23/07/2026
Comment တွေမှာလေ အနားမှာခေါ်ထားပါလား ဘာလို့ထားခဲ့တာလည်းမန့်ထားတဲ့ဟာလေးတွေတွေ့လို့
ခွဲစိတ်ထားရတာမို့ဆရာဝန်အနီးကပ်စောင့်ကြည့်ဖို့လိုအပ်တာမို့ ထားခဲ့ရပါတယ်
အိမ်ပြန်ခေါ်လာရင် ကျမကဆရာဝန်မဟုတ်တော့ခလေးတခုခုဖြစ်ရင်ဘာမှမလုပ်ပေးနိုင်ပါဆေးခန်းနဲ့အိမ်နဲ့ကလည်းမိနစ်၃၀ လောက်မောင်းရပါတယ် ဆေးခန်းမှာကဆရာဝန်တွေရောnurse တွေရော၂၄ နာရီစောင့်ကြည့်နေတာမို့တတ်ကျွမ်းနားလည်တဲ့သူနဲ့နေရင်ပိုစိတ်ချရပါတယ်
ဆေးခန်းရောက်တာနဲ့ တခါတည်းခေါ်သွားတာပေးတောင်မတွေ့ပါဘူး သူတို့၃ ရက်အနီးကပ်စောင့်ကြည့်မယ် ဆီးသွားနိုင်ပီးလား သက်သာလားဆိုတာကို လုံးဝသက်သာပီးအခြေနေကောင်းမှ ပိုင်ရှင်လက်ထဲပြန်ထည့်ပေးမှာပါ
မနက်ဖြန်တော့ရအောင်သွားတွေ့မှာပါတွေ့ပီးခလေးရဲ့update ကိုထပ်တင်ပေးပါ့မယ် ဆေးခန်းကမြန်မာပြည်မှာမဟုတ်ပါ ထိုင်းမှာပါရှင့်
စိတ်ပူပီးဆုတောင်းပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ဒီလိုအချ်န်မှာ မလိုအပ်တဲ့စာတွေမမန့်ဖို့လည်းကြိုတောင်းပန်ပါတယ် ချစ်ပေးတဲ့သူအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင့်🤎