Liyanar

Liyanar Sunlight Beauty

31/01/2022

ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီး
စိတ်ပျက်စရာကောင်းသွားမှာ။

ကျွန်တော် မချစ်တဲ့သူတွေအတွက်တော့ ကျွန်တော်က
အရမ်းကောင်းတယ်။ ကျွန်တော်ချစ်တဲ့သူတွေ အတွက်တော့
ကျွန်တော်က ဆိုးပါတယ်။

ကျွန်တော်က အတ္တသိပ်ကြီးတယ်။
ဒေါသထွက် လွယ်တယ်။
သ၀န်အရမ်း တိုတယ်။
အရမ်းအတွေးလွန်တတ်တယ်။
တစ်ခုခုဆို သေးသေးမွှားမွှားလေးကအစ တွေးပြီး
၀မ်းနည်းတတ်သေးတယ်။

Nicknameလေးပြောင်းသွားတာမျိုး Emojiiလေးတစ်ခုပြောင်းသွားတာမျိုးဆိုရင်တောင် ဘာလို့ပြောင်းတာလဲ ဘာလ်ိုလဲဆိုတဲ့မေးခွန်းတွေနဲ့ တစ်ယောက်ထဲ စိတ်ပင်ပန်းနေတတ်တဲ့သူမျိုး။

တစ်ခါတစ်လေဆို ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်ဘူး။
Strong ဖြစ်ပါတယ်လို့ကိုယ်ကိုကိုယ်ခံယူထားလဲ
ဟန်ဆောင်နေရုံသက်သက်ပဲ။

စိတ်ပျော့လွန်းတယ်။
အဲ့တာကြောင့်ပဲ မပျော်ရတာများတယ်။
တစ်ယောက်ထဲ ပင်ပန်းရတာများတယ်. . . . ။

***ppt***.·´¯`(>▂

16/12/2021

ဘေးကင်းကြပါစေ


09/12/2021

မနက်ဖြန်၁၀ ရက်နေ့မှာ

Pf အမဲ / Cv အမဲ / My day အမဲ

အကုန်ချိန်းပေးကြပါ

ကျေးဇူးပြု၍🙏

စစ်ကောင်စီတပ်စွဲထားတဲ့ ဂေါ့အင်းရွာမှာ ဗုံးပေါက်ပြီး ကိုးတန်းကျောင်းသူတစ်ဦး သေဆုံး တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၉ စစ်ကောင်...
09/12/2021

စစ်ကောင်စီတပ်စွဲထားတဲ့ ဂေါ့အင်းရွာမှာ ဗုံးပေါက်ပြီး ကိုးတန်းကျောင်းသူတစ်ဦး သေဆုံး

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၉

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းကျေးရွာမှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ဗုံးပေါက်ကွဲပြီး နဝမတန်း ကျောင်းသူ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဂေါ့အင်းကျေးရွာတံတားအနီးက နေအိမ်ထဲကို ဗုံးပစ်သွင်းခံရတာဖြစ်ပြီး ဒဏ်ရာရသွားတဲ့ အဲဒီကျောင်းသူကို ထားဝယ်ဆေးရုံတင်ပို့ခဲ့သေးတယ်လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်

“ဆေးရုံက သေပြီးပြန်ချလာတယ်။ ရွာကလူတွေ သူတို့အိမ်မှာ နာရေးသတင်းသွားမေးနေကြတယ်” လို့
အဲဒီဒေသခံက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ စစ်ကောင်စီသတင်းပေး ဒလန်အိမ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ကတော့ အဲဒီဗုံးပေါက်မှုဟာ သူတို့နဲ့ လုံးဝသက်ဆိုင်မူမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Tmes

သေဆုံးခဲ့တဲ့ နဝမတန်းကျောင်းသူ။

08/12/2021

မိတ္ထီလာတွင် ဆိုင်ကယ်စီးလာသူ ၂ ဦးကို အကြမ်းဖက်စစ်သားများက ရပ်ခိုင်းပြီး လက်မြှောက်ထားသူကို သေနတ်နှင့် တေ့ ပစ်

ရန်ကုန်၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အ.ထ.က ၂ ကျောင်းအရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်၌ ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ရပ်တန့်ခိုင်းပြီး အနောက်တွင် ထိုင်စီးလာသူက ဆင်းပြီး လက်မြှောက်ထားစဉ် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

"ညနေ ၄ နာရီ ၁၅ မိနစ်မှာ အ.ထ.က ၂ ကျောင်းရှေ့မှာ စစ်ခွေးတွေက ရှိနေတယ်၊ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးလာတာကို ရပ်ခိုင်းတယ်။အနောက်ကလူက ဆင်းပြီးလက်မြှောက်ထားတာ၊ ဆိုင်ကယ်မောင်းတဲ့ ၁ ယောက်က ကြောက်လန့်ပြီး မောင်းပြေးသွားတယ်။ အဲဒီမှာ ဆိုင်ကယ်ပေါ်က ဆင်းပြီး လက်မြှောက်ထားတဲ့ ၁ ယောက်ကိုဗျာ သေနတ်နဲ့ တေ့ ပစ်တာ၊ သေပြီလို့ ထင်တယ်" ဟု အဆိုပါ မျက်မြင်တွေ့ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

နောက်ဆက်တွဲဖြစ်စဉ်အား ဆက်လက်စုံစမ်းလျှက်ရှိသည်။

ဓါတ်ပုံ - မိတ္ထီလာတွင် လမ်းသွားလမ်းလာများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

08/12/2021

ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းတွင် PDF က ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅၀ သေဆုံးပြီး စစ်ရဟတ်ယာဉ် အသုံးပြု ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က ယနေ့ တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း CDF က ပြောသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက် နေ့ နံနက်၇ နာရီ၃၀ မိနစ်မှစ၍ ၈ နာရီ ၃၀ အထိ ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာသဖြင့် CDF Kanpetlet နှင့်တိုက်ပွဲ ၁နာရီကြာဖြစ်ပွားခဲ့ကြောင်း‌၊တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် အောင်စည်မြေကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ရှိ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၃ ဘက် ၃ တန်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးကြောင်း ဒီပဲယင်း PDF သတင်းရင်းမြစ်က ပြောသည်။

"စစ်တပ်က အင်အား ၁၀၀ နဲ့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ၃ ဘက်ပိတ်ဆို့တိုက်တာပါ။ သူတို့ဘက်က ၅၀ နဲ့ ၆၀ ကြား သေတယ်။ အဲဒါ စစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်လို့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ကျနော်တို့ဘက်က ၂ ဦးကျဆုံးပါတယ်" ဟု ဒီပဲယင်းသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ဒီပဲယင်းတွင် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ကန်ပက်လက်တွင် ယနေ့ CDF လက်ချက်ဖြင့် သေဆုံးနေသော အကြမ်းဖက် စစ်သားတစ်ဦး။

Photo Credit- CDF

08/12/2021

Breaking news ❗❗

စစ်သား အယောက် (၄၀) ခန့် ပါလာသော စစ်ကား (၂) စီးကို မြိုင်-PDF မှမိုင်း (၁၂) လုံးဆွဲလိုက်တာကြောင့်ကား (၁) စီး ဆိုးဝါးစွာပျက်စီးသည်လို့သိရပါတယ်။

စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု့များတယ်လို့သိရပြီး PDFဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်တယ်လို့
သိရပါတယ်။

16/11/2021

အဆင်ပြေပါတယ်🤣

Address

Kyiv

Website

Alerts

Be the first to know and let us send you an email when Liyanar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share