of different ages, genders, and backgrounds, the project reflects a shared experience of displacement and an enduring connection to home.

He makes the work by visiting each participant’s current living or working space and listening to their personal story. The participant shares a photograph of a place, object, or person they associate with home. That image is projected onto the space, and he photographs the participant together with the projection, combining memory and present life in a single image.

The work focuses on participants photographed in their present living or working environments while waiting for the possibility of return. Each participant contributes a personal photograph representing a place, object, or person they associate with home. These images are projected into their current spaces and photographed together with the subject.

By combining personal archival images with present-day portraits, the project examines how memory and belonging persist during prolonged periods of uncertainty. Displacement is presented not as a single moment of departure, but as an extended condition of waiting and attachment to home.

Photo project by ©Annt Hmue Mahr, 2023
Presented with A New Burma

Nikon FM2 35mm f2 Film - ilford hp5 plus 400 2024 Karennni State Myanmar©Annt Hmue Mahr          nikonfm2 35mmfilm photo...
20/11/2025

Nikon FM2 35mm f2
Film - ilford hp5 plus 400
2024 Karennni State Myanmar
©Annt Hmue Mahr

nikonfm2 35mmfilm photography bnw

A portrait photo of KNDF soldiers (Karenni Nationalities Defence Force). The Karenni Nationalities Defence Force is a pr...
10/11/2025

A portrait photo of KNDF soldiers (Karenni Nationalities Defence Force). The Karenni Nationalities Defence Force is a pro-democracy armed organization currently fighting in the Myanmar civil war. It is a defence force for the local Karenni federal state formed in response to the 2021 Myanmar coup d’état.

The LDFs,EAOs,PDFs are among several militias in the anti-junta coalition fighting for democracy under the National Unity Government (NUG).

In December 2024. © Annt Hmue Mahr

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Annt Hmue Mahrผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท