22/06/2022
မန္တလေး သိပ္ပံလမ်းမပေါ်ရှိ နိုဘယ်လ်စင်တင်တေးဂီတဆိုင် မီးလောင်မှုဖြစ်ပွား
မန္တာလေး၊ ဇွန် ၂၂
မန္တလေးမြို့၊ သိပ္ပံလမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် နိုဘယ်လ်စင်တင် တေးဂီတဆိုင်တွင် ဒီကနေ့ ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၇၃×၇၄ လမ်း၊ သိပ္ပံလမ်း၊ (က.ည.န) ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားသည့် နိုဘယ်လ်စင်တင်တေးဂီတဆိုင်တွင် ဒီကနေ့ ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြဝတီ&မဲဆောက်မီဒီယာမှ အသေးစိတ်သတင်းအချက်အလက်များ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
PDF Channel