06/08/2026
Not For Thanks — အမှတ်တရ
တစ်ချို့အမှတ်တရတွေက ဓာတ်ပုံတစ်ပုံထဲမှာပဲ မကျန်ခဲ့ဘူး...
နှလုံးသားထဲမှာပါ အမြဲတမ်းရှင်သန်နေခဲ့တယ်။
Not For Thanks ဆိုတဲ့ နာမည်အောက်မှာ...
ကျေးဇူးတင်ခံဖို့မဟုတ်ဘဲ လိုအပ်နေတဲ့သူတွေအတွက် လက်ကမ်းပေးဖို့ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ စုစည်းခဲ့ကြတဲ့ လူငယ်တွေတချိန်ကရှိခဲ့ကြတယ် ။
သူငယ်ချင်းတွေ၊ အစ်ကိုတွေ ဦးဆောင်ပြီး... အလှူတွေ အတူလုပ်ခဲ့ကြတယ်။ တကယ်လိုအပ်တဲ့နေရာတွေ
ရေဘေးတွေဖြစ်လို့ အဲတုန်းကရေဘေးအရေးပေါ်ဖြစ်တဲ့နေရာတိုင်းမှာ လူငယ်တွေပီပီ အားအင်အပြည့်နဲ့ ပြေးလွှားကူညီခဲ့ကြတယ်။ ပင်ပန်းခဲ့ပေမယ့် အပြုံးတွေမပျောက်ခဲ့ဘူး။ ငွေအများကြီး မရှိခဲ့ပေမယ့် မျှဝေပေးချင်တဲ့စိတ်ကတော့ အပြည့်ရှိခဲ့တယ်။
အခုတော့... အဲဒီနေ့တွေက အမှတ်တရတွေ ဖြစ်သွားခဲ့ပြီ။ ဓာတ်ပုံထဲက မျက်နှာတစ်ခုချင်းစီကို ကြည့်ရင်း... "အခုချိန်မှာ ဘယ်သူက ဘာတွေလုပ်နေကြမလဲ..." "ဘယ်သူတွေ မိသားစုဘဝကို တည်ဆောက်နေကြမလဲ..." "ဘယ်သူတွေ အိပ်မက်တွေနောက်ကို လိုက်နေကြမလဲ..." ဆိုတဲ့ အတွေးတွေ အလိုလိုဝင်လာမိတယ်။
ဒီအခုလည်း ရေဘေးဒဏ်ကို ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိသလို... တစ်ချိန်က အတူတူ ရေဘေးကူညီခဲ့ကြတဲ့ Not For Thanks မိသားစုဝင်တွေကိုလည်း ပိုပြီး သတိရမိတယ်။
ဘယ်နေရာမှာပဲ ရှိရှိ... အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာကြပါစေ။ ဒီရေဘေးကာလမှာလည်း ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရသူတွေကို ဘေးကင်းစွာ စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
အချိန်တွေ ပြောင်းသွားပေမယ့်... စိတ်ကောင်းစေတနာနဲ့ တည်ဆောက်ခဲ့တဲ့ Not For Thanks ဆိုတဲ့ မိသားစုလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။
"Once Not For Thanks, Always Not For Thanks." ❤️
#ပရဟိတ #အမှတ်တရ #ရေဘေးကူညီမှု #မိတ်ဆွေများ #လွမ်းမိပါတယ်