SOE KO OO Photography

SOE KO OO Photography Here is how I feel on Nature Beauty around the world. Welcome to my Vlog. SoeKoOo's Memorials Vlog. Copyright © SoeKoOo Photography

Captured by SOE KO OO Photography 📸
17/01/2026

Captured by SOE KO OO Photography 📸

ဒီလိုသာဆို ကျွန်တော်တို့ အားလုံးကာလတာရှည် ပင်ပန်းနွမ်းနယ်နေကြရတဲ့ ဝေဒနာသည်တွေများ ဖြစ်နေခဲ့ကြသလား?....
10/12/2025

ဒီလိုသာဆို ကျွန်တော်တို့ အားလုံးကာလတာရှည် ပင်ပန်းနွမ်းနယ်နေကြရတဲ့ ဝေဒနာသည်တွေများ ဖြစ်နေခဲ့ကြသလား?....

ဒီရက်ပိုင်း ကျွန်တော် စဉ်းစားမိနေတာက ခန္ဓာကိုယ်က အသံထွက်ပြီး စိတ်(Brain)က ဘာကြောင့် တိတ်ဆိတ်နေတာလဲ ဆိုတဲ့အချက်ပဲ။

ဗိုက်ဆာတဲ့အခါဆိုရင် ကျွန်တော်တို့ သိပါတယ်။ ဗိုက်ကတဂွီဂွီအော်မယ်၊ အားအင်ကုန်ခမ်းလာမယ်၊ ဗိုက်ဆာလာတာကို ခံစားရပါတယ်။ဒါပေမဲ့ စိတ်က ဆာလောင်နေတဲ့အခါ ဆိုရင်​တော့ ဘာသံမှ မထွက်ပါဘူး။ တချို့ဟာ​တွေ မသိမသာ ဖြည်းဖြည်းလေး ရပ်တန့်သွားရုံပါပဲ။

တိတ်ဆိတ်တဲ့ လက္ခဏာတွေ✅️
ကျွန်တော်တို့ ဒီလက္ခဏာတွေကို လွဲချော်နေတတ်တယ်ဆိုတာ ဂရုမစိုက်လို့ မဟုတ်ပါဘူး၊ သူတို့က တိတ်ဆိတ်နေလို့ပါ။

အရင်က နှစ်သက်ခဲ့တဲ့ အရာတွေအပေါ် ရုတ်တရက် စိတ်မဝင်စားတော့တာ။

ဘာကိုမှ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ဘဲ အရာရာကို ခက်ခက်ခဲခဲ ဖြစ်နေစေပြီး စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေး​နေတာ။

တစ်ခုခုကို သိချင်လို့ မဟုတ်ဘဲ၊ ထုံထိုင်းနေပြီး ဖုန်းကို အဆက်မပြတ် ပွတ်နေတာမျိုး​တွေပါ။

ဒါပေမဲ့လည်း ကျွန်တော်တို့က ဆက်လုပ်နေဆဲပါပဲ။ ဘာလို့လဲဆိုတော့ ပင်ပန်းတာကို ပျင်းတာလို့ ထင်နေကြလို့ပါ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အနားယူဖို့ ​လေ့ကျင့်ထားတာမျိုးမဟုတ်ဘဲ အလုပ်လုပ်ဖို့ပဲ တစ်ဘဝလုံး လေ့ကျင့်ထားကြပါတယ်။ အနားယူဖို့​မေ့​လျော့​​နေပြီး မျှော်လင့်ချက်တွေအတွက် ဘဲ အမြဲပေးဆပ်နေခဲ့ကြရပါတယ်။

အိပ်စက်ယုံနဲ့ မပြေနိုင်တဲ့ ပင်ပန်းနွမ်းနယ်မှု✅️

ပင်ပန်း​နေရင် အိပ်​ရေးဝ​အောင် အိပ်လိုက်လို့​ပြောတာ​တွေကြာဖူးကြမှာပါ။ ဒါ​ပေမဲ့အိပ်လိုက်ယုံနဲ့ ပြင်လို့မရတဲ့ ပင်ပန်းမှုမျိုး ရှိပါတယ်။ အဲဒါက​တော့ ဘယ်တော့မှ ကိုယ့်အတွေးတွေနဲ့ တစ်ယောက်တည်း မနေခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းမှုပါ။

ရည်မှန်းချက်​တွေ​ကြောင့် ကျွန်တော်တို့ကို အရင်က ပျော်ရွှင်စေခဲ့တဲ့ အရာတွေကို ကျော်သွားရတာများလာတဲ့အခါ စိတ်ကို တိတ်ဆိတ်မှု၊ အလှအပနဲ့ ပျော်ရွှင်မှုတွေ မပေးခဲ့မိလို့ စိတ်က ဆာလောင်နေတာပါ။ဒါ​ကြောင့် ဒီလိုပင်ပန်းမှု​တွေဖြစ်​နေတာပါ။

"ဗိုက်နဲ့မတူတာက ဦးနှောက်ဟာ ဗလာဖြစ်နေရင်​တောင် သတိပေးဖို့ အော်ဟစ်လေ့မရှိဘူး။"

ကျွန်တော်တို့ ကိုယ့်ရဲ့ အတွင်းစိတ်လောကကို အစာမကျွေးဘဲ ဘယ်နှရက်၊ ဘယ်နှပတ် ကြာအောင် နေခဲ့ကြပါပြီလဲ။❓️

ကျွန်တော်တို့ဟာ စိတ်ကိုလည်း အစာကျွေးဖို့ လိုအပ်တယ် ဆိုတာ မေ့နေတတ်တယ်။ ကျွန်တော်တို့ အနားယူဖို့အတွက် အလုပ်ထွက်စရာ မလိုသလို၊ ခွင့်တောင်းနေစရာလည်း မလိုဘူး။ စိတ်ထဲမှာ ထုံထိုင်းပြီးမြူခိုးတွေ ဆိုင်းလာပြီဆိုတာ သိတာနဲ့ ခဏရပ်နားဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုချက်ပေးလိုက်ဖို့ပဲ လိုတယ်။

ကျွန်​တော်တို့ဦးနှောက်က ဆာလောင်လာရင် အော်ဟစ်ပြောမှာ မဟုတ်ပေမယ့်... မေ့တတ်လာခြင်း၊ စိတ်ပျက်လာခြင်းနဲ့ ပင်ပန်းနွမ်းနယ်လာခြင်း တို့နဲ့ စကားပြောပါလိမ့်မယ်။

စိတ်က​ပြောတာကို နားထောင်ပါ၊ ပြီးတော့ သူ့ကို နူးညံ့တဲ့ အစားအစာတစ်ခုခု ကျွေးလိုက်ပါ။ 🚶‍♀️ဥပမာ.

ဖုန်းမပါဘဲ လမ်းလျှောက်ထွက်တာ။

ကိုယ်အကြိုက်ဆုံး စာအုပ်ရဲ့ စာပိုဒ်တစ်ပိုဒ်ကို ဖတ်လိုက်တာတာ။

ကိုယ့်ကို တစ်ခုခု ပြန်ခံစားစေနိုင်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်တာမျိုး​တွေပါ။

ကျွန်​တော်တို့ရဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားကြသလို စိတွကိုလည်း ဂရုစိုက်​ပေးဖို့ လိုအပ်ပါတယ်။



-

❗️​နိုင်ငံတကာ အသိမှတ်ပြု Courses ​တွေသင်ပြီး Professional certificates​တွေကို တစ်ရက် 200ကျပ်​လောက်ဖြင့် ရယူနိုင်ပါပြီ😳❗️👇

https://www.facebook.com/61562890025027/posts/122143884542429667/?app=fbl

-

Distance means so little when someone means so much....Missing home more than ever today ❤️‍🩹SOE KO OO Photography      ...
08/05/2025

Distance means so little when someone means so much....

Missing home more than ever today ❤️‍🩹

SOE KO OO Photography


28/11/2024

ကိုယ့်စိတ်ကို ပင်ပန်းစေမယ့်လူတွေကို
မေ့ထားလိုက်ပါ ...
လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး
ဟိုးအရင် ကလေးဘဝက
ကိုယ့်အလိုမကျတိုင်း
ချော့မယ့်သူ စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိဘရှိပေမယ့်
အသက်အရွယ်ရလာလို့ ကိုယ့်ဘဝကိုယ်
လျှောက်လှမ်းရတဲ့ခါ...
ဘယ်သူကမှ
ကိုယ့်ကို စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး
ကိုယ့်စိတ်ကသာ ကိုယ့်ကို
စိတ်ချမ်းသာအောင်ထားနိုင်မယ့်
တစ်ခုတည်းသောအရာပါ
ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း
ပူဆွေးသောကတွေ ပြေးမလွတ်နိုင်အောင်
ရှိတတ်ကြပါတယ်
ဒါပေမယ့်
ဒီအရာအားလုံးက
ကိုယ့်စိတ်က ဖြစ်ပေါ်လာတာပါ
ကိုယ့်စိတ်ကိုထိန်းရင်း ဖြစ်ပေါ်လာတဲ့
ခံစားချက်တိုင်းကို အစွဲမထားရင် အကောင်း
ဆုံး ပါပဲ
ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ
ကြားသမျှစကားကို
နားထဲ အစွဲမထားပါနဲ့
နားထောင်သင့်သမျှ နားထောင်
နားမထောင်သင့်တဲ့စကားဆို ထုတ်ပစ်လိုက်ပါ
ဘာကိုမှ အစွဲမထားပါနဲ့
လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး
ဒါကြောင့်
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့လူတွေကို
မေ့ထားလိုက်ပါ
ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့
ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေလိုက်ပါ
ကိုယ့်ခံစားချက်တွေကို
လူတိုင်းကို ယုံပြီးဖွင့်မပြောလိုက်ပါနဲ့
ဆေးပေးမဲ့သူထက် ထိုးနှက်မယ့်သူတွေက
များတတ်ပါတယ်
ဒီစိတ်နဲ့ ကိုယ်လည်း
ပျော်နိုင်မှာ မဟုတ်ဘူးလေ
တကယ်တော့
လောကမှာ ပျော်ရွှင်မှုပေးနိုင်တဲ့သူဟာ
ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး
သူက ငါ့ကို အရမ်းချစ်လို့
ပျော်အောင်ထားနိုင်မယ်လို့တော့ မတွေးပါနဲ့
ကိုယ်လဲ လူ, သူလဲ လူပဲလေ
အနည်းအများတော့
စိတ်ရှုပ်စရာတွေ ရှိနိုင်တာပဲ
ကိုယ့်စိတ်ကိုတောင် ပျော်အောင်မထားနိုင်တာ
သူတစ်ပါးဆီက ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
ဘယ်လောက်ပဲ
ကြီးမားတဲ့ ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ မမေ့ပါနဲ့
ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲ ရှိတာပါ
ဒါကို သင်လုံးဝ မမေ့ပါနဲ့..။
#တော်ဝင်ရတနာ✍✍✍✍

မည်သူ့ချစ်ခြင်းမျိုးကိုမှကွေကွင်းစေခြင်းအလျင်းမရှိခဲ့ဖူးပါ 🪽ငြိမ်းချမ်း​ခြင်းနဲ့ မျှတခြင်းတို့ရဲ့ အဖြေဟာ ပေါ့ပါးချမ်းမြေ...
23/10/2024

မည်သူ့ချစ်ခြင်းမျိုးကိုမှကွေကွင်းစေခြင်းအလျင်းမရှိခဲ့ဖူးပါ 🪽

ငြိမ်းချမ်း​ခြင်းနဲ့ မျှတခြင်းတို့ရဲ့ အဖြေဟာ ပေါ့ပါးချမ်းမြေ့ရခြင်း ဖြစ်သင့်ပါလျက် ⌛

အပြစ်ရှိသူမပေါ်တဲ့ စိတ်သတ်ပွဲတွေမှာ အခါခါပြိုလဲခဲ့ရတယ်... ပြိုလဲရဆဲ 🪽

ဒီကံကြွေးတွေထပ်မရှည်စေချင်တော့သလို....

တစ်ဦးတစ်ယောက်ကိုမှ စိတ်မောရခြင်းမရှိစေလိုတော့ပါ 🤍

ဘုရားသခင်ဟာ ကြင်နာမှုအလျှံပယ်နဲ့ ဥယျာဉ်ကြီးထဲမှာ ငါတို့ကိုဖန်ဆင်းခဲ့လျက်နဲ့....

Song of Solomon 4:12 ထဲကလို ဘုရားဟာချစ်မေတ္တာစကားတွေသာ ဘိုးဘေးတွေကိုသင်ကြားခဲ့လျက်နဲ့...

ဘယ်အတွက်များ ငါတို့ဟာမရွယ်တဲ့လက်ထဲ ဓါးထက်ထက်တွေ ကိုင်မိသွားကြသလည်း!

ကိုယ်တို့နှလုံးသားတွေဟာ ဘာလို့အေးစက်တောင့်တင်းကြေမွဖို့သာ ရှေးရှူရသလည်း?

အရာရာကို လက်မြှောက်စွန့်လွှတ်ဖို့ အသင့်ဖြစ်လာပြီးနောက်.... ⌛

ကိုယ်ဟာ "ချစ်သား​၏အသက်ကိုသုံးဆောင်ပါ! အရှင့်ဥယျာဉ်တော်မှာ အရှင့်လူသားတစ်ဦးတည်းသာ အေးချမ်းစွာ ပြန်လည်နိုးထခွင့်ပြုပါ" ဆိုတဲ့ ဆုတောင်းတဲ့အခါမှာ !

မေတ္တာရှင် ဘုရားသခင်ဟာလည်း စိတ်ဆိုးမာန်ဆိုးနဲ့ အကြည့်လွှဲ အဝေးကိုထွက်သွားရှာတယ်!

ကိုယ်ကတော့ ဟက်ဟက်ပက်ပက်ရီနေလိုက်တယ်!

မျက်ရည်က ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုတဲ့ သမာသမတ်မကျတဲ့ အချက်ကို ကိုယ်သင်ယူခဲ့တာကိုး .... 🪽🪽🪽

October 23 || Wednesday || 2024

25/09/2024

Discovering the Beauty of Chaweng Beach, Koh Samui

Nestled on the vibrant east coast of Koh Samui, Chaweng Beach is a tropical paradise that captivates travelers with its stunning natural beauty and lively atmosphere. Stretching over 7 kilometers, it’s the longest and most popular beach on the island, offering something for every type of traveler—from those seeking relaxation to those craving adventure.

White Sands and Crystal Waters

The moment you step onto Chaweng Beach, you’re greeted by powdery white sands that contrast beautifully with the turquoise waters of the Gulf of Thailand. Whether you’re an early riser who loves a peaceful morning stroll along the shore or someone who enjoys the lively beach scene later in the day, Chaweng Beach has an energy that never fades. The calm, clear waters make it perfect for swimming, and its gentle waves are great for a variety of water sports, including jet skiing, paddleboarding, and snorkeling.

Vibrant Beach Life

Chaweng isn’t just about sunbathing and swimming; it’s a hub of activity both on and off the beach. The beachside restaurants and bars offer a variety of dining experiences—from fresh seafood to international cuisine—all with unbeatable views of the sea. As the sun sets, Chaweng’s famous nightlife comes alive with beach clubs, bars, and fire shows that entertain visitors well into the night. Whether you’re looking for a lively party scene or a quiet cocktail by the sea, there’s something for everyone.

Adventure Beyond the Beach

If you’re looking to explore beyond the sand, Chaweng is a perfect base for discovering more of what Koh Samui has to offer. Nearby attractions include the picturesque viewpoints, the famous Big Buddha, and the cascading Na Muang Waterfalls. For the more adventurous, a day trip to the nearby Ang Thong National Marine Park for kayaking and snorkeling is a must.

Why Chaweng Beach is a Must-Visit

Chaweng Beach offers a unique blend of natural beauty, modern amenities, and a lively social scene, making it one of the top destinations in Koh Samui. Whether you’re visiting for a romantic getaway, a family vacation, or a solo adventure, Chaweng Beach has something special to offer.

Thank you.
Soe Ko Oo Vlog

16/09/2024

ကော့စမွေကျွန်းမှာ ခုခေတ်စားနေတဲ့ ကမ်းခြေသို့ အမှတ်တရတစ်ခေါက်။

SOE KO OO Photography





#ကော့စမွေ

ဘယ်နေရာရောက်ရောက် ကျွန်တော်တို့အားလုံး တစ်သားတည်းရှိကြောင်း ပြသလိုက်ကြရအောင်ဗျာ 🤝လက်ရှိအမိမြန်မာပြည်ကြီးမှာ ဖြစ်ပွားနေတဲ...
13/09/2024

ဘယ်နေရာရောက်ရောက် ကျွန်တော်တို့အားလုံး တစ်သားတည်းရှိကြောင်း ပြသလိုက်ကြရအောင်ဗျာ 🤝
လက်ရှိအမိမြန်မာပြည်ကြီးမှာ ဖြစ်ပွားနေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ကျွန်တော်တို့ Spicy Bar & Restaurant မှ ကမကထပြုပြီး ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရောက် ရွှေမြန်မာတို့အားလုံး အမိမြေအတွက် နိုင်အားသရွေ့ တွဲလက်၀ိုင်းကူကြပါစို့ဗျာ။
ကော့စမွေရောက်ရွှေမြန်မာတို့ရဲ့ လုပ်အားခဝင်ငွေထဲကနေပြီး ကိုယ်တတ်နိုင်သလောက်ပမာဏကို အောက်မှာဖော်ပြထားတဲ့ Spicy Bar & Restaurant ရဲ့ Founder ကိုဖြိုး ရဲ့ ဘဏ်အကောင့်ထဲသို့ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ နေ့စဉ် အလှူငွေလက်ခံရှိသမျှကို စရင်းဇယားအတိအကျနဲ့ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ပမာဏပြည့်မှီသည့်အခါ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်ပြီး ရေဘေးသင့်ဒေသများထံသို့ အလှူငွေလွှဲပြောင်းပေးပို့ လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။
အလှူငွေလှူဒါန်းချင်သူများအနေနဲ့ ဘဏ်အကောင့်သို့ငွေလွှဲလှူဒါန်းနိုင်သလို ငွေသားလှူဒါန်းချင်သူများအနေဖြင့်လည်း Spicy Bar & Restaurant သို့လာရောက်လှူးဒါန်းနိုင်ပါတယ်ခင်ဗျာ။
အလှူငွေပေးပို့ရန်ဘဏ် - SCB Bank
အမည် - Aung Pyae Phyo
ဘဏ်အကောင့်နံပါတ် - 416-107044-7
လိပ်စာ - Spicy Bar & Restaurant, Chaweng Two Way, Koh Samui, Thailand.
https://maps.app.goo.gl/6ZwpooMbAUikGeNb9
အလှူငွေပေးပို့လှူဒါန်းပြီးတဲ့အခါ ငွေလွှဲထားတဲ့ ငွေလွှဲဖြတ်ပိုင်း (Bank Slip) ကို ကျွန်တော်တို့ Spicy Bar & Restaurant page Chat Box သို့ဖြစ်စေ၊ Spicy Bar Founder ကိုအောင်ပြည့်ဖြိုး (ခ) ကိုဖြိုး ၏ Personal Fb Account Messenger သို့ဖြစ်စေ ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
မှတ်ချက် - Bank Account QR Scan ဖတ်ပြီးလှူမယ့်သူတွေအတွက် Comment ထဲမှာ QR Code ကိုထည့်ထားပေးပါတယ်။
သိကြတဲ့အတိုင်းပေါ့ဗျာ… “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုသလို အခုလည်း ငါတို့၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပဲအားလုံး လက်တွဲပြီးကျော်ဖြတ်ကြတာပေါ့။

ဘယ်နေရာရောက်ရောက် ကျွန်တော်တို့အားလုံး တစ်သားတည်းရှိကြောင်း ပြသလိုက်ကြရအောင်ဗျာ 🤝

လက်ရှိအမိမြန်မာပြည်ကြီးမှာ ဖြစ်ပွားနေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ကျွန်တော်တို့ Spicy Bar & Restaurant မှ ကမကထပြုပြီး ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရောက် ရွှေမြန်မာတို့အားလုံး အမိမြေအတွက် နိုင်အားသရွေ့ တွဲလက်၀ိုင်းကူကြပါစို့ဗျာ။

ကော့စမွေရောက်ရွှေမြန်မာတို့ရဲ့ လုပ်အားခဝင်ငွေထဲကနေပြီး ကိုယ်တတ်နိုင်သလောက်ပမာဏကို အောက်မှာဖော်ပြထားတဲ့ Spicy Bar & Restaurant ရဲ့ Founder ကိုဖြိုး ရဲ့ ဘဏ်အကောင့်ထဲသို့ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ နေ့စဉ် အလှူငွေလက်ခံရှိသမျှကို စရင်းဇယားအတိအကျနဲ့ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ပမာဏပြည့်မှီသည့်အခါ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်ပြီး ရေဘေးသင့်ဒေသများထံသို့ အလှူငွေလွှဲပြောင်းပေးပို့ လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။

အလှူငွေလှူဒါန်းချင်သူများအနေနဲ့ ဘဏ်အကောင့်သို့ငွေလွှဲလှူဒါန်းနိုင်သလို ငွေသားလှူဒါန်းချင်သူများအနေဖြင့်လည်း Spicy Bar & Restaurant သို့လာရောက်လှူးဒါန်းနိုင်ပါတယ်ခင်ဗျာ။

အလှူငွေပေးပို့ရန်ဘဏ် - SCB Bank

အမည် - Aung Pyae Phyo

ဘဏ်အကောင့်နံပါတ် - 416-107044-7

လိပ်စာ - Spicy Bar & Restaurant, Chaweng Two Way, Koh Samui, Thailand.

https://maps.app.goo.gl/6ZwpooMbAUikGeNb9

အလှူငွေပေးပို့လှူဒါန်းပြီးတဲ့အခါ ငွေလွှဲထားတဲ့ ငွေလွှဲဖြတ်ပိုင်း (Bank Slip) ကို ကျွန်တော်တို့ Spicy Bar & Restaurant page Chat Box သို့ဖြစ်စေ၊ Spicy Bar Founder ကိုအောင်ပြည့်ဖြိုး (ခ) ကိုဖြိုး ၏ Personal Fb Account Messenger သို့ဖြစ်စေ ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ကိုဖြိုး Facebook Personal Account Link ကို Comment မှာချပေးထားပါတယ်ခင်ဗျာ။

မှတ်ချက် - Bank Account QR Scan ဖတ်ပြီးလှူမယ့်သူတွေအတွက် Comment ထဲမှာ QR Code ကိုထည့်ထားပေးပါတယ်။

သိကြတဲ့အတိုင်းပေါ့ဗျာ… “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုသလို အခုလည်း ငါတို့၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပဲအားလုံး လက်တွဲပြီးကျော်ဖြတ်ကြတာပေါ့။

12/09/2024

ကျွန်တော်တို့ရဲ့ အိမ်အပြန်ခရီးဟာ မနီးသေးသမျှတော့ ⏳

ခရီးသွားရတာ ခုံမင်တဲ့သူ၊ ရေသစ်မြေသစ်တွေမှာ စူးစမ်းရှာဖွေရတာမျိုးတွေနှစ်သက်ပြီး သဘာ၀တရားရဲ့အလှအပတွေကို ဖမ်းယူရ စွဲမက်တတ်သူတစ်ဦးအနေနဲ့ ဒီ Page မှတဆင့် ကျွန်တော် ရောက်ရာကျင်လည်ရာမှာ ကြုံကြိုက်ရသမျှတွေကို ပြန်လည်ခံစားမျှဝေသွားပါရစေ။

ဓါတ်ပုံအနုပညာနဲ့တကွ ကြုံဆုံရကြောင်း စာတိုပတ်စလေးတွေပါထည့်ရေးသွားမှာမို့ ဟိုအရင် ကျွန်တော့်ဓါတ်ပုံအနုပညာတွေကို အားပေးခဲ့ကြသလိုမျိုး အခုလည်းပဲ အားပေးကြပါဦးလို့ 🙏

မပြည့်စုံခြင်းများမှ ပြီးပြည့်စုံခြင်းဆီသို့......

SOE KO OO Photography







07/09/2024
ဖူးခက်၊ Big Buddha အပေါ်ကနေ ဘင်္ဂလားပင်လယ်အော်ဖက်ကို မြင်ရတဲ့ ရှုခင်းအလှ 🏜️
03/09/2024

ဖူးခက်၊ Big Buddha အပေါ်ကနေ ဘင်္ဂလားပင်လယ်အော်ဖက်ကို မြင်ရတဲ့ ရှုခင်းအလှ 🏜️






ကော့စမွေကျွန်းရဲ့ ညနေခင်းအလှ 🍂
02/09/2024

ကော့စမွေကျွန်းရဲ့ ညနေခင်းအလှ 🍂





ที่อยู่

38, 69, Bo Put, District, Chaweng Beach Road
Ko Samui
84320

เบอร์โทรศัพท์

+959781135593

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SOE KO OO Photographyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง SOE KO OO Photography:

แชร์

ประเภท