Roaming Boar Follow the trail of adventure. Let’s Roam with ROAMING BOAR.

Day2မနက်ကျ  ၆ခွဲ ၇ လောက်နိုးတော့ ကိုဆက်က ရေနွေးထတည်ပြီး မီးဖိုခန်းဖွင့်ထားပေးတယ်ကော်ဖီဖျော်ပီး ဗိုက်ဆာလာလို့ တွေ့တဲ့ မာမ...
20/07/2026

Day2
မနက်ကျ ၆ခွဲ ၇ လောက်နိုးတော့ ကိုဆက်က ရေနွေးထတည်ပြီး မီးဖိုခန်းဖွင့်ထားပေးတယ်
ကော်ဖီဖျော်ပီး ဗိုက်ဆာလာလို့ တွေ့တဲ့ မာမားဗူးနဲ့ဘရိတ်ဖတ်ဖရီးကြိတ်ထည့်လိုက်ပြန်တယ်။
Nan မသွားဖြစ်တော့ ကိုစိုင်းရှမ်းဆီဝင်လည်။ သူတို့လဲ Chiang Dao က ဟစ်ပီပွဲ သွားကြမယ်ဆိုတော့ လူစုကြတယ်ပေါ့။ လူစုံတော့ ကိုစိုင်းရှမ်းအိမ်မှာပဲနေ့လည်စာ ကုန်းဆင်းလိုက်တယ် ပြီးတော့စထွက်လာကြတယ်။ လမ်းတွေက အရမ်းမိုက်တယ်။ အကွေ့အကောက်အကျယ်ကြီးတွေနဲ့ တောတောင်ကြားထဲက လမ်းအကောင်းစားကြီးတွေ။ ထုံးစံအတိုင်း ကျွန်တော်မျိုးကအကွေ့အကောက်အားနည်းတော့ နောက်ဆုံးမှာကျန်ကျန်ခဲ့လို့ ကိုယ့်ဆရာတွေ လမ်းမှာ ၂ခါတောင် စောင့်ခေါ်ရရှာတယ် 🤣။အားနာလိုက်တာဗျာ။
အဲ့ဒါနဲ့ ရောက်လာတော့ ဝင်ကြေးက ၃၀၀ ပေးရမာဆိုတော့ အပြင်မှာပဲ ကော်ဖီဝယ်သောက်ရင်း လှမ်းရှိုးကြည့်ပါတယ်။ သူတို့ပုံစံကို တကယ်နားလည်နိုင်တယ်ဆိုရင် စီးမျောလို့ကောင်းမဲ့ပုံပါ။ ကျနော်ကတော့ ကော်ဖီသောက်ရင်းထိုင်ကြည့်နေရတာပဲကြိုက်တယ်။ အခု နောက်တနေရာဆက်သွားဖို့နေရာရှာနေပါတယ်။
ပြီးတော့ တောင်ပေါ်ဖက်က စားသောက်ဆိုင်လေးတခုရောက်လာတယ်။ ရှုခင်းက တအားလှတယ် စျေးလဲသိပ်မများဘူးပြောရမယ်။ ပိုင်ရှင်က Biker ထင်တယ် BMW GS တစီး ရှိုးပြထားတာတွေ့တယ်။ အဲ့မှာစားသောက်ပြီး အိမ်ပြန်ကြတော့ လမ်းမှာ အတွေးများပြီးစိတ်ရှုပ်လာလို့ မဲဆောက်ဖက်ကို တည်ပီးမောင်းချလာတယ်။ ဒါပေမဲ့ စိတ်ပြန်ထိန်းပြီး မြို့ထဲက အထွက်နားကဟိုတယ်မှာပဲ နားလိုက်တယ်။ ညရောက်တော့ ကိုစိုင်းရှမ်းက အိမ်လာခဲ့ဘာညာ လှမ်းပြောတာနဲ့ ကျနော်လဲ ပျင်းပျင်းရှိလို့ ထွက်လာလိုက်တယ်။ ဟိုရောက်တော့ ကိုတီးတီးတို့လဲရောက်လာတာနဲ့ လက်ကျန်ဖြတ်ရင်း ဂစ်တာတီးသီချင်းဆိုကြရင်းနဲ့ ပျော်စရာကောင်းတဲ့ ညလေးတည ဖြတ်သန်းခဲ့ရပါတယ်။သိပ်မသောက်ပေမဲ့ Alcohol Test မိမှာစိုးလို့ ရင်တထိတ်ထိတ်နဲ့ပြန်ခဲ့ရတဲ့ညအမှတ်တရပါပဲ။ နောက်နေ့မနက်ကျ အစောကြီးထပြန်ပါတယ်။ အပြန်ကျ လမ်းမှာ ဒီ Post ထဲကဟာတွေဆက်ဖြစ်ပါတယ် ။>>>> https://m.facebook.com/story.php?story_fbid=122174505302763226&id=61572896794636




ဒါလေးက မရေမရာ  2လပိုင်းတုန်းကသွားထားတာလေးပါ။ ဝရုန်းသုန်းကားဖြစ်သွားတဲ့ Trip လေးမို့ မတင်ဖြစ်လိုက်ဘူး။ တအားကြီး ထွေထွေ ထူ...
20/07/2026

ဒါလေးက မရေမရာ 2လပိုင်းတုန်းကသွားထားတာလေးပါ။ ဝရုန်းသုန်းကားဖြစ်သွားတဲ့ Trip လေးမို့ မတင်ဖြစ်လိုက်ဘူး။ တအားကြီး ထွေထွေ ထူးထူးတော့မရှိပါဘူး၊ ပထမဆုံး Solo Camping လုပ်ဖူးတာရယ် ၊ ဘော်ဒါနဲ့ဘျာလေးသောက်ပြီး ဂစ်တာတီးစိုင်းထီးဆိုင် သီချင်းတွေ မာရဇ္ဇသီချင်းတွေဆို၊ကြယ်တွေ ထိုင်ကြည့် ၊အာလူးဖုတ်ခဲ့တာလေးတွေရယ်က ဘဝရဲ့အမှတ်တရပါပဲ။

Day 1
မနက်(၆)နာရီ ထသွားမို့စီစဉ်ထားပေမဲ့ ဟိုလှည့်ဒီလှည့်နဲ့ 8 နာရီလောက်မှစထွက်ဖြစ်တယ်။Lampang ရောက်တော့ ထမင်းဝင်စား ကော်ဖီဆင်းဝယ်။ ပြီးတော့ဆက်မောင်းလာတော့ 2:11 လောက် ကိုစိန်တို့အိမ်ရောက်တယ်။ ကြက်ဘူးရခိုင်ချက်နဲ့ဘျာတပုလင်း စပြီးဂုန်းဆင်းပါတယ်။ နည်းနည်းပါးပါးအာလူးဖုတ်ပြီး Cloud Coffe Camp ဆက်သွားတယ်ပေါ့။ camp ကိုလာတဲ့လမ်းက တောင်ခြေ ကိုလာရတာဆိုတော့ တော်တော်လှတယ်။ ကော်ဖီဆိုင်တွေလဲအများကြီး။ ကော်ဖီနံ့တောင်သင်းနေသေးတယ်။ ညဘက်ကတော့ ကိုကောင်းဆက်နဲ့ အစ်မ Seng တို့ကျွေးတာလေးတွေဂုန်းဆင်းတယ်။ အမလုပ်ပေးတဲ့မာလာနဲ့ ကိုဆက်ကျွေးတဲ့ Cloud Coffee Camp ရဲ့ မီနူး Grey Pan ကတော့ အရသာရှယ်ပဲ။ ကြယ်တွေထိုင်ကြည့်ကြပါတယ်။ နောက်နေ့ကျ Nan ဖက်ကို ဆက်သွားမဲ့အကြောင်းတွေးရင်း ည ၁နာရီခွဲလောက်မှအိပ်ဖြစ်တယ်။



29/06/2026


14/06/2026

April လတုန်းက Chiang Mai > Mae Sariang > Mae Ramat ရဲ့ လမ်းပိုင်းအနေအထား



25/05/2026

မိုးတွင်းကျရင် ထပ်လာပြီး ရေဆင်းဆော့မယ်😁


05/05/2026

Maesot >Mae U Kho လေး Coming Soon….




Roaming Boar ရဲ့ တပ်သားသစ်လေး             ဒီနှစ်အစမှာပဲ Classic type ပိုးတအားထနေတော့ လိုင်စင်ပါတာထဲက နိုင်နိုင်နင်းနင်းရ...
18/03/2026

Roaming Boar ရဲ့ တပ်သားသစ်လေး
ဒီနှစ်အစမှာပဲ Classic type ပိုးတအားထနေတော့ လိုင်စင်ပါတာထဲက နိုင်နိုင်နင်းနင်းရှိမဲ့ဘီးလေးရှာရင်းနဲ့ Rebel လေးသွားတွေ့တယ်။ အဲ့နဲ့ Marketplace မှာဟိုရှာဒီရှာ Group တွေထဲအတင်းလိုက်လှန်လှောရှာရင်းနဲ့ 40000 အောက် 2 စီး 3 စီးတွေ့တယ်ပေါ့။ လိုလိုမယ်မယ် ဆေ့ထားလိုက်တယ်။ တရက်မနက်ကျ Rebel ပလပ်ပျောက် ဖြူပြာရောင်လေးကိုမှ လက်တင်စီးအနေအထားလေး။ အဲ့လိုနဲ့ကျနောလဲ တတ်သလောက်မှတ်သလောက်သွားမေး။ ဒါပေမဲ့ စကားကမပေါက်နေတော့ အငယ်ကောင်ကိုပဲ အပူကပ်ရတာပဲ။ သူနဲ့ ဖုန်းတွေဘာတွေပြောခိုင်း လိုတာစစ်ခိုင်းပြီးတော့ နောက်နေ့ မနက်ထွက်လာမယ်လို့ လုပ်လိုက်ကြတယ်။ စရံကမတောင်းတော့ မပေးလိုက်ရဘူး။( 500X ဝယ်တုန်းကလဲ စရံမပေးရပါဘူး၊ စကားနဲ့ပဲပြောထားတာ)။
အဲ့လိုနဲ့ ပိုက်ဆံတွေဘာတွေ လဲပြီး မနက် ၆နာရီလောက် ကျနော်နဲ့ကျနော့ညီ ထထွက်ကြတယ်။စထွက်တော့ စာပို့သေးတယ် ထွက်လာပြီဖြစ်ကြောင်း။ ဘီးက Nonthaburi မှာရှိတာ ဆိုတော့ စောစောထွက်ပီးနေ့ချင်းပြန်မယ်ပေါ့။
အဲ့လိုနဲ့ Sing Buri ရောက်တဲ့အချိန် (နေ့လည် ၂နာရီ)လောက်ကျ ဆရာသမားဖုန်းဆက်လာတယ် ဘီးက မနက် ၉ နာရီလောက်ကတည်းက သူများလာဝယ်လို့ရောင်းလိုက်ပြီတဲ့။ ညီကိုနှစ်ယောက် ငုတ်တုတ်မေ့တာပေါ့၊ မောင်းလာတာ ရောက်ဖို့ တနာရီလောက်ပဲလိုတော့တာကိုး။ မတတ်နိုင်ဘူး နှယောက်သား ကော်ဖီဆိုင်ထဲဝင် ဘူဘူနဲ့ပဲ ဘီးထပ်ရှာရတာပေါ့။ အဲ့မှာ အရင်က တေ့ထားတဲ့ဘီးတွေ မေးကြည့်တော့လဲ ရောင်းလိုက်ကုန်ပြီပဲ။ အဲ့နဲ့ ရှာရင်းရှာရင်း ဒီကောင်လေးနဲ့စတွေ့တာပဲ။
ဘီးက Suphan Buri မှာရှိနေတာဆိုတော့ သိပ်မဝေးတော့ဘူး။ သွားကြည့်ကြမယ် ဒီတစီးမှမကြိုက် အဆင်မပြေရင်တော့ပြန်ကြမယ်ကွာဆိုပြီး ဖုန်းဆက်လိုက်တော့ ဘီးက ရှိသေးတယ်။ စျေးလဲမဆိုးတဲ့အနေထာပေါ့၊(မဆိုးရုံလေးပါ)။ ရောက်သွားပြီးဘီးကိုကြည့်လိုက်တော့ ဘီးကတော်တော် ပြန်လုပ်ရမယ်ဆိုတာ မြင်ရတယ် ဆေးတွေ ရှော့ဘားတွေ အစုံပေါ့။ ကောင်းတာဆိုလို့ အင်ဂျင်တပေါက်နဲ့ မီးလိုင်းမှန်တာပဲရှိတယ်။ မယူတော့မလို့လုပ်နေပြီးမှ မထူးပါဘူး ငါလဲ လက်ရည်ပြန်သွေးလို့ရတာပေါ့ကွာဆိုပီး သယ်ချလာတာ။ ဒါလေးကတော့ အဖွဲ့ဝင်သစ်လေး အိမ်ရောက်လာပုံပါ ပဲခင်ဗျ။ လက်ရှိပြန်ဆင်နေတာတော့ တော်တော်လေးပြီးနေပြီ။ မကြာခင် New Baby !!!! New Trip!!!!✌🏻✌🏻


Officer- အင်ဂျင်ပါဝါဘယ်လောက်လဲ Me - 500(471cc)ပါဗျ။ Officer - ဘယ်လောက်မောင်းလာလဲ ..Me - ပျှမ်းမျှ 80/90လောက်ပါပဲဗျ..Offi...
08/02/2026

Officer- အင်ဂျင်ပါဝါဘယ်လောက်လဲ
Me - 500(471cc)ပါဗျ။
Officer - ဘယ်လောက်မောင်းလာလဲ ..
Me - ပျှမ်းမျှ 80/90လောက်ပါပဲဗျ..
Officer - ရော့ ဒီမှာကြည့် …
Me - ဟီးဟီး ….

ထို့နောက်…. 💸💸💸💸💸

27/01/2026

A quite sense of peace..


ที่อยู่

Mae Sot District

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Roaming Boarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์